Keira Knightley တစ်ယောက် အင်္ဂါနေ့ညက charity ပွဲတစ်ခုမှာ သူမရဲ့ မင်္ဂလာပွဲတုန်းက ဂါဝန်လေးကို တစ်ခါပြန်ဝတ်ပြီး ခင်ပွန်းဖြစ်သူ ရောခ်အဆိုတော် James Righton နဲ့ တက်ရောက်လာပါတယ်။
သူမဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မင်းသမီးတွေထဲ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးအံ့အားသင့်သွားစေတဲ့ ဒီဝတ်စုံကို ပြန်လည်ဝတ်ဆင်ပြီးတော့ Keria Knightley ဟာ သူမကိုယ်သူမ အလွန်ချွေတာလွန်းတဲ့ ဖက်ရှင်သမားတစ်ယောက်အဖြစ် သက်သေပြသွား ခဲ့ပါတယ်။ အသက် ၂၈နှစ်ရှိ အလှအပလေးဟာ ပုံပြင်ဆန်တဲ့ မင်းသမီးဂါဝန်လေးနဲ့ London Roundhouse ရဲ့ ကော်ဇောနီပေါ်မှာ ဟန်ရေးပြသွားခဲ့ပါတယ်။
ဒီလိုဝတ်ဆင်တာဟာ တတိယအကြိမ်ဖြစ်ပြီး (အပေါ်)ပုံမှာကြည့်မယ်ဆိုရင်တော့ သူမဟာ ဒီဝတ်စုံကို ၂၀၀၈ ခုနှစ် BAFTA ပါတီမှာ ပထမဆုံးဝတ်ဆင်ခဲ့ပါတယ်။ (အောက်)ပုံကိုကြည့်ရင်တော့ ပြီးခဲ့တဲ့ မေလက သူမရဲ့ မင်္ဂလာဆောင်မှာလည်း ဒီဂါဝန်ကိုပဲ ပြန်လည်ဝတ်ဆင်ခဲ့တာပါ။
Eagle-eyed ရဲ့ ဖက်ရှင်အယ်ဒီတာက ၂၀၀၈ တုန်းက ပါတီမှာ သူမ၀တ်ခဲ့တဲ့ ဂါဝန်ဟာ James နဲ့ မင်္ဂလာဆောင်မှာ သူမ၀တ်ခဲ့တဲ့ ဂါဝန်နဲ့ အတော်လေးတူနေတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။
Look မဂ္ဂဇင်းရဲ့ ဖက်ရှင်နဲ့ အလှအပဆိုင်ရာ စီနီယာအယ်ဒီတာ Erica Davies ကလည်း အခုလိုပြောသွားပါတယ်။ “သူမဟာ မင်္ဂလာဆောင်မှာ ဒီဝတ်စုံကို ၂၀၀၈ တုန်းကနဲ့ အနည်းငယ်ကွဲသွားအောင် Chanel ဂျက်ကက်သေးလေးတစ်ထည် ထပ်ဝတ်ထားပါတယ်။ ပြီးတော့ ဖိနပ်ရှည်မစီးဘဲ ဘဲလေးအကဖိနပ် တစ်ရံ ပြောင်းစီးထားပါတယ်။ ဒါပေမယ့် ဂါဝန်ကတော့ အတော်လေးကို ဆင်ဆင်တူနေပါတယ်” တဲ့။
အခုတစ်ခါ တတိယတစ်ကြိမ်မှာတော့ သူမဟာ ပါးလွှာတဲ့ နို့နှစ်ရောင် အပေါ်ထပ်လေး ဖြည့်စွက်ထားပြီး လည်ပင်းနဲ့ လက်အနားတစ်ဝိုက်မှာတော့ ဇာပန်းထိုးလေးတွေနဲ့ အနားကွပ်ထားပါတယ်။ မျက်လုံးကိုတော့ smokey eye ပုံစံချယ်သထားပြီး ရွှေအိုရောင် ဒေါက်မြင့်ဖိနပ်တစ်ရံ ဆင်မြန်းထားပါတယ်။
Ref:dailymail