နာမည်ကျော်အနုပညာရှင်ဆိုတာကလည်းသာမန်လူတွေလိုပါပဲ။သူတို့မှာလည်းကိုယ်ပိုင် အမူအကျင့်လေးတွေရှိပါတယ်။နည်းနည်းတော့ထူးဆန်းတာပေါ့။ ဘယ်လိုအမူအကျင့်လေးတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။
၁။Victoria Beckham
အားလုံးသိကြတဲ့ဖက်ရှင်ဘုရင်မ Victoria Beckham ကတော့ သူမရဲ့ နူးညံ့တဲ့အသားအရည်ကိုထိန်းသိမ်းဖို့ အစိုဓာတ်ထိန်းကရင်မ်လိမ်းပြီးတိုင်း လက်နဲ့ခြေထောက်တွေကိုခြေအိတ်စွပ်ထားလေ့ရှိပါတယ်တဲ့။ညဘက်မှာ အဲ့လိုပုံမှန်လုပ်ပေးရင်အသားအရည်ခြောက်သွေ့တာတွေမရှိပဲ နူးညံ့စေတယ်လို့သိရပါတယ်။
၂။Teri Hatcher
Teri Hatcher ရဲ့ နုပျိုနေတဲ့လျှို့ဝှက်ချက်က ဘာများပါလိမ့်။သူမက ရေချိုးတိုင်း ၀ိုင်နီနဲ့ချိုးလေ့ရှိပါတယ်တဲ့။ ၀ိုင်နီနဲ့ရေချိုးတာက အသက်ရှည်နုပျိုစေတဲ့အတွက်ကြောင့် သူမက အမြဲဝိုင်နဲ့ရေချိုးလေ့ရှိပါတယ်။
၃။Simon Cowell
Simon ရဲ့ ထူးဆန်းတဲ့အမူအကျင့်လေးက ဘာလဲဆိုတော့ သူက နေ့တိုင်း သစ်ပင်တက်လေ့ရှိပါတယ်တဲ့။မိုးရွာတဲ့နေ့ခဲ့လွဲလို့ နေ့တိုင်းသစ်ပင်တက်လေ့ရှိပါတယ်။
၎။Demi Moore
Demi Mooreဟာ သူမရဲ့ သွေးထဲကအဆိပ်အတောက်တွေဖယ်ရှားဖို့ မျှော့တွေသုံးလေ့ ရှိပါတယ်တဲ့။ ဒီနည်းလမ်းကကြောက်စရာကောင်းပြီးထူးဆန်းပေမဲ့ အလှအပအတွက်တော့ အရမ်းအသုံးဝင်ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၅။Katy Perry
Katy Perry မှာ သွားတိုက်တံအချောင်း ၂၀ရှိတယ်ဆိုတာသင်သိပါသလား?သူမက အစာစားပြီးတဲ့အချိန်တိုင်း သွားတွေသန့်ရှင်းအောင် အကြိမ်ကြိမ်တိုက်လေ့ရှိပါတယ်။
၆။Cameron Diaz
Cameron Diaz ကတော့သူမရဲ့ နေ့စဉ်နေ့တိုင်းမှာ တံခါးတွေကို နေ့တိုင်းတံတောင်နဲ့ သာတွန်းဖွင့်လေ့ရှိပါတယ်တဲ့။
၇။Jennifer Aniston
Jennifer Aniston ကတော့ လေယာဉ်စီးရတာကြောက်တဲ့သူတစ်ယောက်ဖြစ်ပြီး လေယာဉ်ပေါ်တက်တိုင်း ညာဘက်ခြေထောက်နဲ့အရင်စတက်လေ့ရှိတယ်လို့သိရပါတယ်။ လေယာဉ်ထိုင်ခုံရောက်တဲ့အထိသူမက ဖြည်းဖြည်းချင်းဂရုတစိုက်တက်လေ့ရှိပါတယ်။