ဂြိုဟ် ၅လုံးပေါ်မှာ ရေရှိတယ်ဆိုတဲ့ အရိပ်အယောင်ရှိကြောင်းကို နာဆာရဲ့ ဟက်ဘယ်လ် အာကာသ အဝေးကြည့်မှန်ပြောင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာအပြင် တခြားဂြိုဟ်တွေမှာ သက်ရှိတွေရှိနေနိုင်မယ့် အရိပ်အယောင်ကို သိပ္ပံပညာရှင်တွေ ရုန်းကန်ရှာဖွေနေခဲတာ နှစ်တစ်ရာ ကျော်ပါပြီ။ ဒီအချိန်မှာတော့ ရပ်ခြားဂြိုဟ် ၅လုံးကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုထဲမှာ ရေရှိနေနိုင်တဲ့ အရိပ်အယောင်ကို နာဆာက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကျွန်တော်တို့နေထိုင်ရာ နို့နှစ်ရောင်လမ်း ဂလက်ဆီပြင်ပ မှာရှိတဲ့ ရပ်ခြားဂြိုဟ် ၅လုံးမှာ ရေရှိနိုင်တဲ့ အရိပ်အယောင်ကို အားကောင်းလှတဲ့ ဟက်ဘယ်လ် အာကာသအဝေးကြည့် မှန်ပြောင်းကိုသုံးပြီး သိပ္ပံပညာရှင်တွေဟာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂ရက်နေ့မှာ အမေရိကန် အာကာသအစိုးရဋ္ဌာန ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
Ref:scienceworldreport
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။