၁။Luo Li Rong ဆိုတဲ့အမျိုးသမီးကဖန်တီးခဲ့တာပါ။အရမ်းအသေးစိတ်ကျပြီး အသက်ရှုမှားလောက်စရာ အမျိုးသမီးရုပ်ထုပါပဲ။
၂။Richard Stainthorp ဆိုသူက သတ္တုဝိုင်ယာကြိုးတွေနဲ့ ဖန်တီးခဲ့တာပါ။ဝိုင်ယာကြိုးတွေနဲ့ အလုပ်လုပ်ရတာက ဥာဏ်စမ်းတစ်ပုဒ်ဖြေနေရသလိုပါပဲ။ ဒါပေမဲ့သူဒီအလုပ် ကိုနှစ်သက်ပါတယ်တဲ့။ဝိုင်ယာကြိုးတွေနဲ့ အမျိုးသမီးကောက်ကြောင်းအလှကိုပုံဖော်ထားတာ တကယ်ကိုလှပပါတယ်။
၃။ဒီရုပ်ထုကိုတော့ အီတလီလူမျိုး Vittorio Tessaro ဆိုသူက ဖန်တီးခဲ့တာပါ။
၎။အမေရိကန်လူမျိုးရုပ်ထုပညာရှင် Benjamin Matthew Victor ဆိုသူက ဖန်တီးထားတာပါ။သူ့ရဲ့ ရုပ်ထုဟာ အသေးစိတ်ကျပြီးတကယ့်သက်ရှိပုံစံအတိုင်းပဲဆိုတာ မြင်ရုံနဲ့သိနိုင်ပါတယ်။
၅။Karen Cusolito ဆိုသူက ဒီလိုကြီးမားတဲ့အမျိုးသမီးရုပ်ထုကို စတီးတွေနဲ့လုပ်ထားခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံပေါ်အောင်စတီးကြိုးတွေနဲ့လုပ်ရတာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ သူကတော့ အားလုံးကိုအံ့သြမင်သက်အောင် လုပ်ပြနိုင်ခဲ့တဲ့ရုပ်ထုပညာရှင်တစ်ယောက်ပါပဲ။
၆။Antonio Corradini ဆိုတဲ့ရုပ်ထုပညာရှင်ကဖန်တီးခဲ့တာပါ။သူဟာ စလင်းကျောက်၊ သလင်းကျောက်တွေနဲ့ရုပ်ထုကိုအကောင်းမွန်ဆုံး၊အပြောင်မြောက်ဆုံးထုလုပ်ပေးတဲ့နေရာမှာ နာမည်ကျော်ကြားသူတစ်ယောက်ပါ။သူ့ရဲ့ ရုပ်ထုကလည်း အ၀တ်အစားဖုံးကွယ်ထားပေမဲ့ လှပမှုတွေအထင်းသားပေါ်လွင်အောင်ထုလုပ်ထားတာကိုမြင်တွေ့ရပါတယ်။