ပွေ့ဖက်ခြင်းဖြင့် သက်ရှည်ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်

လောကမှာလူတိုင်း ကျန်းမာပျော်ရွှင်ပြီး အချိန်တွေအကြာကြီးနေချင်ကြပါတယ်။ ဆေးဝါးတွေလောက်ကာ ခဏတာရောဂါတွေကိုပဲကာကွယ်ပေးနိုင်ပါတယ်။ အမြဲတမ်းကျန်းမာပြီး ပေါ့ပါးလန်းဆန်းနိုင်မယ့် နေထိုင်မှုဘဝပုံစံရဲ့ အဓိကသော့ချက်တွေကိုဖော်ပြပေးသွားပါမယ်။ အံ့သြစရာကောင်းပြီး အခုထိအကျိုးသက်ရောက်မှုရှိတဲ့ အသက်ရှည်ရှည်နေထိုင်နိုင်မယ့် အဓိကလျှို့ဝှက်ချက်ကို
ကမ္ဘာ့အကောင်းဆုံး ကင်ဆာ ဒေါက်တာ David Agus က ပြောပြခဲ့ပါတယ်။ The Daily Mail UK သတင်းက သူ့ရဲ့ဆောင်းပါးကိုအခြေခံပြီး အဓိကအကြောင်းအရာလေးတွေ ဝေမျှလိုက်ပါတယ်။

နေ့တိုင်း ပွေ့ဖက်ပါ


ဟုတ် ..မဟုတ်သိချင်ရင်..စမ်းကြည့်ပါ။ ပွေ့ဖက်ခြင်းက နှလုံးအားကောင်းစေပြီး ကိုလက်စထရောနဲ့ သွေးဖိအားတွေလျော့ကျစေပါတယ်။ ဦးနှောက်မှတ်ဥာဏ်တွေပွင့်ထွက်လာပြီး မှတ်နိုင်စွမ်းအားတွေပိုကောင်းလာစေပါတယ်။

အကောင်းမြင်ပါ


အကောင်းမြင်ခြင်းက သင့်ကိုကျန်းမာသန်စွမ်းတဲ့ဘဝပိုင်ဆိုင်နိုင်အောင်
ကူညီပေးနိုင်တယ်တဲ့။ ကြိုးစားကြည့်ပါ.. အသေးအမွှား အရေးမကြီးတဲ့
ကိစ္စတွေကို လစ်လျုရှုလာနိုင်ပါလိမ့်မယ်။ အနည်ထိုင်နေတဲ့စိတ်တွေ
ကြည်လင်ပြတ်သားလာပါလိမ့်မယ်။ ကျန်းမာရေးက စိတ်နဲ့လည်းဆိုင်တာ
ကြောင့် စိတ်ပိုင်းဆိုင်ရာက ပေါ့ပါးနေဖို့လိုပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ


အိပ်ရေးမဝလို့ ကိုယ်ခံအားနည်းနေချိန် အမျိုးမျိုးသော ရောဂါပိုးတွေ
ခန္ဓာကိုယ်ထဲဝင်နိုင်ပါတယ်။ နေမကောင်းမဖြစ်ရင်တောင်
မှတ်ဥာဏ်ပျောက်ဆုံးခြင်း ၊ စိတ်ရှုပ်ထွေးခြင်း ၊ ဝလာခြင်း၊ စိတ်ကျရောဂါ
ဖြစ်ခြင်း၊ အကြောင်းရာသစ်တွေ မသင်ယူနိုင်တော့ခြင်း နှလုံးသွေးကြော
ဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အိပ်ရေး ဝအောင်အိပ်ပါ။

နေ့တိုင်း လမ်းလျှောက်


JaMa Internal Medicine က လေ့လာချက်အရ အပတ်တိုင်းမိနစ်ပေါင်း ၄၅ဝလမ်းလျှောက်ပေးခြင်းက အသက်ရှည်စေတယ်တဲ့။ တစ်နေ့ တစ်နာရီ လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း ခန္ဓာကိယ်သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်လက်ပေါ့ပါးစေပါတယ်။

220 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.