ဘယ်သူမှကိုထုတ်မပြောသင့်တဲ့ အကြောင်းအရာ ၁၂ မျိုး

ကိုယ့်ရဲ့ အကြောင်းကိုအားလုံးသိနေပြီး အစစအရာရာကို ဖွင့်ပြောတိုင်ပင်လို့ရတဲ့ သူငယ်ချင်းအရင်းကြီးမျိုး (သို့) မိသားစုပုံစံမျိုးကို သင့်အနေနဲ့ လိုချင်ကောင်းလိုချင်ပါလိမ့်မယ်။ဒါပေမယ့် အမှန်တရားကတော့ သင့်ရဲ့ အကြောင်းအရာအကုန်လုံးကို သိသင့်သိထိုက်တဲ့ လူဆိုတာ လုံးဝမရှိပါဘူး။သင်ဟာ ဘယ်လိုလူမျိုးဆိုတာကို ဗဟုသုတအနေနဲ့ တခြားသူတွေကို ထုတ်ပြဖို့အတွက် လုံးဝမလိုအပ်ပါဘူး။ ဒီလိုသာသင့်အကြောင်းအကုန် သိသွားခဲ့မယ်ဆိုရင် ဂုဏ်သိက္ခာပိုင်းအပြင်ကို အခြားသောလူမှု့ဆက်ဆံရေးနယ်ပယ်တွေမှာ သင့်အတွက် အခက်အခဲတွေအများကြီးရှိလာနိုင်တယ်ဆိုတာ သင်ကြိုတွေးထားရပါမယ်။အဲ့တာဆို ဘယ်သူကိုမှ ဘာမှ ပြောလို့မရတော့ဖူးလား။ဖွင့်ဟတိုင်ပင်လို့မရတော့ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ လုံးဝထုတ်မပြောသင့် တာဟာ အရာအားလုံးမဟုတ်ဘဲနှင့် အကြမ်းဖျဉ်းချုံကြည့်ခြင်းအားဖြင့် ၁၂ချက်ထဲသာ ရှိတာဖြစ်ပါတယ်။

၁၂) သင့်ရဲ့လစာနှင့်စုဆောင်းထားတဲ့ငွေပမာဏ

သင်လစာဘယ်လောက်ရတယ်၊စုထားတာ ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောပြသင့်ပါဘူး။ ပြီးတော့ အဲ့တာတွေက သူတို့ရဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ဒီလိုပြောလိုက်မယ်ဆိုရင် သင်နှင့် ပတ်သက်ပြီး မလိုအပ်တဲ့ သူတို့ရဲ့ အကဲဖြတ်တာတွေနှင့် ထိုက်တန်တဲ့ ပိုင်ဆိုင်မှု့မရှိဘူးရှိတယ်ဆိုတာတွေဟာ ဖြစ်ပေါ် လာပါတော့မယ်။အဲ့တာကို သင်လက်ခံပါသလား။

 

၁၁) သင်အကြောက်ရဆုံးအရာ

ကျွန်တော်တို့ အကုန်လုံး တစ်စုံတစ်ခု(သို့) တစ်စုံတစ်ရာ ကြောက်ရွံ့တက်ကြတာဟာသဘာဝပါဘဲ။ ဒီအချက်ဟာဆိုရင် သင့်ရဲ့ လူမှု့ဆက်ဆံရေးနယ်ပယ်မှာ အစိတ်အပိုင်းတစ်ခု၊ အားနည်းချက်တစ်ခု ဖြစ်လာပါတယ်။ ဘယ်သူ့ကိုမှ ယုံကြည့်လို့မရဘဲနှင့်သင်ကြောက်တဲ့အရာကို အသုံးချပြီးတော့ သင့်ကို ဖျက်ဆီးဖို့(သို့) ဆန့်ကျင်ဖို့ ပြုလုပ်နေသလားဆိုတာကို သင်မသိနိုင်ပါဘူး။ဒါကြောင့် ကိုယ့်ဘာသာကိုယ် မြိုသိပ်ထားတာပိုကောင်းပါတယ်။

 

၁၀) အိမ်တွင်းရေး ပြဿနာတွေ

အိမ်မှာဖြစ်သမျှပြဿနာ အများကြားမှာ ဘယ်တော့မှ ထုတ်မပြောပါနှင့်။ ဆက်ဆံရေးနယ်ပယ်မှာ ပြဿနာတွေတက်လာနိုင်ပြီး၊လင်မယားချင်းစကားများတာမျိုး၊ မိသားအချင်းအချင်းစကားများတာမျိုးနှင့် ကလေးရဲ့ ပညာရေးပြဿနာမျိုးတွေ စတာတွေကိုလုံးဝထုတ်မပြောပါနှင့်။ကိုယ့်ရဲ့ အိမ်တွင်းမိသားစုတွင်းမှာ ဘာတွေဘဲဖြစ်ဖြစ်သင့်ရဲ့ ကိုယ်ပိုင်ဘ၀က သင့်ရဲ့ ကိုယ်ပိုင်ဘ၀ပါဘဲ။ဒီအရာတွေကို အများကြားမှာ ထုတ်ပြော လိုက်မယ်ဆိုရင် သင့်ကိုဘဲဖြစ်ဖြစ် သင့်ရဲ့ မိသားစုဝင်တွေကိုဘဲဖြစ်ဖြစ်အခြားသူတွေက ရိုသေလေးစားမှု့ လျော့သွားမှာဖြစ်ပြီး သင်တို့ရဲ့ အိမ်တွင်းရေးအခက်အခဲတွေကို ကူညီတာက နည်းနည်း နောက်ကွယ်မှာ ရယ်နေမှာက များများဖြစ်နေမှာအသေအချာပါဘဲ။ဒါကြောင့် အိမ်တွင်းရေး အဆင်မပြေတာ ရှိရင် မိသားစု အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်စွာနှင့် ညှိနှိုင်းတာမျိုးကလွဲပြီးဘယ်သောအခါမှ လူတွေ ကြားထဲကို ထုတ်မပြမိပါစေနဲ့။

 

၉) သင်မုန်းတဲ့အရာ

ဘယ်သူကိုမှ သင်ဘာကိုမုန်းတယ်၊ ဘယ်သူ့ကိုမုန်းတယ်ဆိုတာ လုံးဝအသိမပေးလိုက်ပါနှင့်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု့အားနည်းတာကို သက်သေပြနေသလိုဖြစ်ပြီးတစ်စုံတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် အပစ်တင်ချင်စိတ်ပေါက်နေတာကြောင့် သင့်ကိုလည်း မကောင်းတဲ့ လူတစ်ယောက်လို့ မြင်သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းတွေကြောင့် တစ်စုံတစ်ယောက်(သို့) တစ်စုံတစ်ခုကိုသင့်အနေနဲ့ မုန်းပိုင်ခွင့် ရှိသော်လည်း စိတ်ထဲမှာသာ ထားလို့ ဘယ်သူကိုမှ ထုတ်မပြောမိတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

 

၈) အကြီးမားဆုံးသော ဆုလာဒ်

အောင်မြင်မှု့ဆိုတာ မျက်နှာလိုက်တက်တာကြောင့် ဘယ်သူမှ ဘ၀မှာ အလုံးစုံအောင်မြင်တယ်ဆိုတာ မရှိသေးပါဘူး။(အင်တာဗျူးမှာမေးတာမျိုးမဟုတ်ဘဲ) ဘယ်သူ့ကိုမှသင့်ရဲ့ အကြီးမားဆုံးရခဲ့ဖူးတဲ့ ဆုက ဘယ်ဟာပါဆိုပြီးတော့ ထုတ်မပြောမိပါစေနဲ့။လူဆိုတာဟာ တစ်ခြားသူရဲ့ အောင်မြင်မှု့ကို ချီးကျူးဂုဏ်ပြု တာထက် မနာလိုစိတ်ကပိုများတာကြောင့် သင့်ရဲ့ ပျော်ရွှင်မှု့ကိုသူတို့က ဝေမျှမယ့်အစား မနာလိုဝန်တိုစိတ် ကဘဲနေရာယူသွားပါလိမ့်မယ်။

 

 

၇) အကြီးမားဆုံးသော ကျရှုံးမှု့

သင့်ဘ၀မှာ အကြီးအကျယ်ဆုံး စိတ်ထိခိုက်ရဆုံး ဆုံးရှုံးမှု့ကို ဘယ်သူမှ သိဖို့အခွင့်မရှိပါဘူး။ သိသွားခဲ့မယ် ဆိုရင် သင့်ရဲ့ အားနည်းချက်တစ်ခုအဖြစ်သော်လည်းကောင်း မြင်တွေ့သွားခဲ့ပြီးတော့ အောင်မြင်မှု့ထက် ကျဆုံးမှု့တွေကို သာ အကဲဖြတ်ဝေဖန်နေမှာဖြစ်ပါတယ်။မကောင်းမြင်ခြင်းဘက်ကိုသာ အလွယ်တကူရောက် သွားနိုင်တာကြောင့် သင့်ရဲ့ ကျဆုံးမှု့တွေကို တစ်ခြားတစ်ယောက်ဆီ ထုတ်ပြောနေမယ့်အစား အောင်မြင်မှု့ ဆီကို လှမ်းတက်နိုင်တဲ့ ခြေနင်းပြားသဖွယ်ဘဲ အသုံးပြုလိုက်ပါ။

 

၆) အကြီးမားဆုံးသော ရည်မှန်းချက်

ဘာအတွက် သင်ကြိုးစားနေတာလည်း၊နှလုံးသားထဲမှာ အနက်ရှိုင်းဆုံးလိုချင်နေတဲ့ကိစ္စကဘာလည်းဆိုတာကို ဘယ်သူ့ကိုမှ ပေးမသိပါနဲ့။ လူတွေအလည်မှာ ရည်မှန်းချက်ကြီးကို အာပေါင်အာရင်းသန်သန် ပြောနေတက် သူဟာ တကယ်တော့ ကိုလေကြွားတွေများပါတယ်။သင့်ရဲ့ ရည်မှန်းချက်ကို သင့်ရဲ့ စိတ်ဝိဥာဉ်မှာသာ စွဲစေပြီး အောင်မြင်အောင်သာ လုပ်ဆောင်လိုက်ပါ။အဲ့ဒီအချိန်ရောက်ရင် သင့်ရဲ့ ပါးစပ်ကနေ တခြားသူတွေကို ပြောစရာမလိုတော့ဘဲ သင့်ရဲ့ အောင်မြင်မှု့ကသာ သက်သေပြပြောသွားပါလိမ့်မယ်။

 

၅) Browser ထဲမှာရှာဖွေခဲ့ဖူးတာတွေ

Google တို့ Youtube တို့ Fcaebook တို့ရဲ့ search box ထဲမှာ သင်ရှာဖွေခဲ့ဖူးသမျှတွေဟာဆိုရင်လည်း သင့်ရဲ့ အကြောင်းကို အများကြီးပြောပြနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။ဒါကြောင့်မို့လို့ ဒီအကြောင်းအရာတွေကိုလည်း ဘယ်သူကိုမှ မပြောတာအကောင်းဆုံးပါ။

 

၎) အကြီးမားဆုံးသော လိမ်လည်ခဲ့မှု့

ကျွန်တော်တို့အားလုံး လိမ်ခဲ့ဖူးပါတယ်။တစ်ခါတစ်လေမှာ ကျွန်တော်တို့လိမ်ခဲ့တဲ့ အရာတွေက သေးချင် သေးမယ်၊ကြီးချင်လည်း ကြီးမယ်။မည်မည်ရရမဟုတ်တာလည်း ပါချင်ပါပါလိမ့်မယ်။အဓိကအချက်ကတော့ တကယ်လို့များ လိမ်တာဟာ ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်သွားခဲ့ရင် ပြန်လည်နောက်ဆုတ်လို့ မရတော့ပါဘူး။ ဘယ်တော့မှ တောင်းပန်လို့မရတော့သလို ခွင့်လွှတ်မှု့ကိုလည်း ရတော့မှာမဟုတ်ပါဘူး။တက်နိုင်ရင် ပြန်လည်ပြင်ဆင်ပြီး သင်လိမ်တာကို သိသင့်တဲ့သူဆီကိုဘဲ ဖွင့်ပြောတောင်းပန်လိုက်တာပိုကောင်းပါတယ်။

 

၃) ပထမဦးဆုံးသော အနမ်း

သင့်ဘ၀ရဲ့ ဘယ်တော့မှ မေ့လို့မရမယ့် အချိန်တစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ အဖိုးတန်ဆုံးအခိုက်အတန့်တောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုအခိုက်အတန့်ကို ဘယ်သူ့ကိုမှထပ်ပြောပါမယ်။ဘယ်သူ့ကိုမှ ဝေမျှပေးဖို့ မလိုအပ်ပါဘူး။ဒါဟာ သင်နှင့် သင့်ချစ်သူကြားထဲက နှစ်ကိုယ်ကြားကိစ္စဖြစ်ပြီးတော့ ဘယ်သူမှသိဖို့ မထိုက်တန်ပါဘူး။

 

၂) သင်တစ်ယောက်ထဲသွားတက်တဲ့နေရာ

လူတိုင်းမှာ လွတ်လပ်စွာနေထိုင်နိုင်တဲ့ နေရာတစ်ခုအမြဲတမ်းလိုအပ်ပါတယ်။အဲ့ဒီနေရာကိုသွားလိုက်ရင် အရာအားလုံး ငြိမ်းချမ်းပြီးတော့ အဆင်ပြေစေနိုင်မယ့်နေရာမျိုးကိုဆိုလိုတာပါ။ ဒီနေရာမျိုးကို သင်တစ်ယောက်ထဲသွားဖို့လိုအပ်တာဖြစ်ပြီးတစ်ခြားသူတစ်ယောက်ကိုသာ ပေးသိလိုက်မယ်ဆိုရင် သူတို့အနေနဲ့ လိုက်ခဲ့သည်ဖြစ်စေ၊နောက်ယောင်ခံခဲ့သည်ဖြစ်စေ သင့်ရဲ့ တစ်ဦးတည်းပိုင် နိဗ္ဗာန်ဘုံလေးက ပျောက်ဆုံးသွားမှာပါ။

 

၁) ရည်းစားဦး

ဒီအကြောင်းကို သင်ပြောပြတဲ့သူက အဲ့ဒီရည်းစားဦးကိုယ်တိုင် မဟုတ်ဖူးဆိုရင်တော့တစ်ခြားဘယ်သူ့ကိုမှ မပြောပါနဲ့။ပထမဦးဆုံးချစ်သူဆိုတာ ပထမဦးဆုံး အနမ်းပါဘဲ။နှလုံးသားရဲ့ အထူးခြားဆုံးနေရာတစ်နေရာမှာ ရှိနေတာဖြစ်ပြီး ခြောက်လှန့်နေတက်တဲ့သဘာဝလည်းရှိပါတယ်။ကိုယ့်ဘ၀ရဲ့ အရေးပါတဲ့ ဒီလိုအစိတ်အပိုင်းကို မပြောပြမိစေပါနဲ့လား။တကယ်လို့များ သင်ဟာ အခုထက်ထိ သင့်ရဲ့ ရည်းစားဦးနဲ့ အတူတူရှိနေသေးတယ် ဆိုရင်တော့ တစ်ခြားသူတွေသိပါစေ၊မြင်ပါစေ၊ကြားပါစေ။ ဒါပေမယ့်အဲ့ဒီရည်းစားဦးနှင့် အခုချိန်မှာ ပြတ်သွားခဲ့ ပီးသားဆိုရင်တော့ ဒါဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ မြုပ်နှံထားရတော့မယ့် ကိစ္စတစ်ခုသက်သက်သာ ဖြစ်ပါတယ်။

 

သင်ကိုယ်တိုင်သာ သင့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ။

11K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.