သွေးတိုး၊လေဖြတ်နှင့် နှလုံးရောဂါတို့ကို လျော့ချပေးနိုင်တဲ့ အစားအစာ ၁၀မျိုး

သွေးဖိအားများလာတာ ဒါမှမဟုတ် သွေးတိုးတာဟာဆိုရင် သင့်ရဲ့ သွေးကြောထဲကသွေးစီးဆင်းနှုန်းဟာ သာမန်ဖိအားထက်များပြီးတော့ ပိုမိုနှုန်းထားနှင့် စီးဆင်းနေလို့ဘဲဖြစ်ပါတယ်။ဒီလိုဖြစ်ခြင်းကြောင့် သင့်ရဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီး သူတော်တော်များများမှာ မြင်တွေ့နေရတဲ့ ကျန်းမာရေးအခြေအနေဖြစ်ပြီး ဒီအခြေအနေဟာ နှစ်ပေါင်းများစွာကြာအောင် ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကျန်းမာကောင်းမွန်တဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းတာမျိုးနှင့် အဟာရရှိတဲ့ အစားအစာတွေကို စားသုံးတာမျိုးကိုပြုလုပ်ယုံနှင့် သွေးကြောလေးတွေကို ဖွင့်ပေးနိုင်ပြီးတော့ ခန္ဓာကိုယ်က ပိုနေတဲ့ ဆိုဒီယမ်သတ္တုတွေကို ဖယ်ရှားပစ်ပေး နိုင်ပါတယ်။

တကယ်လို့များ သင်ဟာ သွေးတိုးတာကို တိုက်ခိုက်နိုင်ဖို့ သဘာဝကျတဲ့ နည်းလမ်းကိုရှာဖွေနေတာဆိုရင်တော့ ကျန်းမာပြီး အရသာရှိတဲ့ နှလုံးကို အထူးကောင်းမွန်စေနိုင်တဲ့အစားအစာ အသီးအရွက်တွေကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။သွေးတိုးတာကို လျှော့ချပေးနိုင်ဖို့အတွက် အဆီများတဲ့ အစားအစာနှင့် ကိုလက်စထရော များတဲ့ အစားအစာတွေကိုရှောင်ကျဉ်စားသောက်ရမယ်ဆိုတာကို တော့ ကျွန်တော်တို့ တော်တော်များများ သိပြီးကြပြီဖြစ်ပါတယ်။ပြီးတော့ လတ်ဆက်တဲ့ အသီးအနှံ၊အသီးအရွက် နှင့် အဆီကင်းကော၊အဆီနည်းသော နို့နှင့် နို့ထွက်ကုန်ပစ္စည်းတွေကို စားသုံးရမယ်ဆိုတာကိုလည်း သိပြီးသားဖြစ်ပါတယ်။ဒါပေမယ့် ဘယ်လို အသီးအနှံ ဘယ်လိုစားသောက်ကုန်တွေက ပိုပြီး အကျိုးဖြစ်ထွန်းမယ်ဆိုတာကိုအတိအကျသိနိုင်စေဖို့အတွက် အောက်မှာ ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

 

၁၀) ဌက်ပျောသီး

ဌက်ပျောသီးတွေက အရသာရှိယုံတင်မကဘဲ လေဖြတ်ရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ချေတို့ကိုပါ လျော့ချ ပေးနိုင်ပါတယ်။ဌက်ပျောသီးတွေမှာ ပိုတက်ဆီယမ်ကနေ ဆိုဒီယမ်ဖြစ်စေနိုင်တဲ့ အမြင့်ဆုံးနှုန်းထားတွေ ပိုင်ဆိုင်ထားပါတယ်။ပိုတက်ဆီယမ်ဆိုတာဟာ လူတွေကို ဆီးရွှန်စေဖို့အတွက်မကြာခဏ အသုံးပြုဖို့ အကြံပေးတားတဲ့ အရာဖြစ်ပါတယ်။ဒါကြောင့် တစ်နေ့ကို ဌက်ပျောသီးတစ်လုံးကနေနှစ်လုံးစားခြင်းဟာ သွေးတွင်းကသကြားဓာတ်ကို ကောင်းမွန်စွာထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပါတယ်။

 

၉) ဆားမပါတဲ့ နေကြာစေ့

နေကြာစေ့တွေဟာဆိုရင်လည်း မဂ္ဂနီဆီယမ်အရင်းအမြစ်များစွာပါဝင်တဲ့ အရာတွေဖြစ်ပါတယ်။အဟာရဖြစ်တဲ့ သရေစာမုန့်လို့လည်း ပြောလို့ရပါတယ်။ဒါပေမယ့် ဆားမပါတဲ့ နေကြာစေ့ကို ၀ယ်ယူဖို့အတွက်ကတော့ အလွန် အရေးကြီးပါတယ်။ဆားပါတဲ့ နေကြာစေ့တွေဟာ ဆိုဒီယမ် အများအပြားပါဝင်တာကြောင့် ရှောင်ကျဉ်ဖို့တောင် လိုအပ်ပါတယ်။

 

၈) ချောကလက်ညို

အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကထုတ်လုပ်တဲ့ ၂၀၀၇ခုနှစ် ဂျူလိုင်လထုတ် ဂျာနယ်အတွဲမှာ ပါဝင် တဲ့လေ့လာမှု့တစ်ခုအရ နေ့စဉ် ချောကလက်ညိုပမာဏ အနည်းငယ်ကို စားသုံးပေးခြင်းဟာ သွေးဖိအား ကို ကျဆင်းစေတယ်လို့ပါဝင်ပါတယ်။ချောကလက်ညိုတွေဟာဆိုရင် နှလုံးနှင့် သွေးကြောများစနစ်ကို တိုးတက် ကောင်းမွန်စေပြီးတော့နှလုံးနှင့် သွေးကြောများမှာဖြစ်တက်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်တာဘဲ ဖြစ်ပါ တယ်။ပြီးတော့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေကိုလည်း ချောကလက်ကတိုးတက်ကောင်းမွန် စေနိုင်ပါတယ်။

 

၇) လျှော်ပင်၏အစေ့

ဘာစားစား ဒီလျှော်ပင်အစေ့ကို အမှုန့်သဘောမျိုးကြိတ်ပြီးတော့ စားဖို့ကြိုးစားကြည့်ပါ။ သူတို့မှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီးတော့ တိကျတဲ့ ဓာတ်စာကို ထိန်းသိမ်းပေးနိုင်ကာ ကျန်းမာတဲ့အဆီချခြင်းကို ကူညီပေး နိုင်ပါတယ်။ကိုယ်လက်စထရောကို နည်းစေပြီးတော့ အိုမီဂါ သရီး ကြွယ်ဝစွာပါဝင်ပါတယ်။အဆိုပါ ကြွယ်ဝစွာ ပါဝင်တဲ့အိုမီဂါသရီး အက်ဆစ်ဟာဆိုရင် အသားအရည်ဖူးယောင်တာနှင့် ကူးစက်ရောဂါတွေကို တိုက်ထုတ် နိုင်ပါတယ်။

 

 

 

 

၆) ဟင်းနုနွယ်

အစိမ်းရောင်ပြည့်ဝစွာပါဝင်နေတဲ့ အရွက်အမျိုးအစားဖြစ်ပြီး ဟင်းနုနွယ်မှာ ကယ်လိုရီ နည်းပါးခြင်း၊ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်းနှင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပိုတက်ဆီယမ်၊အလွှာပါးများနှင့် မဂ္ဂနီဆီယမ်တို့ ပါဝင်ကြပါတယ်။သူတို့တွေပါဝင်ခြင်းရဲ့ အဓိကအကြောင်းအရာကတော့ ကျန်းမာကောင်းမွန်တဲ့ သွေးဖိအား ပမာဏကို ထိန်းသိမ်းဖို့အတွက်ဘဲဖြစ်ပါတယ်။

 

၅) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ သွေးဖိအားကို လျှော့ချပေးနိုင်တဲ့ အရေးကြီး ပဋိဇီဝဓာတ်တွေပါဝင်ပါတယ်။ခရမ်းချဉ်သီးမှာ အလွန်ကောင်းမွန်တဲ့ ပိုတက်ဆီယမ် ရင်းမြစ်ရှိပါတယ်။ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအား များတာကို လျော့နည်းစေနိုင်ပြီးနှလုံးရောဂါဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးကို လျှော့ချပေးနိုင်ပါတယ်။

 

၎) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ သွေးတိုးတာကို ကာကွယ်တိုက်ထုတ်နိုင်ဖို့အကောင်းဆုံး အရာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့သွေးကြောတွေကို ကျဉ်းမြောင်းစေနိုင်တာကြောင့်ဖြစ်ပါတယ်။ကြက်သွန်ဖြူတွေကို လှီးဖြတ်လိုက်တဲ့ အခါ ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ ဒြပ်ပေါင်းတွေထွက်လာပြီးတော့ မှိုတွေကိုတွေသေစေနိုင်တဲ့ ဒြပ်စင်တွေလည်း ထွက်လာပါတယ်။ဒီလိုဒြပ်စင်တွေထွက်လာတာကြောင့် ရောဂါပေါင်းများစွာကို တိုက်ထုတ် ပေးနိုင်ပြီးသွေးတိုးခြင်းကနေကင်းဝေးစေနိုင်ကာ နှလုံးရောဂါတို့လိုမျိုး၊လေဖြတ်ခြင်းတို့လိုမျိုးကို ကင်းဝေးစေ နိုင်ပါတယ်။ပြီးတော့ ကြက်သွန်ဖြူက ကိုလက်စထရောကိုလည်း လျော့နည်းစေနိုင်ပါတယ်။

 

၃) အဆီထုတ်ပြီးသားနို့

ဒါဟာ ခန္ဓာကိုယ်ကို တကယ်ကောင်းမွန်စေပါတယ်။နှလုံးကိုကျန်းမာစေတဲ့ ဒီအဆီဖယ်ထုတ်ပြီးသားနို့ဟာ ဆိုရင် ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်နှင့် ဗိုက်တာမင်ဒီ တို့ဖြစ်ကြတဲ့ အဟာရဓာတ် သုံးမျိုးပေါင်းစပ်ပါဝင် နေပြီးတော့ သွေးဖိအားကို ၃ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပါတယ်။

 

 

၂) ပဲပုပ်

ပဲပုပ်မှာ အလွန်ကိုမှ ပမာဏများပြားတဲ့ ပိုတက်ဆီယမ်ဓာတ်ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်နည်းပါးသွားတဲ့ အခါခန္ဓာကိုယ်ဟာ ဆိုဒီယမ်ကိုပြန်လည် လက်ခံရရှိပြီး ဆိုဒီယမ်တွေ အလွန်အမင်းများလာတဲ့အခါမှာတော့ သွေးဖိအားကိုတိုးစေပါတော့တယ်။ပိုတက်ဆီယမ်မြင့်မားတဲ့အခါတွေမှာ တော့ ခန္ဓာကိုယ်ဟာ ဆိုဒီယမ်ကို ဖယ်ရှားပေးနိုင်ပြီးသွေးဖိအားကိုနည်းစေနိုင်ပါတယ်။ပဲပုပ်မှာ သွေးဖိအားမျက်နှာပြင်ကို လျှော့ချပေးနိုင်တဲ့ isoflavones ပါဝင်လို့နေပါသေးတယ်။

 

၁) ပြည့်ဝဂျုံ

ပြည့်ဝဂျုံတွေကတော့ အမျှင်ဓာတ်များစွာပါဝင်တဲ့ အရင်းမြစ်ကြီးဖြစ်ပြီးတော့ ကျန်းမာတဲ့ ခန္ဓာကိုယ်နှင့် ညီမျှတဲ့ အဆီဓာတ်တို့ကိုထိန်းသိမ်းပေးနိုင်တဲ့ လိုအပ်တဲ့ အခြားအဟာရဓာတ်တွေပါဝင်နေတာ ဖြစ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စားသုံးခြင်းဟာ အချိန်အတော်ကြာအောင်လည်း အစာခံ နိုင်စေပါတယ်။ပညာရှင်တွေအကြံပေးခဲ့တာကတော့ စားလို့ကောင်းပြီး သုံးမြှောင့်ပုံအသီးသီးတဲ့ Buckwheat နှင့် ကောက်နှံပင်တို့ဟာဆိုရင် ပြည့်ဝဂျုံပင်အမျိုးအစားတွေများစွာထဲကမှ ပိုတက်ဆီယမ်ပမာဏများစွာပါဝင်တဲ့ အမျိုးအစားတွေဖြစ်တယ်လို့ဆိုပါတယ်။

 

553 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.