တကယ်လို့များ အခုချိန် သင်ပျင်းနေတယ်ဆိုရင် ၁၀မိနစ်လောက်အချိန်ပေးပြီး ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။ရယ်စရာတွေ၊ ဗဟုသုတဖြစ်စရာတွေနှင့် အံ့သြစရာအချက်တွေကို အပိုင်းလိုက် တင်ပြပေးသွားမှာမို့လို့ သင့်အနေနဲ့စိတ်ကျေနပ်မှု့တစ်စုံတစ်ရာ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
၁) နံရံနှင့် ခေါင်းနှင့် တစ်နာရီလောက် စောင့်မိရင် ခန္ဓာကိုယ်ကနေ ကယ်လိုရီ ၁၅၀လောက် လောင်ကျွမ်း ပါတယ်တဲ့။
၂) UK မှာ ခရစ်စမတ်နေ့တွေရောက်တိုင်း သစ်သီးခြောက်စားခြင်းက တရားဥပဒေနှင့် ငြိစွန်းပါတယ်။
၃) Pteronophobia ဆိုတာ ဌက်တောင်မွှေးနှင့် ကလိထိုးခံရမှာကို ကြောက်တဲ့စိတ်ရောဂါဖြစ်ပါတယ်။
၎) ရေမြင်းတွေ စိတ်မကောင်းဝမ်းနည်းဖြစ်တဲ့အချိန်တွေမှာ သူတို့ရဲ့ ချွေးတွေကအနီရောင်ပြောင်းသွားပါတယ်။
၅) ကျီးကန်းအုပ်လိုက်ကြီးကို လူသတ်သမားလို့ခေါ်ကြပါတယ်။
၆) Facebook နှင့် ပတ်သက်ပြီးတော့ စိတ်စွဲလန်းမှု့ဟာ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်မှု့ကြောင့်လို့ စိတ်ရောဂါဆရာဝန်တွေက သတ်မှတ်ထားပါတယ်။
၇) ပျမ်းမျှအမျိုးသမီးတစ်ယောက် ၅နှစ်အတွင်း အသုံးပြုခဲ့တဲ့ နှုတ်ခမ်းနီတောင့်တွေကို စုဆောင်းလိုက်ရင် သူမရဲ့ အရပ်လောက်ရှိပါတယ်။
၈) မေလ ၂၉ရက်နေ့ဟာ ခေါင်းအုံးတစ်လုံးကို ကိုယ်ပိုင်ရေခဲသေတ္တာထဲ ထည့်ရတဲ့နေ့အဖြစ် တရားဝင် သတ်မှတ်ထားတာဖြစ်ပါတယ်။
၉) Cherophobia ဆိုတာကတော့ ပျော်ပျော်ရွှင်ရွှင်နေရတာကို ကြောက်ရွံ့တဲ့ စိတ်ရောဂါဖြစ်ပါတယ်။
၁၀) လူတွေရဲ့ တံထွေးဟာ ပုံမှန်ရေထက် သုံးဆပိုမိုတဲ့ ရေဆူမှတ်ကို ပိုင်ဆိုင်ထားပါတယ်။
၁၁) တကယ်လို့များ သင်ဟာ သားပိုက်ကောင်တစ်ကောင်ရဲ့ အမြီးကို မြေပြင်နှင့်မထိအောင် မ ထားလိုက်မယ်ဆိုရင် သူတို့တွေ မခုန်နိုင်တော့ပါဘူး။
၁၂) ဌက်ပျောသီးတွေကွေးနေရတဲ့ အကြောင်းရင်းကတော့ သူတို့တွေဟာ နေဘက်ကိုမျက်နှာမူပြီး ကြီးထွားလာရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
၁၃) ဆိတ်ထီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ခေါင်းပေါ်မှာ သေးပန်းပြီးတော့ ထွက်လာတဲ့ အနံ့နှင့် အမမျိုးတွေကို ဆွဲဆောင်မှု့ပြုလုပ်ကြပါတယ်။
၁၄) အပျော်တမ်းပစ်ကစားရတဲ့ လေ၀ဲပစ်ပန်းကန်ပြားကို တီထွင်ခဲ့သူ သေဆုံးသွားခဲ့တုန်းက မီးသဂြိုလ်ခဲ့တာ ဖြစ်ပြီးတော့ အဆိုပါ လေ၀ဲပစ်ပန်းကန်ပြားကိုလည်း သူသေဆုံးသွားပြီးတဲ့အခါမှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၁၅) သင့်ရဲ့ ဘ၀သက်တမ်းတစ်လျှောက်အတွင်းမှာ သင်ဟာ ရေကူးကန် နှစ်ကန်လောက်ကို ဖြည့်ပေးနိုင်တဲ့ ပမာဏရှိတဲ့ တံထွေးတွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။
၁၆) တကယ်လို့များ Pinokio ဟာ ကျွန်တော့်ရဲ့ နှာခေါင်းတွေ ရှည်လာပြီလို့ ပြောလိုက်မယ်ဆိုရင် အဲ့ဒီစကားဟာ ၀ိရောဓိဖြစ်သွားပါလိမ့်မယ်။
၁၇) ပိုလာဝက်ဝံတွေဟာ တစ်ထိုင်ထဲနှင့် ပင်ဂွင်း ၈၆ ကောင်ကို စားနိုင်ပါတယ်။(သူတို့တွေ တစ်နေရာထဲမှာ အတူတူရှိနေမယ်ဆိုရင်ပေါ့)
၁၈) King Henry Vll ဟာ အိပ်တဲ့အခါ သူ့ရဲ့ ဘေးမှာ ပုဆိန်အကြီးကြီးတစ်လက်ကိုထားပြီး အိပ်လေ့ ရှိပါတယ်။
၁၉) ရုပ်ရှင်ထွေလာတွေကို မူလတုန်းကဆိုရင် ရုပ်ရှင်ပြသပြီးတဲ့အခါကျမှ ပြလေ့ရှိပါတယ်။ဒါကြောင့်လည်း ထွေလာလို့ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
၂၀) သိမ်းဌက်တစ်ကောင်ဟာ သမင်ငယ်၊ဒရယ်ငယ်တစ်ကောင်ကို သတ်နိုင်ပြီးတော့ အဲ့ဒီအသေကောင်နှင့် အဝေးကိုပျံသန်းနိုင်ပါတယ်။
၂၁) နှလုံးရောဂါဟာ တနင်္လာနေ့တွေမှာ ပိုပြီးဖြစ်နိုင်ဖို့ အလားအလာရှိပါတယ်။
၂၂) တကယ်လို့များ သင်ဟာ အပြောင်းအလဲမရှိဘဲ ၆နှစ်နှင့်၉လလောက် လေလည်မယ်ဆိုရင် အနုမြုဗုံးတစ်လုံးကို တီထွင်နိုင်ဖို့အတွက် စွမ်းအင်ကို ထုတ်လုပ်နိုင်တဲ့ဂတ်စ်ပမာဏ ထွက်မှာဖြစ်ပါတယ်။
၂၃) ၂၀၁၅ ခုနှစ်တုန်းက လူတွေဟာ ငါးမန်းတိုက်ခိုက်မှု့မှ ရခဲ့တဲ့ ဒဏ်ရာကြောင့်သေဆုံးမှု့ထက် ဆယ်ဖီစွဲရင်း သေဆုံးမှု့က ပိုပြီးများပြားခဲ့ပါတယ်။
၂၄) သင့်ကို လေလည်စေနိုင်တဲ့ ထိပ်တန်းအစားအစာ ၆မျိုးကတော့ ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ငရုတ်ပွ၊ ပန်းဂေါ်ဖီ၊ ကော်ဖီထုပ်နှင့် နို့တို့ဘဲဖြစ်ပါတယ်။
၂၅) လေလင့်ပင့်ကူ(ခြေသလုံးအိမ်တိုင်ပင့်ကူ)လို့ခေါ်တဲ့ ပင့်ကူအမျိုးအစားတစ်မျိုး တကယ်ရှိပါတယ်။