လူ့အသက်ကိုအမှန်တကယ် ကယ်တင်ပေးခဲ့တဲ့ တိရစ္ဆာန်လေးတွေအကြောင်း

ကမ္ဘာမြေပေါ်မှာ လူသားတွေလိုပဲရှင်သန်နေထိုင်နေတဲ့ တစ်ချို့တိရစ္ဆာန်လေးတွေဟာ လူတွေနဲ့သိပ်နီးစပ်လွန်းလို့ best friend လို့တောင်ခေါ်ကြပါတယ်။ သူတို့လေးတွေဟာ တဖြည်းဖြည်းနဲ့လူသားတွေရဲ့မိသားစုဝင်တစ်ယောက်လို အသိမှတ်ပြုခံလာရတယ်။ တစ်ခါတစ်လေ လူသားတွေ
ဒုက္ခရောက်နေချိန် သူတို့က ကူညီပေးနိုင်သေးတယ်။ လူတွေအသက်ကို ကယ်တင်ပေးနိုင်တဲ့ တိရစ္ဆာန်လေးတွေကို အားလုံးသိအောင်မျှဝေပေးလိုက်ပါတယ်။

မြင်းလေး Kerry


မြင်းနဲ့လူကြားက ဆက်ဆံရေးဟာလည်း အလွန်နီးစပ်ပါတယ်။ ဒီကောင်လေးတွေက သင့်အသက်ကိုကယ်တင်ပေးနိုင်တယ်တဲ့။ အင်္ဂလန်ရှိ Fiona Boyd ဆိုတဲ့ အမျိုးသမီးတစ်ယောက် နွားရိုင်းတွေရဲ့ တိုက်ခိုက်ခံခြင်းကိုခံနေရချိန် သူမမြင်းလေးက လာကယ်ပေးဖူးတယ်တဲ့။ သူမမြင်လေးက နွားရိုင်းဆီသွားပြီး ခြေထောက်နဲ့ပြေးကန်ပါတယ်။ အဲ့ဒီနွားအဝေးကိုမသွားမချင်း ဆက်တိုက်ကန်နေတော့တာပါဘဲ။ သူမမြင်းကြောင့်သာမဟုတ်ရင် Fiona အဲ့ဒီမှာ နွားရိုင်းကြောင့်အသက်တောင်ရှိတော့မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ခွေးလေး Leala


ခွေးကတော့ အထူးတလည်ပြောနေစရာမလိုဘုးထင်တယ်နော်။ ခွေးလေးတွေက လူတွေနဲ့အနီးစပ်ဆုံး သတ္တဝါဖြစ်ပြီး လူတွေရဲ့မျက်နှာရိပ်ကို အမြဲတမ်း စောင့်ကြည့်နေတတ်သူလေးတွေဖြစ်ပါတယ်။ Brockbanks တို့မိသားစု ပျော်ပွဲစားထွက်လာချိန် သူတို့ခွေးလေးကိုလည်းခေါ်လာခဲ့တယ်။ ရုတ်တရက် သူတို့သားလေး David ပျောက်သွားချိန် ခွေးဟောင်သံကိုပါ ကြားလိုက်တယ်။ အစက ခွေးဟောင်နေတာ တစ်ခုခုပြချင်လို့ဖြစ်မယ်ဆိုပြီး တွေးခဲ့ပေမယ့် နောက်မှ သူတို့သားလေး ရေကန်ထဲပြုတ်ကျနေတာကို တွေ့ခဲ့ရတယ်။ နီးစပ်ရာဆေးရုံကိုချက်ချင်းပြေးခဲ့လို့ David လေးလည်း
သက်သာခဲ့တယ်။ ဒါကြောင့် ခွေးလေးတွေဟာ လူတွေရဲ့ best friend လို့ပြောတာပေါ့။

ဝက်ကလေး LuLu


သခင်ဖြစ်သူ နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့ခြင်းမှ ကယ်တင်ပေးခဲ့တဲ့ ဝက်ကလေး LuLuကို ဟီးရိုးကယ်တင်ရှင်လေးအဖြစ်တောင် ဆုချီးမြင့်ခဲ့ပါတယ်တဲ့။ ၁၉၈၈ခုနှစ် သြဂုတ်လ ၄ရက်နေ့မှာ Jo Ann Altsman က ဝက်လေး LuLu ခွေးလေး bear နဲ့ အိမ်မှာတစ်ယောက်တည်း ရှိနေချိန်
နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့မှုဖြစ်ခဲ့တယ်။ အခြားလူတွေသိအောင် အိမ်ပြတင်းပေါက်ကနေ အပြင်ကို အလန်းမြည်နေတဲ့နာရီကြီး အပြင်လွှင့်ပစ်ခဲ့ပေမယ့် ဘယ်သူမှမသိခဲ့ဘူး။
အဲ့ဒါနဲ့ခွေးလေး bear က LuLu ကို သွေးထွက်သည်အထိ ကိုက်ဆွဲပြီး လမ်းမပေါ်ကို ဆွဲခေါ်လာခဲ့တယ်။ သွေးတွေနဲ့ လမ်းမပေါ်ထိရောက်လာတဲ့ LuLu ကိုသတိထားမိသွားတဲ့ ကားဒါရိုက်ဘာတစ်ဦးက လာကြည့်ခဲ့တယ်။ အဲ့ဒါနဲ့ ထိုကားဒါရိုက်ဘာကို အိမ်ထဲထိမြှားခေါ်လာပြီး သူတို့ရဲ့သခင်ကို ကူညီစေခဲ့တယ်။

ဆင်လေး Ning Nong


၂ဝဝ၄ ခုနှစ် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် အသက်ပေါင်းများစွာနဲ့ နိုင်ငံအဖိုးတန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ထိုအချိန်တုန်းက Amber Owen ဟာ အသက်၈နှစ်ပဲရှိသေးတယ်။ ထိုင်းနိုင်ငံ Phuket မြို့ကို မိသားစုနဲ့အလည်လာချိန်ဖြစ်ပါတယ်။ Ning Nong ဆိုတဲ့ အသက် ၄နှစ်ရှိဆင်လေးနဲ့ ကမ်းခြေမှာရင်းနှီးသွားပြီး အမြဲတမ်းလိုလိုဆော့ဖြစ်တယ်တဲ့။ မမျှော်လင့်ထားတဲ့ ကပ်ဘေးဆိုက်မှုကြီးလာချိန်တွင် Amber က ဘာဖြစ်မှန်းမသိပေမယ့် Ning Nong ကတော့
သိနှင့်နေခဲ့တယ်။ ဆင်လေး Ning Nong က ကြောက်လန့်တကြားနဲ့ Amber ကို ကမ်းခြေကနေ ခေါ်သွားခဲ့တယ်။ ထိုအချိန်မှာ ပထမဒီရေတွေတက်လာပါပြီ။ ဒုတိယဒီရေတက်လာချိန်မှာတော့ Amber ကိုသူမမိဘတွေဆီ လုံခြုံစွာပြန်ပို့ပေးခဲ့တယ်။ တိရစ္ဆာန်တွေက အန္တရာယ်တစ်ခုတစ်စုံဖြစ်တော့မယ်ဆို ကြိုသိကြပါတယ်။

ကြောင်လေး Winnie


Keesling တို့မိသားစုအိမ်ထဲတွင် ကာဗွန် မိုနောက်ဆိုဒ် အဆိပ်ငွေ့တွေ ပျံနေချိန် တစ်မိသားစုလုံးအိပ်ပျော်နေလို့ ကြောင်လေး Winnie ကသခင်တွေ မထမချင်း ဆက်တိုက်နှိုးခဲ့ပါတယ်။ Winnie ကျေးဇူးကြောင့် တစ်မိသားစုလုံး အသက်ဘေးမှလွတ်မြောက်ခဲ့တယ်။

ကယ်တင်ရှင် လင်းပိုင်းလေးတွေ


အသက် ၂၄နှစ် Todd Endris ဆိုတဲ့လူကို ၂ဝ​ဝခုနှစ်က ကယ်လီဖိုးနီးယားမှာငါးမန်းဖြူတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းမှ လင်းပိုင်လေးတွေကယ်တင်ပေးခဲ့ပါတယ်။ လင်းပိုင်တွေအများကြီးရောက်လာပြီး Todd နဲ့ ငါးမန်းကြားကို နံရံလိုခြားပေးကာ ငါးမန်းဆက်မလိုက်အောင် တားဆီးခဲ့တာဖြစ်ပါတယ်။ Todd အသက်အန္တရာယ်မှလွတ်မြောက်ခဲ့ပေမယ့် သူ့နောက်ကျောမှာတော့ ကြီးမားတဲ့ အမာရွတ်ကြီးကျန်ခဲ့တယ်။ ၂ဝ၁၆မှာတော့ ကားမတော်တဆမှုကြောင့် Todd သေဆုံးသွားပြီလို့သိရပါတယ်။

712 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.