ဒီဖယောင်းတိုင်တွေ အားလုံးကိုကြည့်လိုက်ပါ။ကောင်းကောင်းမွန်မွန် ထပ်ပြီးကြည့်လိုက်ပါ။ ကဲအခုကြည့်ပြီးသွားပြီဆိုရင်တော့ ဒီဖယောင်းတိုင်တွေထဲက ဘယ်တစ်ခုကို သင်အကြိုက်ဆုံးဖြစ်မလည်း။ တစ်ခုမှမကြိုက်ဖူးလား။သင့်အတွက် စိတ်အနှောက်အယှက် မပေးနိုင်တဲ့ ဖယောင်းတိုင်ကိုရွေးချယ်လိုက်ပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ ဖယောင်းတိုင်ရဲ့ အရောင်ကိုကြည့်ပြီးတော့ သင့်ရဲ့ အတွင်းစိတ်ကဘယ်လိုရှိလည်း ဆိုတာကို သင်ကိုယ်တိုင်သိသွားမှာဖြစ်ပါတယ်။
တကယ်လို့များ သင်ဟာအမဲရောင်ကိုရွေးချယ်ခဲ့မယ်ဆိုရင်
အမဲရောင်ဆိုတာဟာ နတ်ဆိုးတွေရဲ့ အရောင်မဟုတ်ပါဖူး။အမဲရောင်ဟာ ဖြတ်သန်းခဲ့တဲ့ လူ့ဘ၀တစ်လျှောက် ကသန်မာမှု့ကိုဖော်ပြတဲ့အရောင်ဖြစ်ပါတယ်။အမဲရောင်ဆိုတာဟာ မကောင်းမှု့တွေနှင့် ပတ်သက်နေတဲ့ အရောင်မဟုတ်ပါဖူး။အမဲရောင်ကိုရွေးချယ်လိုက်တဲ့ သင်ဟာ ဘ၀မှာ ဘယ်လိုအရာမျိုးကိုမဆို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်တယ်ဆိုတာကိုဖော်ပြနေတာဘဲဖြစ်ပါတယ်။
တကယ်လို့များသင်ဟာ ခရမ်းနုရောင်ကိုရွေးချယ်ခဲ့မယ်ဆိုရင်
ဒီအရောင်ဟာဆိုရင် သင့်ရဲ့ အားထုတ်မှု့နှင့် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု့တို့ရဲ့ စွမ်းအားနှင့် ပတ်သက်တဲ့ လက္ခဏာဖြစ်ပါတယ်။သင့်ရဲ့ အရှိန်အ၀ါဟာ မှေးမှိန်နေတယ်ဆိုတဲ့ အချက်ကိုလည်းဖော်ပြနေပေမယ့် သင်ဟာ အဲ့လိုဖြစ်နေသလားဆိုတာကိုကိုယ့်ဘာသာကိုယ်တောင် သေချာမသိပါဘူး။ခရမ်းနုရောင်ပါတဲ့ ဖယောင်းတိုင် ဟာဆိုရင် သင့်မှာ လစ်လပ်နေတဲ့ နေရာလပ်ကိုစွမ်းအင်တွေနှင့် ဖြည့်ဆည်းပေးနိုင်ပြီးတော့ စွမ်းအင်ရှိတဲ့ နယ်ပယ်ထဲသို့ သင့်ကို တွန်းပို့ပေးနိုင်ပါတယ်။
တကယ်လို့များ သင်ဟာ အဖြူရောင်ကိုရွေးချယ်ခဲ့မယ်ဆိုရင်
အဖြူရောင်ဟာဆိုရင် သန့်ရှင်းစင်ကြယ်မှု့နှင့် စိတ်ဆုံးဖြတ်ချက်တို့ရဲ့ အာရုံခံစားမှု့ကိုပေးစွမ်းနိုင်သော အရောင်ဖြစ်ပါတယ်။စိတ်ဝိဥာဉ်ကို အမြင့်ဆုံးသော ကြိမ်နှုန်းနှင့် တုန်ခါစေဖို့ အကူအညီပေးနိုင်ပါတယ်။ ဒီဖယောင်းတိုင်အရောင်ဟာဆိုရင် တရားထိုင်ဖို့ရည်ရွယ်ချက်အတွက် အကောင်းဆုံးသော အရောင်ဖြစ် ပါတယ်။
တကယ်လို့များ သင်ဟာအပြာရောင်ကို ရွေးချယ်ခဲ့မယ်ဆိုရင်
သင်ဟာ ဒီအရောင်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ အဖိုးထိုက်တန်တဲ့ အကြောင်းအရာတွေကို ဒီအရောင်က ပြောပြနိုင်ပါတယ်။အပြာရောင်ဟာဆိုရင် သန်မာတဲ့ စိတ်ဝိဥာဉ်ကိုအစွမ်းရှိတဲ့ အရောင် ဖြစ်ပါတယ်။ အပြာရောင်က သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှု့တွေကို တည်ငြိမ်စေပြီး အကယ်လို့ သင့်မှာ ထိခိုက်အနာတရ ရှိတဲ့အချိန်တွေဆိုရင်အပြာရောင်ဖယောင်းတိုင်ဟာ ပြန်လည်ကောင်းမွန်စေနိုင်တဲ့ လေထုကို ထုတ်လုပ်ပေး နိုင်တာကြောင့် ကုသခြင်းဆိုင်ရာ နေရာတွေမှာအသုံးဝင်တာဘဲဖြစ်ပါတယ်။
တကယ်လို့များ သင်ဟာ အစိမ်းရောင်ကို ရွေးချယ်ခဲ့မယ်ဆိုရင်
အစိမ်းရောင်ဆိုတာကတော့ သင်ဟာ သင့်ဘ၀ရဲ့ ဘယ်အချိန်မှာ ငြိမ်းချမ်းမှု့ကိုလိုချင်သလည်း ဆိုတာနှင့် ဒီကမ္ဘာနှင့် ဘ၀ကြီးဆီကနေ အဆက်အသွယ်ပြတ်သလိုခံစားနေရတယ်ဆိုတဲ့ ဖော်ပြချက်ဘဲဖြစ်ပါတယ်။ ဒါဟာဘာကြောင့်ဖြစ်ရတာလည်းဆိုတော့ အစိမ်းရောင်ဆိုတာဟာ နှလုံးသားစွမ်းအင်နှင့် ဆက်နွယ်နေလို့ဘြဲ ဖစ်ပါတယ်။သဘာဝတရားရဲ့ အရသာကိုခံစားချင်တဲ့အခါနှင့် တည်ငြိမ်မှု့ကို လိုချင်တဲ့အခါတွေမှာ အစိမ်းရောင် ဖယောင်းတိုင်ကို အသုံးပြုလို့ရပါတယ်။
တကယ်လို့များ သင်ဟာ အ၀ါရောင်ဖယောင်းတိုင်ကို ရွေးချယ်ခဲ့မယ်ဆိုရင်
အ၀ါရောင်ကတော့ သင်ကြားမှု့တွေမှာ အသိဥာဏ်ပိုပြီး ချမ်းသာကြွယ်ဝမှု့ကိုဖော်ပြတာဘဲဖြစ်ပါတယ်။ သင်လုံးဝမသိသေးတဲ့ အသစ်တစ်စုံတစ်ရာကို စတင်သင်ကြားတဲ့အခါတွေမှာ အလျင်အမြန်ရနိုင်ဖို့အတွက် အကူအညီပေးပါတယ်။ဒါဟာ စိတ်ရဲ့ ငြိမ်းချမ်းခြင်း၊ပေါင်းသင်းဆက်ဆံခြင်းနှင့် တွေးခေါ်နိုင်ခြင်းတို့ဖြစ်ပါတယ်။
တကယ်လို့များ သင်ဟာ အနီရောင်ကိုရွေးချယ်ခဲ့မယ်ဆိုရင်
အနီရောင်ကတော့ သင့်ဘ၀ရဲ့ မီး၊စိတ်ဓာတ်ပြင်းပြမှု့နှင့် သတ္တိတို့ကို ဖော်ပြနေတာဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ ပြောင်းလဲမှု့တစ်စုံတစ်ရာကိုရှာဖွေနေတဲ့အချိန်တွေမှာဆိုရင် ဒီအရောင်ဟာ တကယ်ကိုကောင်းမွန်တဲ့ အရောင်ဘဲဖြစ်ပါတယ်။ဒီအရာဟာဆိုရင် ဘ၀မှာ စိတ်အားထက်သန်မှု့နှင့် ရှင်သန်မှု့တို့ကိုခံစားရစေနိုင်တဲ့ အဓိကသော့ချက်ဘဲဖြစ်ပါတယ်။