ဆောင်းတွင်းမှာ နှာခေါင်းပိတ်၊နှာစေးဖြစ်တာတွေအတွက် အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်း ၂ခု

ဆောင်းတွင်းဝင်ပြီဆိုတော့ နှာစေး၊အအေးမိတာတွေဖြစ်လာတော့မှာနော်။ဒါပေမဲ့ လန့်စရာ မလိုပါဘူး။နှာစေးတာ၊နှာခေါင်းပိတ်တာဖြစ်နေရင် ချက်ချင်းသက်သာစေတဲ့နည်းလမ်း ၂ခုရှိပါတယ်။ဒီနည်းလမ်းနှစ်ခုက သင့်ကိုဆေးသောက်စရာမလိုပဲ သက်သာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

၁။ပထမဆုံးနည်းလမ်းကတော့ သင့်ရဲ့လျှာကို အာခေါင်ထိပ်ကိုထိလိုက်ပါ။ပြီးတာနဲ့ မျက်ခုံးနှစ်ခုအကြားကို လက်ညှိုးနဲ့လက်ခလယ်သုံးပြီး ဖိပေးပါ။ခဏနေရင်အစကနေပြန်လုပ်ပြီး စက္ကန့် ၂၀ကြာအောင်လုပ်ပေးပါ။ဒီနည်းလမ်းက နဖူးပေါ်က အရိုးကို လှုပ်ခတ်စေလို့ နှာခေါင်းမှာဖြစ်နေတဲ့ နှာစေး၊နှာပိတ်တာကိုရှင်းလင်းပေးပါတယ်။နှာစေး၊နှာပိတ်ဖြစ်နေတဲ့အခါ စမ်းလုပ်ကြည့်ဖို့မမေ့နဲ့နော်။

၂။ဒုတိယနည်းလမ်းကတော့အသက်ရှုအောင့်တဲ့ပုံစံမျိုးပါ။သင့်ရဲ့ မျက်နှာကိုအနည်းငယ်မော့ပြီး နှာခေါင်းကိုလက်နဲ့ပိတ်လိုက်ပါ။ပါးစပ်ကိုလည်းပိတ်လိုက်ပါ။သင်ဘယ်လောက်ကြာကြာအသက်ရှုအောင့်နိုင်လဲဆိုတာကိုကြည့်ပြီး သင်ကအောက်စီဂျင်လုံလုံလောက်လောက်ရလား ၊မရဘူးလားဆိုတာလည်း သိနိုင်ပါတယ်။သင်ကကြာကြာအသက်ရှုအောင့်နိုင်လေ နှာခေါင်းလမ်းကြောင်းသန့်ရှင်းလေပါပဲ။မအောင့်နိုင်တော့တဲ့အထိထားပြီးမှလက်ကိုလွှတ်လိုက်ပါ။ဒီနည်းလမ်းနှစ်ခုက သင့်ရဲ့ အသက်ရှုလမ်းကြောင်းနဲ့နှာခေါင်းလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါလိမ့်မယ်။

သေချာရှင်းရှင်းလင်းလင်းသိစေဖို့ ဗီဒီယိုလေးပါ ဖော်ပြပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.