ကြွက်နို့ပေါက်နေသူများအတွက် သတင်းကောင်းလေး ပါးလိုက်ပါရစေ

ကြွက်နို့က ဘာလည်းဆိုတာကို အကျယ်တ၀င့်ရှင်းပြနေစရာတော့ မလိုဘူးလို့ထင်ပါတယ်။ ဟုတ်တယ်မဟုတ်လားဗျ။ကိုယ့်ရဲ့ အရေပြားပေါ်မှာ ဘယ်လိုပေါက်လာမှန်းမသိတဲ့ ဒီဖောင်းကြွအနာလေး တစ်ခုကို ငယ်ငယ်တုန်းကဘဲဖြစ်ဖြစ် စာဖတ်သူတို့အနေနဲ့ ထိုးဆွပြီး ဖယ်ရှားဖူးမယ် ဆိုတာငြင်းဖွယ်ရာမရှိ။ အခြေခံအားဖြင့်ဆိုရရင်တော့ ကြွက်နို့တွေဆိုတာဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နူးညံ့တဲ့ အရေပြားကြီးထွားမှု့ တစ်ခုလို့ ခေါ်နိုင်ပါတယ်။ဒီဗိုင်းရပ်စ်အနာဟာဆိုရင် သင့်ရဲ့ အရေပြားပေါ်ကိုဖြတ်ထုတ်လိုက်မိတာကြောင့် ဘဲဖြစ်ဖြစ် ထိခိုက်မှု့တစ်စုံတစ်ရာကြောင့်ဘဲဖြစ်ဖြစ်၊ ကြွက်နို့ပေါက်နေသူနှင့်ထိတွေ့မိလို့ဘဲဖြစ်ဖြစ် သင့်ဆီကို ရောက်ရှိဖြစ်ပွားနိုင်ပါတယ်။ နောက်တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့မျက်နှာသုတ်ပုဝါကို အတူတူသုံးမိလို့ဘဲ ဖြစ်ဖြစ်၊လက်သည်းညှပ်တို့လိုမျိုး အရာကို အတူတူသုံးမိလို့ဘဲဖြစ်ဖြစ်ကူးစက်နိုင်ပါတယ်။ ကြွက်နို့တွေက အရေပြားရဲ့ ဘယ်လိုနေရာမျိုးမှာမဆို ပေါက်နိုင်ပြီးတော့ ယားယံမှု့နှင့်ရှက်စရာကောင်းမှု့တို့ကိုဖြစ်စေပါတယ်။ ဒါပေမယ့် စိတ်မပူပါနှင့်။အခု ကျွန်တော်တို့က ကြွက်နို့ကို သဘာဝနည်းလမ်းနှင့် အရေပြားပေါ်ကနေဖယ်ရှား လို့ရနိုင်အောင်ပြောပြပေးသွားမှာဘဲဖြစ်ပါတယ်။

တကယ်လို့များ စာဖတ်သူတို့က ကြွက်နို့တွေကို ဖယ်ရှားပစ်ဖို့ကြိုးစားနေတဲ့ သူတွေ၊ကြွက်နို့ပျောက်ချင်လို့ ဘယ်လိုလုပ်ရမှန်းမသိတဲ့လူတွေဆိုရင်တေ့ ဒီအောက်ကနည်းလမ်းလေးတွေကို ကြိုးစားကြည့်စေချင်ပါတယ်။

 

၁) အရည်ကျတဲ့ ခရုတစ်ကောင်ရဲ့ သွားရည်အနည်းငယ်ကို ကြွက်နို့ပေါက်တဲ့နေရာမှာ သုတ်လိမ်းပေးပြီးတော့ နေရောင် ဒါမှမဟုတ် ပူတဲ့နေရာတစ်ခုခုမှာ အခြောက်ခံလိုက်ပါ။ရက်သတ္တပတ်အနည်းငယ်တွင်း ကြွက်နို့ဆိုတာ ပျောက်သွားပါလိမ့်မယ်။

 

၂) မနက်တိုင်းရေမချိုးခင် ကြွက်နို့ပေါက်တဲ့နေရာတစ်ဝိုက်ကို ဆေးလိပ်ပြာ အနည်းငယ်ပွတ်ပေးထားလိုက်ပါ။ ဒီနည်းလမ်းဟာဆိုရင်လည်း သင်ကြိုးစားလို့ရတဲ့အထဲကမှ အလွယ်ဆုံးနှင့် အရိုးရှင်းဆုံးသောနည်းလမ်း တစ်ခုဖြစ်ပါတယ်။

 

၃) ကတ်ထူပြားပါးပါးတစ်ချပ်ကို ယူပြီး ပေါက်နေတဲ့ ကြွက်နို့ရဲ့ အရွယ်အစားအတိုင်း ကတ်ထူပြားမှာ အပေါက်လုပ်လိုက်ပါ။ သကြားခဲတစ်ခဲကို ကြွက်နို့ပေါ်တင်ပြီးတော့ အပူပေးလိုက်တဲ့အခါ အဲ့ဒီသကြား အရည်ပျော်တွေဟာ ကြွက်နို့ပေါ်ကို စီးကျသွားပါလိမ့်မယ်။အစပိုင်းမှာတော့ အနည်းငယ်နာကျင်မှာဖြစ်ပြီးတော့ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာတော့တဖြည်းဖြည်းနှင့် မဲခြောက်သွားပီး ပျောက်သွားပါလိမ့်မယ်။

 

၎) တစ်နေ့ကို သုံးလေးကြိမ်လောက် ကြွက်နို့ကို မြေဖြူခဲနှင့် ပွတ်ပေးပါ။ဒါမှမဟုတ်ရင်လည်း မြေဖြူအမှုန့်ကို ရေနှင့် ဖျော်ပြီး ကြွက်နို့ပေါက်တဲ့နေရာမှာ လိမ်းပေးလို့ရပါတယ်။ဒီနည်းလမ်းနှင့်လည်း ရက်အနည်းငယ်အတွင်း ကြွက်နို့တွေ ပျောက်သွားပါလိမ့်မယ်။

 

၅) နာနတ်သီးလတ်လတ်ဆတ်ဆတ်နှင့်လည်း ကြွက်နို့ကို ပွတ်ပေးလို့ရပါတယ်။တစ်ရက်ကို ၅ကြိမ်ကနေ ၆ကြိမ်လောက် ပွတ်ပေးလို့ရပါတယ်။သဘာဝအက်စစ်ဓာတ်နှင့် အင်ဇိုင်းတို့က သင့်ကို ကူညီပေးပါလိမ့်မယ်။

 

၆) အိပ်ရေး၀၀အိပ်ပြီးတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လည်း အရေးကြီးပါတယ်။ရောဂါဘယတွေကို ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့ သံလွင်အရွက်၊ဗိုက်တာမင်စီ၊သတ္တုဓာတ်၊နနွင်းနှင့် ကြောင်လက်သည်း တို့ကိုလည်း အသုံးပြုရပါမယ်။

 

၇) ကြွက်နို့က တစ်ယောက်ကနေတစ်ယောက်ကိုလည်း ကူးစက်နိုင်ပါတယ်။ပြီးတော့ သင့်မှာ ကြွက်နို့ရှိပြီးသား ဆိုရင်တောင်မှ ကြွက်နို့ကိုင်ပီးသားလက်နှင့်အခြားနေရာတွေကို ကိုင်လိုက်မိတယ်ဆိုရင်လည်း ကိုင်လိုက်တဲ့ နေရာမှာ ကြွက်နို့ထပ်ပေါက်နိုင်ပါတယ်။ဒါကြောင့် ကြွက်နို့ကိုင်ပြီးတိုင်း လက်ဆေးဖို့မမေ့ပါနှင့်။

 

၈) လတ်လတ်ဆတ်ဆတ် ကြွက်သွန်ဖြူကို ရေနှင့်ရောပြီး မွှေချလိုက်ပါ။အနှစ်တွေဖြစ်အောင် ထောင်းလိုက်လည်းရပါတယ်။အဲ့ဒီအနှစ်ကို

ကြွက်နို့ပေါ်မှာ လိမ်းပေးပြီးတော့ အပေါ်ကနေ ပတ်တီးအုပ်ပေးထားပါ။နာရီတိုင်းနီးပါးပြုလုပ်ပေးရပါမယ်။ကြွက်နို့မပျောက်မချင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။

 

၉) အရမ်းအေးတဲ့ စပရေးဘူးတွေနှင့်လည်း ကြွက်နို့ကို ခဲပစ်လို့ရပါတယ်။အဲ့ဒီစပရေးဘူးက ကြွက်နို့အနားတစ်ဝိုက်ကို ပေါက်ပြဲအောင်ပြုလုပ်တဲ့အခါ

ကြွက်နို့က သူ့အလိုလို ပြုတ်ကျသွားပါလိမ့်မယ်။ရေခဲတုံးနှင့်တော့ လုပ်လို့မရပါဘူးနော်။

 

၁၀) ရှားဇောင်းပင်ရဲ့ အရည်ကြည်ကိုလည်း ကြွက်နို့မှာ လိမ်းပေးလို့ရပါတယ်။

 

စာဖတ်သူတွေအနေနဲ့လည်း ဒီနည်းလမ်းလေးတွေအပြင် နောက်ထပ် သိထားတာလေးတွေများရှိသေးရင် ကွန်မန့်ဘောက်မှာ အခြားသူတွေသိအောင်

ဆေးနည်းလေးအဖြစ် ကုသိုလ်ယူရင်း ဝေမျှပေးခဲ့ပါအုံးနော်။

821 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.