ငိုကြွေးခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူး ၁၀ မျိုး

ငိုတိုင်းမကောင်းဖူးလို့ ဘယ်သူကပြောတာလည်း

ကျွန်တော်တို့တွေရဲ့ ဆွေမျိုးတွေ၊သူငယ်ချင်းမိတ်ဆွေတွေ ငိုကြွေးတာကို မြင်ရတဲ့အခါမှာ ရုတ်တရက် တုံ့ပြန်မိတာက ချော့မော့ပြောဆိုပြီးတော့ အငိုရပ်ဖို့အတွက် တခြားသော လှုပ်ရှားမှု့တွေကို ရလာအောင် ပြုလုပ်ပေးတာမျိုးတွေဖြစ်ပါတယ်။သူငယ်ချင်းတစ်ယောက် ငိုကြွေးနေလို့ပုခုံးပေါ်မှာ ခေါင်းလေးကိုတင်ပေးပြီး ဆံပင်လေးတွေကို လက်နှင့် ပွတ်ပေးကာနေခိုင်းရခြင်းဟာအကောင်းဆုံးသော နည်းလမ်းဖြစ်တယ်ဆိုတာကို အားလုံးကလက်ခံကြမယ်လို့ထင်ပါတယ်။ဒါဟာ သူတို့တွေအတွက် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

 

လူသားတွေဆိုတာဟာ စိတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်တဲ့သတ္တ၀ါတွေဖြစ်ကြပါတယ်။ကျွန်တော်တို့တွေဟာ တစ်ယောက်ရဲ့ခံစားချက်ကို နားထောင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ပြန်လည်နားထောင်စေတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။ရင်ဖွင့်တယ်လို့ခေါ်မှာပေါ့။ကိုယ်ပိုင်စိတ်ခံစားချက်တွေကို ဘယ်လို ပတ်ဝန်းကျင်မျိုးမှာမဆို (ဥပမာပြောရရင် ကိုယ့်ရဲ့အိမ်အလုပ်လုပ်တဲ့နေရာ ဒါမှမဟုတ်ကျောင်း) သာမန် အနေအထားမျိုးနှင့်ဘဲ ခံစားချက်ကိုဖုံးကွယ်ပြီးဟန်ဆောင်နေတက်ကြပါတယ်။ဒါဟာ လူသားတစ်ယောက်မှာ ရှိတဲ့ သာမန်အမူအကျင့်ဘဲဖြစ်တာမို့နားလည်ခွင့်လွှတ်တက်ကြရပါမယ်။ ဒီလိုအမူအကျင့်တွေထဲမှာမှ ကျလုနီးပါးဖြစ်နေတဲ့ မျက်ရည်စတွေလည်းပါဝင်နေပါတယ်။ဒါကြောင့် ဒီကျွန်တော်ပြောပြချင်တာကတော့ စိတ်ထဲတင်းထားမနေပါနဲ့။ မျက်ရည်တွေကျဆင်းပစေ။လွှတ်ထားလိုက်ပါ။ဘာလို့ဒီလိုပြောရတာလည်းဆိုတော့ အဲ့ဒီလို မျက်ရည်ကျခြင်းဟာ သင်တို့အတွက် ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အချက်တွေရှိနေလို့ပါဘဲ။

၁၀) စိတ်ဖိစီးမှု့ဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်

ကျွန်တော်တို့ တော်တော်များများ ဆက်တိုက်ဆိုသလို စိတ်ဖိစီးမှု့ကို ခံစားဖူးရခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကို ပါထိခိုက်လာပါတယ်။ဒီလိုထိခိုက်ခြင်းဟာ ကျွန်တော်တို့အတွက်လုံးဝမကောင်းနိုင်ပါဘူး။ စိတ်ဖိစီးမှု့ခံစားလာရတဲ့အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ခြားနားတဲ့ ဓာတုပစ္စည်းတွေပြည့်လာပြီးတော့ အဲ့ဒီဓာတုပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်ကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီးအဲ့ဒီနည်းအတိုင်းဘဲ တစ်နေကုန်လုံး ခံစားစေနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ငိုလိုက်တဲ့အခါမှာတော့ အဲ့ဒီ ဓာတုပစ္စည်းတွေဟာ မျက်ရည်တွေကို ဖြတ်ပြီးတော့ ရုတ်တရက်ဆိုသလို ကျွန်တော်တို့ကို အပန်းပြေသွားသလို ခံစားရစေပါတယ်။ ဒါကြောင့် နောက်တစ်ခါ သင်တို့အနေနဲ့ စိတ်ဖိစီးမှု့တွေများလာတဲ့အခါမှာ အားနည်းသလို ခံစားမနေဘဲနှင့် ခန္ဓာကိုယ်ကို မျက်ရည်တွေထုတ်လုပ်ဖို့အတွက် ခွင့်ပြုလိုက်ပါ။ဒါဟာဆိုရင် တစ်ချို့သော အရာတွေကို လျှော့ချစေဖို့အတွက် နည်းလမ်းဘဲဖြစ်ပါတယ်။

 

၉) သွေးတိုးခြင်းကနေ ကာကွယ်ပေးနိုင်တယ်

ငိုကြွေးခြင်းဟာဆိုရင် သွေးတိုးခြင်းကို လျှော့နည်းစေနိုင်ပြီးတော့ ဒေါသထွက်ခြင်းကြောင့်ဖြစ်တဲ့ နှလုံးခုန်ခြင်းမျိုးတွေနှင့်စိတ်ဖိစီးမှု့ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးတွေကို ပြောင်းလဲစေနိုင်ပါတယ်။ ဖိစီးမှု့ဟော်မုန်းတွေဟာဆိုရင် သင့်ရဲ့ နှလုံးခုန်နှုန်းကို အရှိန်မြန်စေခြင်း၊သူငယ်အိမ်ကိုကြီးစေနိုင်ခြင်းနှင့် သွေးလွှတ်ကြောတွေကို ညှစ်ထားခြင်းတို့ကြောင့်သွေးဖိအားကို တိုးလာစေနိုင်ပါတယ်။ငိုကြွေးခြင်းကတော့ စိတ်ဖိစီးမှု့ကိုလျှော့ချပေးနိုင်တာကြောင့် သွေးဖိအားကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် သင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေချင်တယ်ဆိုရင်တော့ ငိုကြွေးဖို့အတွက်နောက်မတွန့်စေချင်ပါဘူး။

 

၈) စိုးရိမ်မှု့၊ကြောင့်ကြမှု့နှင့် သောကတွေကို ပြေလျော့စေတယ်

၂၀၁၅ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့ကပြုလုပ်ခဲ့တဲ့ လေ့လာရပ်တစ်ခုမှာဆိုရင် ၁၈နှစ်မှ ၃၄နှစ်ကြားရှိတဲ့ လူတွေထဲကငါးယောက်မှာ အနည်းဆုံးတစ်ယောက်က တစ်ပတ်အတွင်းမှာ စိုးရိမ်ကြောင့်ကြမှု့ကြောင့် ငိုကြွေး ကြတယ်ဆိုတာကိုဝန်ခံထားကြပါတယ်။အချို့သော အမျိုးသမီးတွေဆိုရင် သူတို့ရဲ့ လုပ်ငန်းခွင်မှာ စိုးရိမ်ကြောင့်ကြမှု့တွေခံစားလာရပီဆိုရင်ရေချိုးခန်းထဲမှာ သွားပုန်းပြီး ငိုကြွေးချင်လောက်တဲ့အထိ ဖြစ်တယ်လို့ ၀န်ခံထားပါတယ်။ငိုကြွေးခြင်းဟာ ပြည့်နှက်နေတဲ့ စိတ်ခံစားချက်တွေကို လွှတ်ထုတ်ပေးနိုင်ပြီး စိုးရိမ်ကြောင့်ကြမှု့တွေကို အလျှင်အမြန်လျော့ချပေးနိုင်တာကြောင့် ပိုပြီးကောင်းတဲ့နေသာထိုင်သာရှိတဲ့ အခြေအနေမျိုးနှင့် မဖြေရှင်းနိုင်ခဲ့တာတွေကို ပြန်လည်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

၇) ရုပ်ပိုင်းဆိုင်ရာနာကျင်မှု့တွေကို ပြေပျောက်စေတယ်

ကျွန်တော်တို့ တော်တော်များများမှာ ငယ်စဉ်တုန်းက ကစားခဲ့စဉ်အချိန်တုန်းက ရရှိခဲ့ဖူးတဲ့ အမာရွတ်ဒဏ်ရာ လေးတွေရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကလေးတွေ ထိခိုက်မိလို့ နာကျင်တဲ့အခါတွေမှာ ငိုကြွေးကြတယ်။

ဘာလို့လည်းဆိုတော့အဖြေကရှင်းပါတယ်။ အရမ်းနာလို့ငိုပါတယ်။ဒါဟာ ကလေးမို့ ငိုတာပါ။ ကလေးသဘာဝ အရ ငိုတာပါလို့ပြောကြပါတယ်။ဒါပေမယ့် တွေးကြည့်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု့တွေကို လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ငိုကြွေးခြင်းဘဲဖြစ်ပါတယ်။ကလေးတွေက ငိုလိုက်ရင် သက်သာသွားမယ်လို့ သိထားကြတာမဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ကိုယ်တိုင်ကိုက အမြဲတမ်းလိုလို အကောင်းဆုံးသောနည်းလမ်းတွေကို ရှာဖွေနေလို့ဘဲဖြစ်ပါတယ်။အချိန်အခိုက်တန့်တစ်ခုအထိ ငိုကြွေးခြင်းဟာဆိုရင် အောက်ဆီတိုစင်နှင့် အန်ဒေါဖင်လို့ခေါ်တဲ့  ဓာတုဗေဒပစ္စည်းနှစ်မျိုးကိုထုတ်လွင့်ပါတယ်။ဒီလိုအရာတွေကြောင့် ကျွန်တော်တို့ကို ငိုကြွေးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကောမှာအထောက်အကူပြုတာဘဲဖြစ်ပါတယ်။

 

၆) စိတ်ခံစားမှု့အခြေအနေကို တိုးတက်ကောင်းမွန်စေတယ်

 

ငိုကြွေးလိုက်ယုံနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကို တိုးတက်အောင် ကူညီပေးတဲ့အပြင် အဲ့ထက်ပိုပြီး တဆင့်တက်လို့

ရှိုက်ကြီးတငင်ငင် ငိုကြွေးလိုက်မယ်ဆိုရင် စိတ်ဝိဥာဉ်ကိုပါ တိုးတက်အောင်ပြုလုပ်ပေးပါတယ်။ကျွန်တော်တို့ ရှိုက်ပြီးငိုကြွေးလိုက်တဲ့

အခါ လေကိုအလျင်အမြန်ရှုလိုက်ရပါတယ်။ဒီလိုရှုလိုက်ခြင်းဟာ ကျွန်တော်တို့အတွက် အတော်များများ အကူအညီဖြစ်ပါတယ်။

အေးစက်တဲ့လေကို ရှုသွင်းလိုက်ခြင်းဟာလည်း ဦးနှောက်ရဲ့ အပူချိန်ကို ကျဆင်းစေနိုင်ပြီးတော့ အရာဝတ္ထုတွေကို အနည်းငယ်လေးဘဲဖြစ်ဖြစ်

သန့်သန့်ရှင်းရှင်းလေးမြင်တွေ့စေနိုင်မှာဖြစ်ပါတယ်။

 

၅) ထောက်ပံ့ ပံ့ပိုးပေးမှု့ကို ဆွဲဆောင်နိုင်တယ်

 

အပေါ်မှာ ပြောခဲ့ဖူးသလိုဘဲ လူတွေဆိုတာဟာ စိတ်ပိုင်းဆိုင်ရာခံစားမှု့ရှိတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။တကယ်လို့များ ကျွန်တော်တို့တွေမှာ

အခြားသော လူတွေနှင့် ပေါင်းသင်းဆက်ဆံတက်တဲ့ အရည်အချင်းမရှိဖူးဆိုရင် တဖြည်းဖြည်းနှင့် အဲ့ဒီအရာဟာ ကိုယ်ပိုင်သေဆုံးခြင်း

အဖြစ်ကို ဦးဆောင်သွားပါလိမ့်မယ်။ လူသားမျိုးနွယ်ရဲ့ အစပိုင်းဖြစ်တာကြောင့် အခြားသော လူသားအဖွဲ့တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းရဲ့

အဓိပ္ပာယ်ဟာဆိုရင် ရှင်သန်လွတ်မြောက်နေထိုင်ခြင်းနှင့် မျိုးတုန်းပျောက်ကွယ်ခြင်းတို့ နှစ်ခုကြားက ခြားနားမှု့ဘဲဖြစ်ပါတယ်။

လူတွေဟာ သူတို့ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက်ငိုကြွေးတာကို တွေ့ဆုံတဲ့အခါ ပထမဦးဆုံးပြုလုပ်မိတဲ့ တုံ့ပြန်မှု့ကတော့

ငိုကြွေးနေသူတွေ သက်တောင့်သက်သာဖြစ်စေဖို့ပါဘဲ။သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ပံ့ပိုးပေးခြင်းရဲ့ ခံစားချက်ဟာဆိုရင်

သင့်ရဲ့ စိတ်ခံစားမှု့နှင့် စိတ်ဝိဥာဉ်ကို  အလွယ်တကူမြှင့်တင်ပေးနိုင်ပါတယ်။

 

၎) စိတ်ခံစားမှု့ဆိုင်ရာဟန်ချက်ကို အရင်တိုင်းပြန်လည်ဖြစ်စေတယ်

 

စိတ်မကောင်းဖြစ်တဲ့ အခါမှသာ ငိုတာမဟုတ်ဘဲ ကျွန်တော်တို့တွေဟာဆိုရင် ပျော်တဲ့အခါမျိုးမှာကော ဒေါသထွက်တဲ့အခါမျိုးတွေမှာကော၊

စိတ်ဖိစီးမှု့များလာတဲ့အခါမှာကော ကျွန်တော်တို့တွေဟာ ငိုကြွေးတက်ကြပါတယ်။လေ့လာသူအများအပြားပြောပုံအရ ငိုကြွေးခြင်းဟာဆိုရင်

ကျွန်တော်တို့တွေ နေ့စဉ်နေ့တိုင်း ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခြေအနေတွေကလိုအပ်တဲ့ စိတ်ခံစားမှု့ဆိုင်ရာ ညီမျှခြင်းသဘောတရားကို အရင်

အတိုင်းပြန်လည်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ငိုကြွေးခြင်းဟာဆိုရင် ခန္ဓာကိုယ်ရဲ့ စက်ယန္တရားတစ်ခုဖြစ်ပြီး သန်မာတဲ့ စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံ

တစ်ခု(သို့) ခံစားချက်တွေကို လိုက်ဖက်အောင်ပြင်ဆင်ဖို့အတွက်ရှိနေတာဘဲဖြစ်ပါတယ်။

 

၃) ငိုကြွေးခြင်းဟာ ကျန်းမာရေးရဲ့ ပထမဦးဆုံးသော လက္ခဏာဖြစ်ပါတယ်

 

ကလေးငယ်တစ်ယောက် သားအိမ်ထဲကနေထွက်ထွက်လာချင်း စက္ကန့်ပိုင်းအတွင်းမှာဘဲ ကမ္ဘာပေါ်က သူတို့ရဲ့ ပထမဦးဆုံးသော

အခိုက်အတန့်ဟာဆိုရင် သူတို့ရဲ့ အဆုတ်တွေ အလုပ်လုပ်သလားဆိုတာကို သေရေးရှင်ရေး ဆုံးဖြတ်ရတာဘဲဖြစ်ပါတယ်။

သူတို့ရဲ့ ပထမဦးဆုံးငိုကြွေးမှု့ဟာ အင်မတန်မှကို အရေးကြီးပါတယ်။ဒီလိုငိုကြွေးမှု့ဟာဆိုရင် အပြင်လောကကြီးနှင့် ကလေးငယ်ကို ကျင့်သားဖြစ်အောင်

ပြုလုပ်ပေးတာဖြစ်ပြီး သူတို့ကိုယ်တိုင် အသက်စတင်ပြီးရှုနိုင်ဖို့အတွက် လမ်းစဖြစ်ပါတယ်။ ပိုပြီးကျယ်ကျယ်လေးငိုလေလေ ဆရာဝန်တွေက ပျော်လေလေဘဲ

ဖြစ်ပါတယ်။ငိုကြွေးခြင်းဟာဆိုရင် ကျွန်တော်တို့တွေသားအိမ်ထဲက စစထွက်လာချင်း လုပ်တဲ့အလုပ်ဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့

အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် ဘ၀သစ်တစ်ခုရဲ့ အစအမှတ်အသားဘဲဖြစ်ပါတယ်။

 

၂) သောက ပူဆွေးမှု့တွေကနေ ကူညီပြီး ကာကွယ်ပေးတယ်

 

သောကပူဆွေးမှု့ဆိုတာဟာ စိတ်မကောင်းဖြစ်မှု့၊မလှုပ်ရှားနိုင်မှု့နှင့် အပြစ်ရှိခြင်း၊ရှက်စိတ်ဖြစ်ခြင်း၊လိပ်ပြာမလုံခြင်းစတာတွေ ပေါင်းစပ်ပါဝင်နေတဲ့

ခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ အားလုံးမှာ ရှုံးနိမ့်မှု့တွေနှင့် ပတ်သက်ဆက်နွယ်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြပါတယ်။

ဒါပေမယ့် အဲ့ဒီအထဲကမှ အသေချာဆုံးတစ်ခုကတော့ ရှိနေပါတယ်။ ငိုကြွေးခြင်းဘဲဖြစ်ပါတယ်။ငိုကြွေးခြင်းက ဖိစီးမှု့တွေကို နည်းပါးစေတဲ့အပြင်

ရှေ့ဆက်ဖို့အတွက် အင်အားတွေလည်း ပေးစွမ်းနိုင်ပါတယ်။ချစ်ရတဲ့သူတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ငိုကြွေးခြင်းမရှိဘူးဆိုရင် အချိန်အတော်ကြာအောင်

ခံစားနေရအုံးမှာဖြစ်ပါတယ်။လူသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်နိုင်ဖို့အတွက် သောက ပူဆွေးမှု့တွေကို ဖြတ်သန်းပြီးသွားရမှာဘဲဖြစ်ပါတယ်။

 

၁) ငိုကြွေးခြင်းက သင့်ကို လူသားတစ်ယောက်ဖြစ်စေပါတယ်

 

ငိုကြွေးခြင်းကနေ ကျွန်တော်တို့အကြောင်းကို အများကြီးပြောနိုင်ပါတယ်။ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို စီမံနိုင်ဖို့ လူသားတွေနှင့် အသိရှိရမှာဖြစ်ပြီး

ကျွန်တော်တို့ ဘာကိုလိုချင်သလည်းဆိုတာကို ချင့်ချိန်စဉ်းစားတက်ဖို့လိုပါတယ်။

လူသားတွေအားလုံးဟာ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားသက်ဝင်နေတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ နောက်တစ်ကြိမ် သင့်အနေနဲ့ ငိုကြွေးဖို့အတွက် စိတ်ဆန္ဒပြင်းပြနေပြီဆိုရင်

တွန့်ဆုတ်မနေပါနဲ့။အားနည်းမနေပါနဲ့။ငိုကြွေးခြင်းဟာဆိုရင် သင့်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ဒါကြောင့် ငိုဖို့ တွန့်ဆုတ်မနေကြပါနဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.