အရင်ကထက် ယုံကြည်မှုပိုရှိလာစေဖို့ လွယ်ကူရိုးရှင်းတဲ့ အသားရည်ထိန်းသိမ်းနည်း

မိန်းမမှန်ရင် လှချင်မှာပဲနော်။ ရုပ်မချောရင်တောင် ကြည့်လိုက်တာနဲ့ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံမျိုးက အထာကျတယ်။ ကြည့်ကောင်းအောင်ဆိုပြီး ပိုက်ဆံတွေအများကြီးအကုန်ကျခံစရာမလိုဘူး။ အထူးသဖြင့် သင်ဟာ အလှအပအတွက်အချိန်သိပ်မပေးနိုင်သူဆိုရင် ဒီနည်းလမ်းတွေနဲ့အံ့ကိုက်ပါပဲ။

ဆန်ဆေးရည်


လေ့လာမှုများအရ ဆန်ဆေးရည်ဟာ အသားရေကို အလွန်အထောက်ကူပြုတယ်လို့သိရပါတယ်။ အမည်းစက်တွေ ၊ အဆီပြန်တာတွေကို သက်သာစေတယ်။ မျက်နှာသစ်တိုင်း ဆန်ဆေးရည်လေးနဲ့ တစ်ပတ်လောက် သစ်ပေးကြည့်ပါ။ အသားရေချောလာပြီး ကြည်လင်လာတာတွေ့ရပါလိမ့်မယ်။

လက်ဖက်ခြောက်ထုတ်


လက်ဖက်ခြောက်ထုတ်တွေကို လွှင့်မပစ်ပါနဲ့။ မျက်အိတ်ဖောင်းရင်
ညအိပ်ရာဝင်တိုင်း လက်ဖက်ခြောက်ထုတ်လေးနဲ့ ၅မိနစ်လောက်
ကပ်ပေးပါ။ တစ်ပတ်လောက်ဆို ထူးခြားလာပါလိမ့်မယ်။

မျက်ကွင်းညိုရင်


မျက်ကွင်းညိုရင် သင့်မျက်လုံးအောက်ကို အအေးခံထားတဲ့ စတီဇွန်းနဲ့
ကပ်ပေးပါ။ ဟိုးနှစ်ပေါင်းများစွာထဲကသုံးလာတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး
အသားရေအပူချိန်နဲ့ မျက်ကွင်းညိုတာတွေကို လျော့ကျစေပါတယ်။

ငှက်ပျောသီးခွံ


ငှက်ပျောသီးခွံက အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ ကပ်နေတဲ့ဖုံမှုန့်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီးတော့ သူ့မှာ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် စီဓာတ်တွေပါဝင်တဲ့အတွက် အသားရေအတွက် တကယ်အထောက်ပြုကူနိုင်ပါတယ်။

မျက်တောင်ကော့တံ


မသုံးတော့တဲ့ မျက်တောင်ကော့တံနဲ့ ဆံပင်ဖြူတွေ ဆေးဆိုးလို့ရတယ်ဆိုတာသင်သိပါသလား ?

နွားနို့


နို့က သင့်အသားရည်ကို ဖြူဝင်းစေပါတယ်။ မိတ်ကပ်ဖျက်တဲ့နေရာမှာလည်း အသုံးပြုနိုင်သလို အသားရည်ကိုကြည်လင်တောက်ပြောင်စေပါတယ်။

738 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.