Megapixels
သိပ္ပံပညာရှင်တွေရဲ့ အမြင်နှင့်ကြည့်မယ်ဆိုရင်တော့ မျက်လုံးတစ်လုံးနှင့်
ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျသဘော
အားဖြင့် ကျွန်တော်တို့မျက်လုံးရဲ့ အလည်က အမဲဆံလေးဟာ ၁၂၆ megapixels ရှိတယ်လို့ ယူဆနိုင်ပါတယ်။
၁ စက္ကန့်လောက်ကြာတဲ့ ဗီဒီယိုရဲ့ အရွယ်အစား
ကျွန်တော်တို့ အမြင်နဲ့ ဆိုရင် တစ်စက္ကန့်လောက်ရှိတဲ့ ဗီဒီယိုရဲ့ အရွယ်အစား
ထုထည်ဟာ 21.45 GB လောက်ရှိမှာဖြစ်ပါတယ်။ iPhone တစ်လုံးရဲ့ တစ်စက္ကန့် စာဗီဒီယိုကတော့ 375 MB သာရှိတာဖြစ်ပါတယ်။
ဦးနှောက်နှင့် ကွန်ပျူတာအကောင်းစားတစ်လုံးတို့ကြားထဲက သိုလှောင်ထားနိုင်မှု့
ဦးနှောက်မှာ အာရုံကြောဆဲလ်ပေါင်း ၁၀၀ ဘီလီယံလောက်ရှိပြီးတော့
တစ်ခုချင်းစီမှာ အချက်အလက်မှတ်ဥာဏ်တွေကို သိမ်းဆည်းနိုင်တဲ့ စွမ်းရည်နေရာ
ပေါင်း ၁၀၀၀ စီရှိကြပါတယ်။အားလုံးကိုသာ ပေါင်းကြည့်လိုက်မယ်ဆိုရင်
ဦးနှောက်ဟာ သီအိုရီအရ အချက်အလက်ပေါင်း 100 terabytes လောက်ကို
သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။နှိုင်းယှဉ်ချက်အနေနဲ့ ပြောပြရမယ်ဆိုရင်
ကမ္ဘာပေါ်က စွမ်းရည်အပြည့်ဝဆုံး ကွန်ပျူတာတစ်လုံးရဲ့ ဖြစ်တဲ့ Titan ဟာ
စုစုပေါင်း မှတ်ဥာဏ်စနစ် 710 terabytes ပါဝင်ပါတယ်။
ကမ္ဘာမြေကြီးရဲ့ အချက်အလက်နှင့် လူခန္ဓာကိုယ်တစ်ခုရဲ့ အချက်အလက်
သိပ္ပံရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Veritasium မှာဖော်ပြချက်အရ ၂၀၂၀ခုနှစ်မှာ
လူသားမျိုးနွယ်နှင့် ပတ်သက်တဲ့ အချက်အလက်အားလုံးစုစည်းထားမှု့ဟာ
၄၀ zettabytes အထိရောက်ရှိသွားလိမ့်မယ်လို့ သိရှိရပါတယ်။အခုလက်ရှိ
အချိန်မှာ လူခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်ပေါင်းဟာ
60 zettabytes တောင်ရှိနေတာကြောင့် ကမ္ဘာမြေကြီးမှာရှိတဲ့ အချက်အလက်
တွေအားလုံးပေါင်းတာထက်တောင် များနေတယ်ဆိုတဲ့ အချက်ကိုတွေ့ရမှာ
ဖြစ်ပါတယ်။
Apple iOS နှင့် မျိုးရိုးဗီဇကုတ်
ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇအချက်အလက်မှာ မှတ်ဥာဏ်အနေ
နဲ့ 1.5 gigabytes သာပါဝင်တာဖြစ်ပြီးတော့ အဲ့ဒီမှတ်ဥာဏ်ပမာဏဟာ
iOS 10 ရဲ့ စနစ်နှင့် တူတူဘဲဖြစ်ပါတယ်။
အလျှင်နှုန်း (တစ်နာရီကို မိုင် ၂၁၀)
ဦးနှောက်ထဲမှာ ဓာတုဗေဒ ဓာတ်ပြုမှု့တွေဟာ တစ်စက္ကန့်ထဲမှာကိုပင် အကြိမ်ရေ
တစ်သိန်းလောက်ဖြစ်နေတာဖြစ်ပြီးတော့ အဲ့ဒီရဲ့ အရှိန်နှုန်းဟာ ကမ္ဘာပေါ်က
အမြန်ဆုံးရထားတွေထဲက တစ်ခုဖြစ်တဲ့ Shanghai Maglev ရထားရဲ့
အမြန်နှုန်းဖြစ်တဲ့ တစ်နာရီကို မိုင် ၂၇၀ နှင့် အနီးစပ်ဆုံးသွားတူနေတာဘဲဖြစ်
ပါတယ်။
ဦးနှောက်တစ်ခုအလုပ်လုပ်ပုံ
လူတွေဟာ သူတို့ဦးနှောက်ရဲ့ ၁၀ရာခိုင်နှုန်းကိုသာ အလုပ်လုပ်ကြတာဖြစ်ပါ
တယ်။ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဦးနှောက်ဟာ များစွာသော အရင်းအမြစ်တွေ
နှင့် လည်ပတ်ပါတယ်။ရေဒီယိုတစ်လုံးနှင့် နှိုင်းယှဉ်ပြလို့ရပါတယ်။ ကျွန်တော်တို့
တွေ ရေဒီယိုနားထောင်ရင် လိုင်းအများကြီးဖွင့်လို့မရဘဲ တစ်လိုင်းချင်းစီဘဲ
ဖွင့်ပြီးနားထောင်ရပါတယ်။ဒါပေမယ့်လည်း ကျန်တဲ့ လိုင်းတွေကတော့
အများကြီးရှိနေပါသေးတယ်။
စွမ်းအင်
ဦးနှောက်နှင့်လုပ်ဆောင်ချက်တွေ ယှဉ်ပြိုင်ဖို့အတွက်ဆိုရင်တော့ 1.4MW ရှိတဲ့ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာတစ်လုံးလိုအပ်မှာဖြစ်ပါတယ်။
ပျက်ဆီးနေတုန်းထုတ်လုပ်နိုင်တဲ့ စွမ်းအား
ထိခိုက်ဒဏ်ရာရနေတဲ့ အချိန်နှင့် ကုသနေတဲ့အချိန်တို့မှာတောင်မှ ဦးနှောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ လုပ်ဆောင်နိုင်စွမ်းက အင်မတန်မှကိုမြင့်မားပါတယ်။
ကမ္ဘာအားအကောင်းဆုံး ကိရိယာကတောင်မှ အဲ့ဒီလိုမျိုး မပြုလုပ်နိုင်ပါဘူး။
Bonus
ချက်အမျိုးအစားနှစ်မျိုးရှိပါတယ်။အပြင်ထွက်နေတဲ့ချက်နှင့် အတွင်းပိုင်းမှာဘဲ
ရှိတဲ့ချက်တွေပါ။ထူးခြားချက်ကဘာလည်းဆိုတော့ အပြင်ထွက်နေတဲ့ချက်
ရှိတဲ့လူရာခိုင်နှုန်းဟာ ကမ္ဘာပေါ်မှာ ၁ရာခိုင်နှုန်းဘဲရှိတာဖြစ်ပါတယ်။