ကိုယ့်အတွက်သေချာတဲ့လူတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းက ထိုက်တန်ရဲ့လား?

ခိုင်မာတဲ့ relationship တစ်ခုတည်ဆောက်ဖို့ ဘာလို့ဒီလောက်ခက်ခဲရတာလဲ ? လူတွေက ချစ်ပုံချစ်နည်းကို မေ့လျော့နေကြတာများလား?ဒါမှမဟုတ် အခုထိ အချစ်ဆိုတာ ဘာမှန်းသေချာမသိကြသေးတာများလား?

သေချာတာကတော့ ကြောက်လန့်နေမိတယ်.. အငြင်းခံရမှာ ၊ နာကျင်ရမှာ၊ ကိုယ်ချစ်တဲ့လူက အရူးလုပ်သွားမှာကို ကြောက်လန့်နေမိကြတယ်။ နာကျင်မှုတွေအတွက်အဆင်သင့်မဖြစ်သေးလို့ လူတွေဟာ ချစ်ဖို့ကို ကြောက်ရွံ့နေမိတယ်။ အချစ်နဲ့ကပ်ပါလာတဲ့ ကြောက်ရွံ့ခြင်းကို လူတွေကမကျော်လွှားနိုင်သေးဘူး။

အရာရာတိုင်းကို လွယ်လွယ်လေးပဲရချင်နေတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံချင်စိတ်ကို မပြင်ဆင်နိုင်သေးဘူး။ နားလည်ပေးဖို့ မကြိုးစားချင်ဘူး ဒါပေမယ့် ကိုယ့်ကိုတော့ သူများနားလည်ပေးတာလိုချင်ပြန်တယ်။ ကိုယ်နာတာပဲ ကိုယ်သိကြတယ်။ ကိုယ်နဲ့အဆင်ပြေမယ့်အရာကိုပဲ လိုချင်တယ်.. အခြားလူပျော်ရွှင်မှုကို ထည့်မတွက်ဘူး.. ကိုယ့်လိုအပ်ချက်ကိုပဲ ကိုယ်မြင်တယ်။

လူတိုင်းက အချစ်ခံချင်တယ်။ ဒါပေမယ့် အချိန်တွေ၊ ပေးဆပ်မှုတွေကို မရင်းနှီးချင်ပြန်ဘူး။ ခိုင်မာတဲ့ relationship တစ်ခုရဖို့အတွက် ကြိုးစားအားထုတ်မှုတွေမလုပ်ချင်တော့ဘူး။ လုံခြုံတဲ့ဘက်အခြမ်းမှာပဲနေချင်ကြတယ်။ လွယ်လွယ်နဲ့မယုံကြည်ချင်တော့ဘူး.. ဒီခေတ်အနေထားနဲ့ လွယ်လွယ်ယုံလို့လည်းမရတော့ဘူး။ ဒါပေမယ့် ယုံသင့်ယုံထိုက်တဲ့ လူအချို့ရှိနေသေးတယ်။

အချစ်ဆိုတာ ပေးဆပ်မှုပါပဲ။ အချစ်ထဲမှာ သူငယ်ချင်းအချစ်၊ ညီအစ်ကိုမောင်နှမ အချစ်၊ မိဘနဲ့သားသမီး အချစ်၊ ဆရာနဲ့ တပည့်အချစ် …များစွာပါဝင်ပါတယ်။ ချစ်ရင် ပေးဆပ်ရမယ်.. အချိန်၊ အားထုတ်မှု အရာရာပါပဲ။ အချစ်စစ်မှာ ဘာမျှော်လင့်ချက်မှမရှိဘူး။ ပေးဆပ်နေရရင်ကို
ကျေနပ်တယ်။ နောက်တစ်ခု အချစ်မှာ ယုံကြည်မှုပါတယ်။ ဘယ်လောက်ပဲချစ်ချစ် ယုံကြည်နားလည်မှုဆိုတာ မရှိရင် ဆားမပါတဲ့ဟင်းတစ်ခွက်လိုပဲ.. ပေါ့ရွှတ်ရွှတ်နိုင်တယ်။

နောက်ပြီး အချစ်မှာ စွန့်လွှတ်ခြင်းတွေပါနေပြန်တယ်။ နာကျင်မှုဆိုတာ အချစ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ။ နာကျင်မှုကိုလက်မခံနိုင်သရွေ့ အချစ်စစ်ကိုတွေ့ရှိဦးမှာမဟုတ်ဘူးလို့ ထင်တယ်။ လူတစ်ယောက်အပေါ်ချစ်ခြင်းက ခံစားချက်တွေနဲ့ပဲ အခြေခံလို့မဖြစ်သေးဘူး။ ဘာလို့ဆို ခံစားချက်တွေဟာ ပြောင်းပြန်ဖြစ်နေတတ်တယ်။ သိစိတ်နဲ့ မသိစိတ်လိုမျိုးပေါ့။ စောင့်ဆိုင်းပါ..မလောပါနဲ့။ သင်နဲ့ထိုက်တန်တဲလူ အချိန်တန်ရင် သင့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပါလိမ့်မယ်။
ကိုယ့်အတွက်သေချာတဲ့လူတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းဟာ ထိုက်တန်ပါတယ်။

9K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.