MAMA ဆုပေးပွဲမှာ ပရိသတ်တွေရဲ့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့တဲ့ Song Ji Hyoရဲ့ ပုံရိပ်များ

ဒီဇင်ဘာလ ၁ရက်နေ့က MAMA ဆုပေးပွဲအစီအစဉ်ကို ဟောင်ကောင်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ဆုပေးပွဲအစီအစဉ်မှာကြေညာသူတစ်ယောက်အဖြစ် Running Man က အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Song Ji Hyoက ပါဝင်ခဲ့ပါတယ်။

Song Ji Hyo က အမြဲတမ်းလှပပြီးစမတ်ကျတဲ့သူတစ်ယောက်ဖြစ်သလို ချစ်ဖို့ကောင်းတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။သူမကို ပွဲတက်လာတဲ့အခါတိုင်း ချစ်စရာအသွင်အပြင်တွေနဲ့ တွေ့ခဲ့ရပေမဲ့ ဒီနှစ် ဟောင်ကောင်မှာကျင်းပခဲ့တဲ့ပွဲမှာတော့ ချစ်စရာကောင်းတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်မျိုးနဲ့တွေ့မြင်ခဲ့ရပါတယ်။

သူမရဲ့ စတိုင်လစ်စ်က သူမနဲ့လိုက်ဖက်ပြီးစမတ်ကျစေမယ့်ဂါဝန်ကိုဆင်ပေးလိုက်တာဖြစ်သလို ပွဲလာသူအားလုံးကလည်း သူမရဲ့အလှကိုအံ့သြမင်သက်ခဲ့ကြပါတယ်။သူမရဲ့ ဖက်ရှင်ကလည်း ပွဲလာသမျှထဲမှာအလှဆုံး၊အမိုက်ဆုံးလို့ပြောလို့ရပါတယ်။သူမကို Running Man ထဲမှာ လွတ်လပ်ပေါ့ပါးတဲ့ပုံစံတစ်မျိုးနဲ့မြင်တွေ့ရပေမဲ့ ဒီတစ်ခါမှာတော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေးအဖြစ်မြင်တွေ့ရပါတယ်။

သူမရဲ့ ဖက်ရှင်နဲ့အလှက ပရိသတ်တွေကြားမှာတော်တော်လေးလည်းရေပန်းစားခဲ့ပါတယ်။ အားလုံးကသူမကို လှပကြောင်းချီးကျူးစကားတွေအများကြီးရေးသားခဲ့ကြတာကိုမြင်တွေ့ရပါတယ်။ MAMA ပွဲမှာမြင်တွေ့ရတဲ့ Song Ji Hyo ရဲ့ အလှပုံရိပ်လေးတွေကိုပြန်ပြီးမျှဝေလိုက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.