ချစ်သူတွေဖြစ်နေကြောင်းအတည်ပြုပြောကြားခဲ့တဲ့ Seo In Guk နဲ့ Park Bo Ram

တောင်ကိုရီးယားအဆိုတော်မင်းသားချော Seo In Guk ဟာ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Park Bo Ram နဲ့ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုလိုက်တယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်ဟာ Superstsar K Talent ရှိုးအစီအစဉ်ကနေစပြီး နာမည်ကျော်ကြားခဲ့သူတွေဖြစ်ပါတယ်။

သူတို့နှစ်ယောက်တွဲနေတယ်လို့သတင်းထွက်လာခဲ့ပြီးမကြာခင်မှာပဲ မင်းသား Seo In Guk ရဲ့ အေဂျင်စီဖြစ်တဲ့ BS ကုမ္ပဏီက “Seo In Guk နဲ့ Park Bo Ram တို့တွဲနေတယ်ဆိုတာမှန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မင်းသား Seo In Gukနဲ့ Park Bo Ram တို့က တွဲနေကြတာ တစ်နှစ်နဲ့ခြောက်လတောင်ရှိပါပြီ။ သူတို့နှစ်ယောက်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်က “သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းဂရုစိုက်ကြပါတယ်။ Seo In Gukက သူ ပင်ပန်းတဲ့အချိန်မှာတောင် သူ့ရဲ့ မိန်းကလေးအတွက်အရမ်းစဉ်းစားပေးပါတယ်။သူက “Bo Ramမှာ အခက်အခဲတွေဖြတ်ကျော်ရတဲ့အချိန်တွေရှိတယ်။ အဲ့ဒါကြောင့်သူမအားအင်ဖြစ်အောင် ငါအနားမှာရှိနေသင့်တယ်”လို့ ပြောခဲ့ဖူးပါတယ်။သူမ ဘယ်အချိန်ပဲခေါ်ခေါ်သူက အမြဲတမ်းရောက်အောင်သွားတဲ့ ချစ်သူကောင်းတစ်ယောက်ပါ။အားလုံးကလည်းသူတို့ရဲ့ ချစ်သူဆက်ဆံရေးကို အားပေးဖို့မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Park Bo Ram ရဲ့ အေဂျင်စီဖြစ်တဲ့ CJ E&M ကုမ္ပဏီကတော့ “သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး နောက်ထပ်သတင်းသစ်တွေကို စောင့်ကြည့်ပါဦး “လို့ပဲပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက်အမြဲဂရုစိုက်အားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလက Park Bo Ram ရဲ့ အမေဆုံးပါးသွားတဲ့အချိန်မှာလည်း Seo In Gukက အနားမှာအမြဲရှိနေပေးခဲ့တယ်လို့သိရပါတယ်။

 

 

812 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.