ကိုရီးယားမင်းသားချောလေး Ji Chang Wook ဟာ စစ်တပ်ကနေ ပိတ်ရက်ရလို့ အပြင်ကိုခဏထွက်တဲ့အချိန်မှာပဲ ပရိသတ်တွေအတွက် မမေ့မလျော့ပုံတွေတင်ပေးခဲ့ပါတယ်။
သူ့ရဲ့ အင်စတာဂရမ်မှာတင်ပေးခဲ့တာဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူပျော်ရွှင်နေတဲ့ပုံရိပ်တွေပါ။ ဆံပင်အတိုဖြစ်နေပေမဲ့ ကျန်းမာစိုပြည်တဲ့အသားအရည်နဲ့ချစ်စဖွယ်အပြုံးလေးကတော့ပျောက် မသွားသေးပါဘူး။သူ့အပြုံးကြောင့်ကြွေတဲ့ ပရိသတ်တွေလည်း မနည်းမနောပါပဲ။
Ji Chang Wook ဟာ အခု The 3rd Infantry Division (White Skulls) လို့ခေါ်တဲ့ဌာနမှာတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
မင်းသား Ji Chang Wook ဟာ သြဂုတ် ၁၄ရက်နေ့ကစပြီးစစ်မှုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက သူနဲ့တစ်နှစ်ကျော်လောက် ထပ်ပြီးခွဲခွာရဦးပေမဲ့ အခုလို ဓာတ်ပုံတွေ တင်ပေးထားတာကြောင့်စိတ်ကျေနပ်မယ်ဆိုတာသေချာပါတယ်။ Ji Chang Wook ရဲ့ ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။