စစ်တမ်းကောက်ချက်အသစ်အရ ဂျပန်အမျိုးသမီး ၂၅ရာခိုင်နှုန်းဟာ ချစ်သူနဲ့တွေ့ဆုံတဲ့အချိန်မှာ အိပ်ပျော်သွားကြောင်းတွေ့ရှိ

ဂျပန်နိုင်ငံရဲ့ စစ်တမ်းကောက်ချက်အသစ်အရ ဂျပန်အမျိုးသမီးလေးယောက်မှာတစ်ယောက်ဟာ ချစ်သူနဲ့တွေ့ဆုံချိန်မှာအိပ်ပျော်သွားတတ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ဘာလို့လဲဆိုရင် ဂျပန် အမျိုးသမီးတွေက အလုပ်မှာအရမ်းပင်ပန်းတာကြောင့် အလုပ်ကအပြန်ချစ်သူနဲ့ တွေ့ဆုံချိန်မှာ အိပ်ပျော်သွားကြတာဖြစ်ပါတယ်။

အသက် ၂၀နဲ့၄၀ကြားအမျိုးသမီးတွေကို စမ်းသပ်တဲ့အခါမှာလည်း ၂၅ရာခိုင်နှုန်းလောက်က ချစ်သူနဲ့တွေ့ဆုံချိန်မှာအိပ်ပျော်သွားကြောင်းတွေ့ရှိရပါတယ်။၆၀ရာခိုင်နှုန်းအထက်အမျိုးသမီးတွေဟာလည်း သူတို့ချစ်သူနဲ့တွေ့ဆုံတဲ့အချိန်မှာအိပ်မပျော်ပေမဲ့ စိတ်ရွှင်လန်းမှုမရှိဘူးလို့ပြည်ပမီဒီယာ တစ်ခုကနေဖော်ပြထားပါတယ်။

ဂျပန်လူမျိုးတွေကအရမ်းအလုပ်ကြိုးစားတဲ့သူတွေဖြစ်သလိုသူတို့ရဲ့ အလုပ်ချိန်ကလည်း အရမ်းများပါတယ်။ကျန်းမာရေးအခြေအနေကိုတောင်ထိခိုက်ပြီးလူသေဆုံးမှုအထိဖြစ်ခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။၂၀၁၃၊ဇူလိုင်လတုန်းက ဂျာနယ်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Miwa Sado ဟာ တစ်လကို ၂ရက်ပဲနားပြီးအချိန်ပိုဆင်းချိန်ဟာ ၁၅၉နာရီ ရှိနေ တာကြောင့်နှလုံးအားနည်းပြီးသေဆုံးသွားခဲ့ပါတယ်။ဒါအပြင့် မတ်လတုန်းက Naruto ရုပ်ရှင်ထုတ်လုပ်ရေးမှာအလုပ်လုပ်တဲ့ အနုပညာဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kazunori Mizuno ဟာလည်းအလုပ်ချိန်များပြားတာကြောင့် အိပ်ပျော်နေရင်းသေဆုံးသွားခဲ့တယ် လို့သိရပါတယ်။

အနားယူချိန်နဲ့အလုပ်လုပ်ချိန်မမျှတတဲ့အခါ အချိန်တွေကြာလာရင်ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။အဲ့ဒါကြောင့် ချစ်သူရှိတဲ့အမျိုးသမီးတွေဟာလည်း အလုပ်မှာပင်ပန်းပြီး ချစ်သူနဲ့တွေ့ဆုံတဲ့အခါ အိပ်ပျော်သွားတတ်တယ်လို့စစ်တမ်းတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ လ့လာချက်အသစ်ဖြစ်တာကြောင့် မကြာခင်ဒီအခြေအနေကို ဖြေရှင်းနိုင်လိမ့်မယ်လို့အင်တာနက် သုံးစွဲသူတွေက ယူဆထားကြပါတယ်။

 

 

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.