ရင်သွေးလေးရှိနေပြီဆိုလို့ ပျော်ရွှင်နေကြတဲ့ Joo Sang Wook နဲ့ Cha Ye Ryun

နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Joo Sang Wook နဲ့ Cha Ye Ryun တို့ဟာ သူတို့မှာ ပထမဆုံးရင်သွေးလေးရှိနေပြီဆိုတဲ့သတင်းကိုအတည်ပြုပြောကြားခဲ့ပါတယ်။

မကြာသေးခင်က Cha Ye Ryun ရဲ့အေဂျင်စီဖြစ်တဲ့ HB အင်တာတိန်းမန့်က “Cha Ye Ryun မှာ ကိုယ်ဝန်ရှိနေတာမှန်ပါတယ်။သူမရဲ့ ကိုယ်ဝန်ကအစပဲရှိပါသေးတယ်။အဲ့ဒါကြောင့်သူမရဲ့ Due Date ကနောက်နှစ်မှပါ”လို့ ပြောကြားခဲ့ပါတယ်။

Joo Sang Wook ရဲ့ အေဂျင်စီကလည်း “ဟုတ်ပါတယ်။ Cha Ye Ryunမှာရင်သွေးလေးရှိနေပါပြီ။ အဲ့ဒါကြောင့် Joo Sang Wookက အရမ်းပျော်ရွှင်ဝမ်းသာနေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Joo Sang Wook နဲ့ Cha Ye Ryun တို့ဟာ၂၀၁၅တုန်းကပြသခဲ့တဲ့ Glamorous Temptation ဇာတ်ကားမှာတွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ချစ်သူဖြစ်နေတဲ့အကြောင်းကို ၂၀၁၆ကကြေညာခဲ့တာဖြစ်ပါတယ်။၂၀၁၇မေလ ၂၅ရက်နေ့မှာတော့ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ၀မ်းသာစရာသတင်းလေးရှိနေပါပြီ။အနုပညာရှင်မောင်နှမတွေနဲ့ပရိသတ်တွေကလည်း ဂုဏ်ပြုစကားတွေများစွာပြောခဲ့ကြတယ်လို့သိရပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.