သင့်ခန္ဓာကိုယ်ရဲ့ခံနိုင်ရည်ကို စမ်းသပ်ပေးမယ့် လေ့ကျင့်ခန်း ၅ခု

လူတစ်ယောက်ချင်းစီမှာ မွေးရာပါ အကြောပျော့တာကိုပိုင်ဆိုင်ထားပြီးသား
ပါ။ ဒါကြောင့် တစ်ခါတစ်လေ ကလေးလေးတွေ ခြေထောက်နဲ့ခေါင်းထိ
အောင် ကွေးနိုင်တာတွေ့ရပါတယ်။ အသက်တွေတဖြည်းဖြည်းကြီးလာတဲ့အခါ
သဘာဝတိုင်း အရိုးခြင်တွေ ၊ အကြောတွေတောင့်တင်းလာတယ်။
ရုံးမှာ ထိုင်လုပ်ရသူတွေအတွက်ဆို ကျန်းမာရေးထိခိုက်နိုင်မှုပိုများပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ကျန်းမာရေးကိုသော်လည်းကောင်း ခန္ဓာကိုယ်ခံနိုင်ရည်
ကို စမ်းသပ်တဲ့အနေနဲ့ ဖော်ပြလေ့ကျင့်ခန်းတွေက အဖြေပေးသွားမှာဖြစ်ပါတယ်။

ပခုံးအကြောရဲ့ပျော့ပျောင်းမှုကို ဒီလေ့ကျင့်ခန်းနဲ့စမ်းသပ်ကြည့်ပါ

– လုပ်ရလွယ်လား ?​ လုပ်ရလွယ်ကူတယ်ဆို ဝမ်းသာစရာပဲနော်.. သင့်
အသက်နဲ့အညီ အကြောတွေပျော့ပျောင်းနေတဲ့အတွက် ကျန်းမာရေး
ကောင်းတယ်လို့ပြောရပါမယ်။

– ” လုပ်ကြည့်တယ်..ဒါပေမယ့် တော်တော်ကြိုးစားရတယ် ” ဆိုရင်
ပိုလေ့ကျင့်ဖို့လိုပါသေးတယ်။

– သင့်အတွက် အရမ်းခက်နေတယ်ဆိုရင် အရင်ဆုံး လက်နှစ်ဖက်ကို
အနောက်အရင်ပစ်ကြည့်ပါ။ ထိုအတိုင်းပဲ စက္ကန့်အနည်းငယ်ကြာနေပါ။
ပခုံးနဲ့ပတ်သတ်ပြီး ရောဂါတွေမခံစားချင်ဘူးဆိုရင် ထိုလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးပါ။

ကျောရိုး ပျော့ပျောင်းမှုကို စမ်းသပ်မယ်..


ဖော်ပြပါပုံအတိုင်း သင့်လက်ဖဝါးနှစ်ဖက်လုံး ကြမ်းနဲ့ထိနေတယ်ဆိုရင်တော့
ကျန်းမာရေးကောင်းတယ်လို့ပြောလို့ရပါတယ်။
လက်ဖျားလေးတွေနဲ့သာ ကြမ်းကိုထိရင်လည်း အဆင်ပြေပါတယ်။
များများလေ့ကျင့်ပေးဖို့တော့ လိုတာပေါ့။ ကြမ်းပြင်ကိုမထိနိုင်ဘူးဆိုရင်
ထိနိုင်အောင် ကြိုးစားပါ။အိပ်တဲ့အခါ ကျောပြင်တစ်ခုလုံး အညောင်းပြေနေတာကို ခံစားရပါလိမ့်မယ်။

လည်ပင်း၊ ပခုံး နဲ့ ခါးအကြောပျော့ပျောင်းမှု


ခန္ဓာကိုယ်ကို နောက်ပြန်လှန်ပြီး လက်နဲ့ခြေဖနောင့် ထိလို့မရဘူးဆို
ဒီတိုင်းထားလိုက်ပါ။ ခါးကို လက်နှစ်ဖက်နဲ့ထောက်ပေးထားနိုင်ပါတယ်။

တင်ပါးအကြော ပျော့ပျောင်းမှု


ဒူးခေါင်းနဲ့ နဖူးထိနိုင်တယ်ဆိုရင် ထိုအနေထားတိုင်း အနည်းဆုံး ၂မိနစ်
ထိနေပေးပါ။ ၂မိနစ်အထိနေနိုင်တယ်ဆိုရင် သင်ဟာကျန်းမာရေးကောင်းသူ
လို့ သတ်မှတ်လို့ရပါပြီ။ တကယ်လို့ ထိမရဘူးဆိုရင် အကြော့လျော့ပြီး
ဖြည်းဖြည်းချင်းလုပ်ယူသွားလို့ရပါတယ်။

ဒူးပျော့ပျောင်းမှုကို စမ်းသပ်မယ်


သင်ဟာ အသက် ၂ဝအတွင်းဆိုရင် ဒီလေ့ကျင့်ခန်းလုပ်ရတာ သိပ်ခက်မယ်မထင်ပါဘူး။

အသက် ၃ဝကျော်သွားပြီဆိုရင်တော့ ဒူးကိုမကွေးဘဲ ပုံပါအတိုင်း
လုပ်နိုင်ဖို့မလွယ်ပါဘူး။ ချက်ချင်းကြီးဆန့်နိုင်အောင် မလုပ်ပါနဲ့ ။
အကြောတွေအရမ်းတင်းပြီး နာသွားပါလိမ့်မယ်။ ဖြည်းဖြည်းချင်း ပုံမှန်
လုပ်သွားပေးတာက ပိုပြီးအကျိုးသက်ရောက်မှုကောင်းပါတယ်။

အသက် ၅ဝကျော်နေပြီဆိုရင်တော့ သတိထားလုပ်ပေးပါ။
အခြားအပျော့စား လေ့ကျင့်ခန်းတွေလုပ်ပေးတာက ပိုအဆင်ပြေပါလိမ့်မယ်။

870 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.