လူသားတွေအတွက် အသက်ရှင်နေထိုင်ဖို့ ထမင်းစားရေသောက် ကိစ္စတွေအပြင် အိပ်စက်ခြင်းဆိုတာကလည်း တကယ်ကို အရေးတကြီးလိုအပ်တဲ့ အရာဖြစ်ပါတယ်။သာမန်ပျမ်းမျှလူတစ်ယောက်ဟာ တစ်ညမှာ အနည်းဆုံး ၈နာရီလောက်အိပ်သင့်တယ်လို့လည်း ကျန်းမာရေး အကြံပေးထားတာတွေ ရှိပါတယ်။ သို့သော်လည်း ဒီကမ္ဘာကြီးပေါ်မှာ အိပ်စက်ခြင်းဆိုတဲ့ အမှု့ကို ပြုတဲ့ သတ္တ၀ါဟာ ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ခုထဲ မဟုတ်ဘူးဆိုတာသင်သိပါသလား။အဲ့ဒီလို အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အခြားသော တိရစ္ဆာန်လေးတွေလည်း ဒီကမ္ဘာမြေပေါ်မှာရှိလို့နေပါသေးတယ်။Sleepypeople.com အဖွဲ့အစည်းကနေ လေ့လာတွေ့ရှိချက်အသစ် တစ်ခုအရ အံ့သြစရာကောင်းပြီး ထူးဆန်းလှတဲ့ တိရစ္ဆာန်လေးတွေရဲ့ အိပ်စက်ခြင်းအလေ့အကျင့်တွေကို ဖော်ပြပေးခဲ့ပါတယ်။
ကြောင်
ကြောင်လေးတွေကတော့ တစ်နေ့ကို ၁၃နာရီကနေ ၁၄နာရီကြားအိပ်တက်ကြပါတယ်တဲ့။ပြီးတော့ သူတို့ရဲ့ အမဲလိုက်ခြင်းအမှု့ကိစ္စကို ညဘက်တွေမှာ ပြုလုပ်ကြပါတယ်။ဒီအချက်ဟာ အိမ်မွေးကြောင်တွေအတွက်ကော တောထဲမှာနေထိုင်တဲ့ကြောင်တွေမှာကော တူညီကြပါတယ်။
ခွေး
တောရိုင်းခွေးတွေကတော့ အိပ်နေတဲ့အချိန်တွေမှာ အနွေးဓာတ်ရနိုင်ဖို့အတွက် သူတို့ကိုယ်တိုင် အိပ်ဖို့နေရာ ဖန်တီးပြီးတော့နွေးထွေးအောင်ပြုလုပ်ကြပါတယ်။အိမ်မွေးခွေးတွေကတော့ စောင်တွေ ခြုံထည်တွေထဲကို တိုးဝှေ့ပြီး အိပ်တက်ကြပါတယ်။တကယ်လို့များ ခွေးတစ်ကောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို သင်မြင်မိတယ်ဆိုရင်တော့ အဲ့ဒီခွေးရဲ့ စိတ်ထဲမှာလုံခြုံတယ်လို့ ခံစားနေရလို့ဘဲဖြစ်ပါတယ်။
ဆင်
အာဖရိကဆင်တွေကတော့ တစ်ရက်ကို ၂နာရီဘဲအိပ်ကြပါတယ်။ပြီးတော့ မတ်တပ်ရပ်အနေအထားနှင့်ဘဲ တစ်ခဏတာ မှေးစက်တက်ကြပါတယ်။ရက်အနည်းငယ်တိုင်းမှာ လှဲလျှက် အိပ်တက်ကြပေမယ့်လည်း မတ်တပ်ရပ်အိပ်နေတဲ့ အခိုက်အတန့်တွေမှာဆိုရင်REM အဆင့်ကို သူတို့မရောက်နိုင်ကြပါဘူး။
လင်းပိုင်
လင်းပိုင်တွေဟာ သူတို့အိပ်စက်နေတဲ့ အချိန်တွေမှာ ဆိုရင်တောင်မှ ဦးနှောဏ်ရဲ့ တစ်ခြမ်းကို အလုပ်လုပ်စေ နိုင်တဲ့ သတ္တ၀ါတွေဖြစ်ကြပါတယ်။ဒီလို ဦးနှောဏ်တစ်ဝက်ကို အလုပ်လုပ်စေခြင်းကြောင့် သူတို့တွေရဲ့ မျက်လုံး တစ်လုံးကို ဖွင့်လျက်ရှိစေနိုင်ပြီး အန္တရာယ်တွေကိုထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ပြီးတော့ လေရှုဖို့ အတွက် အပေါ်ကို တက်တက်လာတာကြောင့် သူတို့အိပ်နေတဲ့အချိန်မှာ ရေနစ်သေဆုံးခြင်း မဖြစ်တာဖြစ်ပါတယ်။
ပင်လယ်ဖျံ
တိရစ္ဆာန်တွေအများကြီး ကြားထဲကမှ အိပ်တဲ့နေရာမှာ အတော်လေးကို ချစ်ဖို့ကောင်းကြတဲ့ မျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ဖျံတွေက သူတို့ရဲ့ကျောကို ရေပြင်ပေါ်မှာ ပေါလောပေါ်တဲ့ အနေအထားနှင့် အိပ်တက်ကြ ပြီးတော့ တစ်ကောင်နှင့် တစ်ကောင် အိပ်နေတဲ့အချိန်အတွင်းမှာ မျောပါကွဲထွက်မသွားဖို့အတွက် တစ်ယောက် လက်ကိုတစ်ယောက်ကိုင်ထားတက်ကြပါတယ်။
ဖား
ဖားတွေနှင့် ပတ်သက်ပြီးတော့ လူသိနည်းတဲ့ အချက်ကတော့ ဖားတွေဟာ ဆောင်းခိုတက်တယ် ဆိုတာဘဲ ဖြစ်ပါတယ်။ပြီးတော့ တကယ်လက်မခံနိုင်စရာကောင်းအောင် သူတို့ရဲ့ အချို့အစိတ်အပိုင်းတွေဟာ ခဲသွား တက်ပါတယ်။မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကလွဲပြီး အေးခဲမှု့တွေဟာ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာပြီး တော့ သူတို့တွေအသက်ရှုရပ်သွားကြပါတယ်။
ပင်လယ်စင်ရော်
ပင်လယ်စင်ရော်တွေကတော့ သူတို့ရဲ့ အချိန်အတော်များများကို အမဲလိုက်ခြင်းနှင့် ကုန်ဆုံးတက်ကြပြီးတော့ တစ်ချိန်တည်းမှာ အလုပ်အကိုင်အတော်များများကို လုပ်နိုင်ကြတဲ့ ကျွမ်းကျင်သူများပီပီ လေပေါ်မှာ ပျံသန်း နေစဉ်အတွင်းမှာဘဲ သူတို့အိပ်တက်ကြပါတယ်။
ဘဲ
ဘဲတွေကတော့ တစ်ကောင်အနောက်မှာ တစ်ကောင်နေတဲ့ ပုံစံမျိုးနှင့် အတန်းလိုက် အိပ်တက်ကြပါတယ်။ အိပ်နေတဲ့ ပုံစံအတွင်းမှာဘဲ သူတို့ရဲ့ မျက်လုံးတစ်လုံးစီကို ဖွင့်ထားတက်ကြပါတယ်။ အကြောင်းရင်းကတော့ သားရဲ တိရစ္ဆာန်တွေရဲ့ ရန်ကို ကာကွယ်ဖို့ဖြစ်ပြီး အတန်းရဲ့ အလယ်ဗဟိုကတစ်ကောင်ကတော့ မျက်လုံး နှစ်လုံးစလုံးကို ပိတ်ထားပြီး အိပ်လို့ရပါတယ်။
သစ်ကုလားအုတ်
သစ်ကုလားအုတ်တွေကတော့ ကြားပိုင်းကာလတွေနှင့် အိပ်တက်ကြပြီးတော့ တစ်ခါအိပ်ရင် ၅မိနစ်ထပ်ပိုပြီး မအိပ်တက်ကြပါဘူး။သူတို့တွေက ၄နာရီခွဲလောက်အိပ်နိုင်ကြပေမယ့်လည်း မိနစ်၃၀လောက် အိပ်ယုံနှင့်လည်း လုံလောက်ပါတယ်။အရွယ်ရောက်ပီးသား သစ်ကုလားအုတ်တွေက မတ်တပ်ရပ်ပြီး အိပ်တက်ကြပေမယ့် အချို့သော အရွယ်မရောက်သေးတဲ့သစ်ကုလားငယ်လေးတွေကတော့ သူတို့ရဲ့လည်ပင်းကိုကွေးလို့ ခန္ဓာကိုယ်ပေါ်မှာ မှီပြီးမှ အိပ်တက်ကြပါတယ်။
တောင်အာဖရိကမြွေပါ
တောင်အာဖရိကမြွေပါတွေကတော့ အစုလိုက်အပြုံလိုက်အိပ်တက်ကြပါတယ်။ခေါင်းဆောင်မြွေပါကတော့ အဲ့ဒီအစုလိုက်ကြီးရဲ့ အောက်ခြေမှာ နေရပြီးတော့ အခြားသော မြွေပါတွေကို အန္တရာယ်ကင်းဖို့အတွက် စောင့်ရှောက်ပေးရပါတယ်။ဒီလို အစုလိုက်အပြုံလိုက်အိပ်စက်ခြင်းမျိုးဟာ အေးတဲ့ ညမျိုးတွေမှာလည်း နွေးထွေးစေဖို့အတွက် အထောက်အကူပြုပါတယ်။
ဖျံ
ဖျံတွေမှာတော့ ဘယ်နေရမှာဖြစ်ဖြစ် ဘယ်အချိန်မှာဖြစ်ဖြစ် အိပ်တက်တဲ့ အိပ်နိုင်တဲ့ အံ့သြစရာ စွမ်းရည်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ လဲလျောင်းပြီးတော့လည်း အိပ်နိုင်တယ်။ရေထဲမှာ မျောပြီးတော့လည်း အိပ်နိုင်တယ်။ရေအောက်ထဲမှာတောင် ၅မိနစ်လောက် အသက်အောင့်ပြီးတော့ အိပ်နိုင်ပါ သေးတယ်။ကုန်းမြေပေါ်မှာဆိုရင်တော့ သူတို့တွေဟာ တစ်ခါတစ်လေမှာ အံ့သြစရာကောင်းလောက်အောင် ၁၉နာရီလောက်အိပ်တက်ကြပါတယ်။
လင်းနို့
လင်းနို့တွေကတော့ သူတို့တွေရဲ့ တောင်ပံတွေမှာ မြေပြင်ပေါ်ကနေဖယ်ရှားဖို့အတွက် လုံလောက်တဲ့အားအင် မရှိတာကြောင့်ဇောက်ထိုးဆွဲပြီး အိပ်တက်ကြပါတယ်။အချိန်အတော်ကြာကြာလည်း အိပ်တက်ကြပါသေးတယ်။
ခရု
စာဖတ်သူတို့ချစ်ခင်ကြတဲ့ တိရစ္ဆာန်အမျိုးအစားထဲမှာ ခရုကတော့ မပါလောက်ပါဘူး။ဒါပေမယ့်လည်း သူတို့တွေရဲ့ အိပ်စက်ပုံက ထူးခြားလွန်းတာကြောင့် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။သာမန်ခရုတွေက ဆောင်းဦးရာသီကနေပြီးတော့ နွေဦးရာသီအထိ ဆောင်းခိုတက်ကြပါတယ်။ပြီးတော့ အီဂျစ်ကုန်းမြေမှာ သာနေထိုင်တဲ့ ခရုအမျိုးအစားတစ်မျိုးကတော့ တစ်ကြိမ်ထဲနှင့် လေးနှစ်ကြာအောင် အိပ်စက်နိုင်ပါတယ်။
ဝက်ဝံ
ကိုယ်ဝန်ရှိတဲ့ ၀က်ဝံတွေကတော့ ဆောင်းခိုနေရင်းနှင့် ကလေးမွေးကြပါတယ်။ပြီးတော့ ကျန်ရှိနေတဲ့ အိပ်ချိန်တွေကို အကောင်ပေါက်လေးတွေကိုယ့်ဘာသာကိုယ် စောင့်ရှောက်နိုင်တဲ့ အချိန်မျိုးတွေမှာ အသုံးချပါတယ်။နွေဦးရာသီတစ်မျိုးထဲမှာသာလျှင် လမ်းလျှောက်ထွက်ကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုကတော့ သူတို့တွေ ဆောင်းခိုနေစဉ်အတောအတွင်းမှာ ကျင်ကြီးကျင်ငယ်စွန့်တာမျိုးကို လုံးဝမလုပ်ပါဘူးတဲ့။
ချမ်ပန်ဇီ
ချမ်ပန်ဇီမျောက်တွေကတော့ သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကနေကင်းဝေးဖို့အတွက် သစ်ပင်တွေရဲ့ ထိပ်ဖျားမှာ အိပ်တက်ကြပါတယ်။ခိုင်မာတည်မြဲတဲ့ သစ်ကိုင်းတွေနှင့် သူတို့ရဲ့ အသိုက်ကိုဆောက်ပြီးတော့ နေထိုင်ကြတာဖြစ်ပါတယ်။