၁) အတင်းပြောတက်ကြပါတယ်
ယောက်ကျားလေး တော်တော်များများက အတင်းပြောရတာကို ကြိုက်နှစ်သက်ကြပြီးတော့ တစ်စုံတစ်ယောက်ရဲ့ ဘ၀အကြောင်းကိုပြောရတာကိုလည်း ကြိုက်ကြပါတယ်တဲ့။
၂) ဈေးဝယ်ထွက်ရတာကိုလည်း ကြိုက်ကြပါတယ်
မိန်းကလေးတွေ ဈေးဝယ်ထွက်တာ ကြိုက်သလောက်နီးပါးကို ကြိုက်ကြတာဖြစ်ပါတယ်။ဒါပေမယ့် ယောက်ကျားလေးတော်တော်များများက ဈေးဝယ်ထွက်ဖို့ကိုအခြားသောသူတစ်ယောက်ကို ဘယ်တော့မှ စမခေါ်တက်ပါဘူး။ဈေးဝယ်ထွက်တဲ့အချိန်ဟာ သူတို့ရဲ့ အတော်ကလေးကို လှို့ဝှက်ပြီးတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ အချိန်တွေဖြစ်ပါတယ်တဲ့။
၃) ကရတာကိုလည်း ကြိုက်ကြတယ်
မူးပြီဆိုတာနှင့် ကလို့ရပြီဆိုတာနှင့် မရပ်တော့ပါဘူးတဲ့။Sexy က တာတွေကိုပါကတက်ကြပြီးတော့ မိန်းကလေးတွေထက်တောင် ပိုကောင်းအောင်ကပြနိုင်ပါတယ်တဲ့။
၎) ဆပ်ပြာမြုပ်တွေနှင့် ရေချိုးရတာကိုလည်း ကြိုက်ကြပါတယ်
စိတ်တွေအရမ်းညစ်လာတဲ့ နေ့မျိုးတွေမှာ ဆပ်ပြာမြုပ်နှင့် အရက်တစ်ခွက်နှင့် ရေချိုးရေစိမ်လိုက်ရတဲ့ ခံစားချက်က ဘယ်အရာနှင့်မှ လဲလို့မရနိုင်ဘူးလို့ အမျိုးသားတော်တော်များများက ခိုင်ခိုင်မာမာ ယုံကြည်ထားကြပါတယ်။
၅) အသားအရေကိုလည်း ဂရုစိုက်ကြတယ်
ဒီအချက်မှာတော့ ယောက်ကျားလေးတော်တော်များများက မိန်းကလေးတွေလိုဘဲသူတို့ရဲ့ အသားအရေကို ဂရုစိုက်ကြပါတယ်။မတူညီတဲ့ အလှကုန်ပစ္စည်းတွေကိုအသုံးပြုရင်း သူတို့ရဲ့ အသားအရေတွေ ပိုပြီးကောင်းမွန်လာတဲ့ အနေအထားဖြစ်လာအောင် ထိန်းသိမ်းနေထိုင်တက်ကြပါတယ်။
၆) ရေချိုးရင်း သီချင်းဆိုတာကိုလည်း ကြိုက်နှစ်သက်ကြတယ်
ရေချိုးရင်း သီချင်းဆိုတာ သီချင်းညည်းတာတွေဟာ လူသားတွေ အကုန်လုံးကြိုက်နှစ်သက်ကြတာမို့လို့ မိန်းမဆန်တဲ့ အရာမဟုတ်ဘဲ ယောက်ကျားတွေလည်းကြိုက်နှစ်သက်ကြပါတယ်။
၇) Selfie ရိုက်ရတာလည်း ၀ါသနာပါကြပါတယ်
သင်ဟာ အခုအကြောင်းအရာနှင့် လုံးဝမပတ်သက်တဲ့ လူတစ်ယောက်၊ Selfie ရိုက်ရတာကို လုံးဝစိတ်မ၀င်စားတဲ့ လူတစ်ယောက်ဖြစ်ကောင်းဖြစ်နေနိုင်ရင်တောင်မှ အခုခေတ် ဖေစ့်ဘုတ် တို့လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဓာတ်ပုံပေါင်းသောင်းခြောက်ထောင်တင်နေတဲ့ အမျိုးသားတွေကို အများအပြားတွေ့မြင်နိုင်ပါတယ်။
၈) အချစ်ရုပ်ရှင်တွေကိုလည်း ကြိုက်ကြတယ်
တစ်ချို့သော ယောက်ကျားလေးတွေဟာ မိန်းကလေးတွေ အကြည့်များတဲ့ အချစ်ဇာတ်လမ်းတွေ၊အချစ်ရုပ်ရှင်တွေကို အသေအလဲ ကြိုက်ကြတယ်ဆိုတာသင့်အနေနဲ့ ယုံကြည်လိုက်ပါ။
၉) မိန်းကလေးတွေရဲ့ ချွေးနံ့ပျောက်ဆေးတွေကိုလည်း ယူသုံးတက်ကြတယ်
တစ်ချို့သော ယောက်ကျားလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်အနံ့အသက်နှင့် လုံးဝညှိနှိုင်းလို့ မရကြဘဲ သူတို့ရဲ့ ချွေးနံ့ပျောက်ဆေးတွေ၊roll on တွေ ကုန်သွားတဲ့အခါမှာ သူတို့ရဲ့ အစ်မ၊ညီမတွေဆီကဘဲဖြစ်ဖြစ်၊ ချစ်သူဇနီးမယားတို့ဆီကဘဲဖြစ်ဖြစ်နောက်ထပ် အသစ်မ၀ယ်ခင်မှာ ယူသုံးတက်ကြပါတယ်တဲ့။
၁၀) သွားရေစာတွေ၊မုန့်တွေကိုလည်း ကြိုက်ကြပါတယ်
ဟုတ်ပါတယ်။ယောက်ကျားလေးတော်တော်များများက သွားရည်စာတွေ၊မုန့်တွေကိုကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူရှေ့သူရှေ့မှာ ဘယ်တော့မှ ထုတ်မပြောတက်ကြပါဘူး။
၁၁) ခံစားစရာ ရုပ်ရှင်တွေကြည့်တဲ့အခါမှာလည်း ငိုတက်ကြတယ်
တကယ်လို့များ သင်ဟာ ခံစားတက်တဲ့ အမျိုးသားတစ်ယောက်သာဆိုရင် ဘယ်လောက်ဘဲ ကြိုးစားကြိုးစား သင့်ရဲ့မျက်ရည်တွေကို ထိန်းချုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
၁၂) ဒရမ်မာ ဆန်တဲ့ မျက်လုံးတွေကိုလည်း ပြုလုပ်တက်ကြပါတယ်
အမျိုးသားတွေက အဲ့ဒီအရာကို ကောင်းကောင်းကြီး ပြုလုပ်တက်ကြပါတယ်။အောက်မှာပြထားတဲ့ ပုံကတော့ အကောင်းဆုံးဥပမာဘဲဖြစ်ပါတယ်။
၁၃) ဖက်အိပ်ရတာကို ကြိုက်တယ်
ဟုတ်တယ်လေ။ဘယ်သူက ဖက်အိပ်ရတာကို မကြိုက်ဘဲနေမှာလည်း။