လူတော်တော်များများ ဆိုက်ကို မေးခွန်းတွေကိုဖြေရတာ သဘောကျပါ
တယ်။ တစ်ချို့က ဘယ်လိုအဖြေထွက်လာမလဲသိချင်လို့ ၊ တစ်ချို့က
သူတို့မှန်းထားတာနဲ့ ကွက်တိကျရဲ့လားသိချင်လို့၊ တစ်ချို့ကလည်း တကယ်
မျှော်လင့်ပြီး အဖြေကိုအတည်ယူတာမျိုးတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ဒီမေးခွန်းလေးတွေရဲ့ အဖြေက သင့်ကိုစိတ်ကြည်နူးမှုပေးနိုင်မှာကိုတော့
အာမခံပါတယ်။ ဒါဆို အောက်မှာပြထားတဲ့ ပုံထဲက ကြိုက်နှစ်သက်ရာ
သစ်ပင်လေးတစ်ပင်ကို ရွေးချယ်ပြီး ဟိုးအောက်ဆုံးမှာ အဖြေလေးတွေ
တိုက်ကြည့်နော်… ပျော်စရာကောင်းပါတယ်… ကဲ..စပြီ !
ပြီးပြီလား ? အောက်မှာ အဖြေသွားကြည့်ရအောင်!
၁. ဝက်သစ်ချပင်
အများအားဖြင့် ဒီသစ်ပင်ရွေးချယ်သူတွေဟာ မမျှော်လင့်ထားတဲ့အရာတွေနဲ့
ပြည့်နှက်နေတဲ့ ဘဝမှာ စွန့်စားရတာကို သဘောကျသူတွေဖြစ်ပါတယ်။
နှစ်သစ်မှာ ကြည်နူးစရာကောင်းတဲ့အရာတွေ၊ ကိုယ့်အတွက်အကျိုးရှိမယ့်
ပွဲတွေကို တက်ရမှာပါ။ သင်က ထင်မြင်ချက်အသစ်တွေနဲ့ ပြောင်းလဲဖို့
အသင့်ဖြစ်နေသူ.. ။ သက်တောင့်သက်သာနေရတာကို သင်မကြိုက်ဘူး။
အပြောင်းလဲတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ကိုယ်တိုင် စိတ်လှုပ်
ရှားဖို့ကောင်းတဲ့အရာတွေကို မြည်းစမ်းကြည့်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။
၂. ထင်းရှုးပင်
အမှီခိုကင်းကင်းနေထိုင်လိုသူဖြစ်ပါတယ်။ ဘယ်သူတားတား
သင်ရွေးချယ်ထားတဲ့လမ်းကြောင်းတိုင်း ရှေ့ဆက်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။
သင်ဟာ အနုပညာရှင်တစ်ယောက်ဆို လာမယ့်နှစ်သစ်က သင့်ကို
ကံကောင်းခြင်းတွေနဲ့အတူ စောင့်ကြိုနေပါတယ်။ အရမ်းအားထုတ်စရာမလို
ဘဲ ရည်မှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။ သင်အကြာကြီး စောင့်မျှော်နေ
ရတာတွေ ဖြစ်မြောက်လာပါလိမ့်မယ်။
၃. မေပယ်လ်ပင်
သင်ဟာ ထိခိုက်ခံစားလွယ်သူဖြစ်ပါတယ်။ အခြားလူတွေရဲ့အတွေးတွေထဲ
မှာ အချိန်ကုန်တာများနေတယ်။ လာမယ့်နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးစရာ
ကောင်းတဲ့ လူတစ်ယောက်နဲ့တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ပါလိမ့်မယ်။
တစ်ယောက်တည်းနေရတာကြိုက်ပေမယ့် အထီးကျန်နေသလို
တစ်ခါတစ်လေ ခံစားနေမယ်။ သင့်ရဲ့အနာဂတ်ဟာ ပိုမိုတောက်ပပြီး
ကောင်းလာဖို့ပဲရှိပါတယ်။
၎. ဘုဇပတ်မျိုးဝင် ဆောင်းရွက်ကြွေပင်
သင်ဟာ လက်တွေ့ကျပြီး စိတ်ခံစားချက်ကို မြိုသိပ်ထားတတ်သူဖြစ်ပါတယ်။
သင်နဲ့အတူရှိနေတဲ့လူတိုင်း စိတ်သက်သာသလိုခံစားရတာဟာ သင်ဟာ
စကားနားပြီး များများနားထောင်ပေးသူဖြစ်နေလို့ပါ။
အပြင်ပန်းကြည့်ရင် သင်ဟာသန်မာသလိုနဲ့ တစ်ခါတစ်လေ အသေးဖွဲ့လေး
တွေအတွက် စိတ်ခံစားလွယ်တတ်တယ်။ ဒါကြောင့် ချစ်သူထားရင်လည်း
ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ ခက်ခဲနေတတ်ပြန်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်နှစ်သစ်က သင့်အတွက်အများကြီးကောင်းပါ
တယ်။ သင့်ရဲ့အကျင့်စရိုက်ကိုလက်ခံနိုင်မယ့်လူမျိုးနဲ့ သိကျွမ်းရပါလိမ့်မယ်။
၅. Myrtle
ယုံကြည်မှုအပြည့်ရှိသူဖြစ်ပါတယ်။ သင့်ဘဝထဲကအရာအားလုံး
ထိန်းချုပ်မှုအောက်မှာရှိနေပြီး ကံကောင်းဖို့အတွက် မျှော်လင့်ထားခြင်း
မရှိဘူး။ ကိုယ့်အရည်ချင်းကိုသာ အားကိုးယုံကြည်သူဖြစ်ပါတယ်။
ဘာအတွက်နဲ့မှ သင်ဟာအချိန်ရွေ့ဆိုင်းတတ်သူမဟုတ်ဘူး။
စပြီးသားအလုပ်တစ်ခုကို ဆုံးအောင်လုပ်ပြီးမှ နေသာသူဖြစ်ပါတယ်။
သင့်ပတ်ဝန်းကျင်က လူတွေက သင့်ကိုအလုပ်လုပ်နိုင်တယ်လို့
မကြာခဏချီးမွမ်းကြမယ်။ သူတို့သင့်ကို အများကြီးသဘောကျပါတယ်။
သင့်ရဲ့အလုပ်အပေါ်တာဝန်သိတတ်မှုတွေက နှစ်သစ်မှာ ရောင်ပြန်ဟပ်
တော့မှာပါ။ ကြိုးစားမှုအတွက် ထိုက်သင့်တဲ့ဆုလာဒ်တစ်ခုကို ရရှိပါလိမ့်မယ်။
၆. ဇီးပင်
အေးချမ်းပြီး အလိုက်သင့်နေတတ်သူဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့
အချိန်ဖြုန်းရတာကိုသဘောကျပြီး တစ်ယောက်တည်းရှိနေရင်လည်း
ပျော်အောင်နေတတ်တယ်။ တစ်ခါတစ်လေ ဘဝရဲ့အဓိပ္ပာယ်ကို
တစ်ယောက်တည်းအချိန်ယူ တွေးတောနေတတ်တယ်။ ကိုယ်ရေးကိုယ်တာ
ကိစ္စတွေရှိနေပေမယ့် သင့်အတွက်အကျိုးရှိတဲ့ အလုပ်အကိုင်တွေက
တစ်ဖက်မှာစောင့်နေပြန်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတော့ဖြစ်ပါစေ။
သင့်ရွေးချယ်မှုတွေရဲ့အဓိပ္ပာယ်က –
သင်ရွေးချယ်လိုက်တဲ့ သစ်ပင်က သင့်အကြောင်းတွေကိုဖော်ပြနေပြီး
သင့်ဘဝမှာ လိုအပ်နေတဲ့အတွေးခေါ်သစ်တွေကိုပြောင်းလဲပေးလိုက်တာ
ဖြစ်ပါတယ်။ သင့်ရွေးချယ်မှုက သင်မသိသေးတဲ့ ကိုယ်ရည်ကိုယ်သွေးကို
ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ အဖြေတွေက တိုက်ဆိုင်မှုရှိနေရင်
ကိုယ့်ထင်မြင်ချက်လေးတွေကို ကွန့်မန်မှာရေးသွားပေးနော် !