စုံစိနဖာ ဗဟုသုတအချက် ၁၀၀ (အပိုင်း-၂)

၂၆) ခြင်္သေ့တစ်ကောင်ရဲ့ ဟိန်းသံကို ၅မိုင်အကွာအဝေးကနေတောင်ကြားနိုင်ပါတယ်။

 

၂၇) ပင့်ကူပေါက်စလေးကို spiderling(ပင့်ကူငယ်)လို့ခေါ်ပါတယ်။

 

၂၈) ပေါင်မုန့်မီးကင်တဲ့စက်ဟာ တကယ့်မီးဖိုရဲ့ စွမ်းအင်တစ်ဝက်လောက်အထိအသုံးပြုထားပါတယ်။

 

၂၉) သင်ဟာ ဟောက်ခြင်း အိမ်မက်မက်ခြင်းကို တစ်ချိန်ထဲမှာပြုလုပ်လို့မရပါဘူး။

 

၃၀) အခုပြောပြမယ့် စာကြောင်းကို အရှေ့ကဖတ်ဖတ် အနောက်ကဖတ်ဖတ်အတူတူပါဘဲ။ (DO GEESE SEE GOD?)

 

၃၁) မွေးခါစရေဘ၀ဲရဲ့ အရွယ်အစားဟာ သန်းတစ်ကောင်ရဲ့ အရွယ်အစားနဲ့အတူတူပါဘဲ။

 

၃၂) သိုးတစ်ကောင်၊ဘဲတစ်ကောင်နှင့် ကြက်ဖတစ်ကောင်တို့ဟာ မီးပုံပျံတစ်လုံးရဲ့ပထမဦးဆုံးသော ခရီးသည်တွေဖြစ်ခဲ့ဖူးပါတယ်။

 

၃၃) ယုဂန္ဓာနိုင်ငံမှာ လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းဟာ အသက် ၁၅နှစ်အောက်တွေဖြစ်ပါတယ်။

 

၃၄) ဟစ်တလာရဲ့ မိခင်ဟာ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကြံစည်ခဲ့ဖူးပြီးတော့ဆရာဝန်က ကလေးကိုမွေးဖို့အတွက် ဖျောင်းဖျခဲ့ရပါတယ်။

 

၃၅) အာရပ်အမျိုးသမီးတွေအနေနဲ့ တကယ်လို့များ ခင်ပွန်းသည်က ကော်ဖီဖျော်မတိုက်ဖူးဆိုရင် ဇနီးသည်ကစတင်ပြီးတော့ ကွာရှင်းလို့ရပါတယ်။

 

၃၆) ဖန်ခွက်တစ်ခွက်ကို ပြန်လည်အသုံးပြုခြင်းက TV သုံးနာရီစာကြည့်ဖို့အတွက်လုံလောက်တဲ့ စွမ်းအင်ပမာဏကိုပေးစွမ်းနိုင်ပါတယ်။

 

၃၇) အင်းဆက်ကိုက်လို့ရတဲ့ အနာပေါ် ခွေးမစင်အနည်းငယ်လိမ်းကျံခြင်းဟာယားယံမှု့နှင့် ရောင်ရမ်းမှု့တို့ကို သက်သာစေပါတယ်။

 

၃၈) ငါးခူဟာ သဘာဝအတိုင်း နှုတ်ခမ်းမွှေးအရေအတွက် မ ကိန်းရှိတဲ့ တစ်ခုထဲသော တိရစ္ဆာန်ဖြစ်ပါတယ်။

 

၃၉) Facebook,Skype နှင့် Twitter အကုန်လုံးကို တရုတ်ပြည်မှာ ပိတ်ပင်ထားပါတယ်။

 

၄၀) တစ်ဖက်သားကို လုံးဝမပြောဖြစ်တဲ့စကားတွေကို ၉၅ရာခိုင်နှုန်းသော လူတွေကချရေးတက်ကြပါတယ်။

 

၄၁) တိုက်တမ်းနစ် သင်္ဘောဟာ SOS သင်္ကေတကို စတင်အသုံးပြုခဲ့တဲ့ ပထမဦးဆုံးသော သင်္ဘောဖြစ်ပါတယ်။

 

၄၂) နှစ်စဉ်နှစ်တိုင်းမှာ အမေရိကန်လူမျိုး ၈ထောင်လောက်ဟာ ဂီတတူရိယာပစ္စည်းတွေကြောင့်ဒဏ်ရာတွေ ရနေကြပါတယ်။

 

၄၃) ပြင်သစ်ဘာသာစကားမှာ လက်လျှော့အရှုံးပေးသူဆိုတဲ့ စကားလုံးပေါင်း၁၇ မျိုးတောင်ရှိပါတယ်။

 

၄၄) တောင်ဝင်ရိုးစွန်းရေခဲတောင်တွေက သုံးရာခိုင်နှုန်းသော ရေခဲတွေဟာပင်ဂွင်းတွေရဲ့ သေး တွေဖြစ်ပါတယ်။

 

၄၅) Bob Dylan ရဲ့ နာမည်ရင်းက Robert Zimmerman ဖြစ်ပါတယ်။

 

၄၆) မိချောင်းက လျှာထုတ်ပြလို့ မရပါဘူး။

 

၄၇) ပင်လယ်ဖျံတွေအိပ်ကြတဲ့အခါ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားကြပါတယ်။အဲ့တာမှလည်း သူတို့တွေ အိပ်တဲ့အချိန်မှာ ရေစီးနှင့် မျောပြီးမပါသွားမှာဖြစ်ပါတယ်။

 

၄၈) အပြာရောင်ဝေလငါးတစ်ကောင်ရဲ့ သွေးပြန်ကြောထဲမှာ ကလေးငယ်လေးတစ်ယောက်စာ ကောင်းကောင်းရေကူးနိုင်တဲ့ အကျယ်အ၀န်းရှိပါတယ်။

 

၄၉) Bin Laden ရဲ့ သေဆုံးမှု့ကို ၂၀၁၁ ခုနှစ် မေလ၁ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီးတော့ Hitler ရဲ့ သေဆုံးမှု့ကို ၁၉၄၅ ခုနှစ် မေလ၁ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

 

၅၀) Poole မြို့က Pound World ဟာ စီးပွားရေးလုပ်ငန်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ဘာလို့လည်းဆိုတော့ 99p နာမည်နှင့် ဖွင့်ထားတဲ့ စတိုးဆိုင်လေးက တူညီတဲ့ကုန်ပစ္စည်းတစ်ခုထဲကိုဘဲ ဈေးလျှော့ရောင်းခဲ့လို့ ဖြစ်ပါတယ်တဲ့။ဒါပေမယ့် အဲ့ဒီစတိုးဆိုင်လေး လျှော့ရောင်းခဲ့တဲ့ ဈေးက ငွေအကြေ တစ်ကျပ်ဘဲဖြစ်ပါတယ်။

138 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.