အလုပ်မှာ တနေကုန်လုံး လျော့တိလျော့ရွဲ နေခဲ့မိတယ်လို့ ကိုယ့်ကိုကိုယ်သတိထားမိဖူးပါသလား။အလုပ်မှာဘဲ တစ်ချိန်လုံး ခန္ဓာကိုယ်အပေါ်ပိုင်းကို လေးလက်မလောက် ပင့်တင်တောင့်တင်းထားပြီးတော့ကျောရိုးကြီးကို ဖြောင့်တန်းနေရပြီးတဲ့နောက် အမ် ငါ့နောက်ကျောတွေ ဂုတ်တွေကဘာလို့များ နာနေရတာလည်းလို့ ထင်မိ နေပါသလား။

တင်းမာနေတဲ့ ကြွက်သားတွေ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလိုမျိုး အမြဲတမ်းကိုယ်နဲ့အတူတူတွဲပါလာတက်ပါတယ်။ ရုံးမှာ ကုမ္ပဏီမှာ တစ်နေကုန်အလုပ်လုပ်ခဲ့ပြီးညနေအိမ်ပြန်ရောက်လို့ TV ကိုကြည့်တဲ့ အခါတွေမှာ ကိုယ့်ရဲ့ ဇတ်ကြောကို လက်လေးနှင့် နှိပ်လို့ အမြဲလိုလိုနေထိုင်ခဲ့ပေမယ့်လည်း နာကျင်မှု့တွေကတော့ ပျောက်ဆုံး သွားခဲ့တယ်လို့မရှိပါဘူး။
အခုခေတ်မှာ ခေတ်မှီနည်းပညာတွေ တိုးတက်လာတာနှင့် အမျှ ခေတ်ပေါ်အသုံးအဆောင်တွေ ခေတ်ပေါ် အိုင်တီပစ္စည်းတွေနှင့် တနေကုန်အလုပ်လုပ်ရတဲ့သူတွေ၊ တိုးတက်ပြောင်းလဲမှု့နှင့် အတူလူနေမှု့ အတူတူ စားပွဲခုံတွေ၊ထိုင်ခုံတွေပေါ်မှာ ကွန်ပြူတာတစ်လုံးနှင့်တနေကုန် အချိန်ကုန်နေရတဲ့သူတွေလည်း အဆင့်အတန်း မြင့်မားလာမှု့နှင့် များပြားလို့လာပါတယ်။ဒီလိုကွန်ပြူတာတွေနှင့် အချိန်အတော်ကြာအလုပ်လုပ်ခြင်းဟာ ပုခုံးနှင့် လည်ပင်း(ဂုတ်)ကြွက်သားတွေကို အဆင်မပြေမှု့တွေအများအပြားဖြစ်စေနိုင်ပါတယ်။
နောက် နာကျင်မှု့ဟာ အတော်ကို ဖိစီးလာတဲ့အခါတွေမှာ သင့်အနေနဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲတက်လာပါလိမ့်မယ်။ဒါဟာလည်း တစ်ခဏတာဘဲသက်သာစေနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ နောက်တိတိကျကျပြောရမယ်ဆိုရင်လည်း ကျန်းမာရေးနှင့် ကိုက်ညီမှု့မရှိပါဘူး။
တစ်နေကုန်လုံး ညောင်းညာကိုက်ခဲနေခြင်းဟာဆိုရင် တဖြည်းဖြည်းနှင့် အေးချမ်းစွာ အနားယူနိုင်ဖို့ကို စိန်ခေါ် လာနိုင်ပြီးတော့နာကျင်မှု့ကို ပျောက်ကင်းစေနိုင်ဖို့အတွက် မှန်ကန်နဲ့ နေထိုင်မှု့ပုံစံတွေကို ရှာလို့မတွေ့ နိုင်တော့တဲ့အထိဖြစ်လာပါတော့တယ်။အဲ့ဒီလို အခက်အခဲတွေနှင့် ညအိပ်ယာဝင်ပြီးတဲ့နောက် နောက်တစ်နေ့ မနက် အိပ်ယာကထတဲ့အခါ ပင်ပန်းနွမ်းနယ်မှု့ကို ခံစားနေရမှာဖြစ်ပြီးတော့ ပိုလို့တောင် နာကျင်ကိုက်ခဲနေအုံး မှာဖြစ်ပါတယ်။ ဒီလိုနှင့် မဆုံးနိုင်တဲ့ သံသရာ စက်ဝန်းထဲလည်ပတ်မိနေသလိုဖြစ်နေပါတော့မယ်။
ပုခုံးနှင့် ဂုတ်ကြွက်သားတို့အတွက်လေ့ကျင့်ခန်း
ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ဘဲ ဒေါက်တာ မာရှယ်ဘရိုစတိန်းဆိုတဲ့သူက ဒီလိုပုခုံးနှင့် ဂုတ်ကြွက်သားနာကျင်မှု့ တွေကိုပြေပျောက်စေနိုင်ဖို့အတွက် သုံးမိနစ်စာ လေ့ကျင့်ခန်းကို တီထွင်ဖန်တီးပေးခဲ့ပါတယ်။ အံ့အားသင့်စရာ ကောင်းလောက်အောင်ဘဲဒီလေ့ကျင့်ခန်းဟာ တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်ရသူတွေအတွက် ပိုပြီးတော့ အကျိုးဖြစ်ထွန်းတာကိုတွေ့ရှိခဲ့ရပါတယ်။
၁) ပုခုံးကို ၁၀ကြိမ် လှည့်ခြင်း
ပုခုံးနှင့် စက်ဝိုင်းပုံစံကို ၁၀ကြိမ် အနောက်ဘက်သို့ပြုလုပ်ပေးပြီးတော့ အရှေ့ဘက်ကို ၁၀ကြိမ်ပြန်လည် ပြုလုပ်ပေးရပါမယ်။
၂) လက်ဖ၀ါးကိုလည်း ၁၀ကြိမ်လှည့်ခြင်း
လက်ဖ၀ါးနှင့်အတူတူ ပုခုံးကို ၁၀ကြိမ်တိတိ မှောက်လျက်တစ်ခါ ပက်လက်တစ်ခါ ပုံပါအတိုင်းပြုလုပ်ရပါမယ်။
၃) စာခြောက်ရုပ်
ဒီလေ့ကျင့်ခန်းကလည်းလွယ်ကူတဲ့အထဲမှာပါဝင်ပါတယ်။အထူးသတိထားရမှာကတော့ တံတောင်ဆစ်တွေဟာ တစ်တန်းထဲမှာ ရှိနေရမှာဖြစ်ပြီးတော့ လက်မောင်းတွေကို အပေါ်အောက် ၁၀ကြိမ်လှည့်ပေးရမှာဖြစ်ပါတယ်။
၎) ဂုတ်ကြွက်သားကို ဆန့်ပေးခြင်း
အရှေ့ဘက်ကို ပုံသေထားပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။မေးစေ့ကို ခန္ဓာကိုယ်နှင့် ထိအောင်ထားတဲ့ အနေအထား ဖြစ်ပြီးတော့ လက်ရဲ့အကူအညီနှင့် ခေါင်းကို အောက်စိုက်ပေးထားရပါမယ်။ပြီးရင်တော့ ခေါင်းကို မကိုင်ထားတဲ့ လက် အဖက်ခြမ်းဆီကို ခေါင်းလှည့်ပေးရပါမယ်။ငြင်ငြင်သာသာပြုလုပ်ရပါမယ်။
(၅) အရှေ့အနောက် ဆွဲဆန့်ခြင်း
ထိုင်လျက်အနေအထားနှင့်ဘဲ လက်တွေကို ခေါင်းအနောက်မှာပစ်ထားပြီးတော့ ဦးခေါင်းနှင့် ကပ်နေအောင် ထားရပါမယ်။ပြီးရင်တော့ လက်တွေကို ချိတ်လျက်အနေအထားနှင့်ဘဲ အရှေ့ဘက်ကိုစုလို့ အနောက်ဘက် ကိုပြန်လည် ကားထုတ်ပေးရပါမယ်။