သုတ်လွှတ်ခြင်းနှင့် သက်ဆိုင်တဲ့ အမျိုးသားတွေရဲ့ ပြဿနာ

သင့်အနေနဲ့ ကုတင်ပေါ်က လှုပ်ရှားမှု့တွေမှာ ၅မိနစ်လောက်နှင့် ပြီးဆုံးအောင်မြင်မှု့တွေရှိနေတဲ့အချိန်မှာ မိနစ် ၂၀ကျော်ကြာတဲ့ အထိ အောင်မြင်မှု့ပန်းတိုင်ကိုမရောက်နိုင်သေးတဲ့ လူတွေလည်း ရှိနေပါတယ်။ အမျိုးသား တော်တော်များများကဒီပြဿနာနှင့် ပတ်သက်ပြီးတော့ သတိမထားမိကြပါဘူး။ဘာလို့လည်းဆိုတော့ဒီလို အချိန်ကြာနေရင် ပိုကောင်းတယ်လို့ ထင်နေမိကြလို့ပါဘဲ။ဒီလို အခြေအနေကိုသုတ်လွှတ်ရန်အချိန်ကြာခြင်းလို့ ယေဘူယျအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။

ဘာကြောင့် သုတ်မလွှတ်နိုင်ဘဲ ကြာနေရတာလည်း

လိင်မှု့ရေးရာနှင့် ပတ်သက်တဲ့ အခြားသော ပြဿနာတစ်ခုဖြစ်တဲ့ လိင်တံမာကျောအောင် မပြုလုပ်နိုင်ခြင်းနှင့် လိင်ဆက်ဆံဖို့အတွက် ကြိုးပမ်းမှု့များစွာလိုအပ်ခြင်းတို့လိုဘဲ သုတ်လွှတ်ဖို့အတွက် ကြန့်ကြာတာဟာလည်း အတူတူဘဲဖြစ်ပါတယ်။ပူပန်သောကတွေများနေမှု့၊စိတ်ဓာတ်ကျခြင်း၊ လူမှု့ဆက်ဆံရေးနှင့် လုပ်ငန်းခွင်တို့မှာ ဖိအားတွေများနေခြင်း ဒီအရာတွေအားလုံးကြောင့် သုတ်လွှတ်ဖို့ ကြန့်ကြာနိုင်ပါတယ်။ လိင်ဆက်ဆံနေတဲ့ အချိန်တွင်းမှာတောင်မှ စိုးရိမ်ပူပန်မှုက သုတ်လွှတ်ကြာသွားအောင် တိုက်ခိုက်နှောက်ယှက်နိုင်ပါတယ်။ ဒီလိုဖြစ်တယ်ဆိုရင် အမျိုးသားတွေရဲ့လိင်အင်္ဂါအတွက် ထိခိုက်နိုင်ပါတယ်။အမျိုးသားတွေရဲ့ ဝှေးစေ့မှထွက်တဲ့ ဟော်မုန်းနည်းပါးခြင်း နှင့် ကြီးထွားခြင်းတို့ဟာ ဒီပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။မူးယစ်ဆေးသုံးစွဲခြင်းနှင့် အရက်သေစာ သောက်စားခြင်းတို့ကလည်း သင့်ကို သုတ်လွှတ်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင် ပါတယ်။ပြီးတော့ အလွန်အကျွံလက်ဖြင့် တစ်ကိုယ်ရည်ဖြေခြင်းကလည်း ပိုပြီးဆိုးရွားစေနိုင်ပါတယ်။

 

အဒရိနယ်လင်း တွေ မရှိတော့တဲ့အခါ လိင်တံမာကျောဖို့အတွက် ခက်ခဲလာပါတယ်

ကြာရင်ပိုကောင်းတာပေါ့လို့ သင်ထင်နေတယ်ဆိုရင် ပြန်ပြီးစဉ်းစားကြည့်ဖို့လိုပါတယ်။အရမ်းများသွားတဲ့အခါ ဘယ်အရာမှ မကောင်းဘူးဆိုတာကိုတော့ သင်လည်းသိမှာပါ။ဒီလိုကြာရှည်တဲ့အထိ သုတ်မလွှတ်နိုင်တဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ လူတွေဟာ တကယ်ကို စိတ်ညစ်နေရတယ်ဆိုတာ သင်သိပါသလား။လိင်ဆက် ဆံခြင်းကိစ္စမှာ အချိန်အတော်ကြာ မပြီးဆုံးလေလေ ပြီးဆုံးဖို့(သုတ်လွှတ်ဖို့ကိစ္စ)နှင့်ပတ်သက်ပြီး သောက ကပိုပိုဆိုးလာလေလေဖြစ်လာပါလိမ့်မယ်။ဒီလိုပူပန်သောကတွေက အဒရိနယ်လင်း ထုတ်လုပ်မှု့ကို လျှော့ချ ပြီးတော့ လိင်တံမာကျောမှု့ကိုထိခိုက်လာစေပါတော့တယ်။

 

ဘယ်လိုကုသမလည်း

ဒီလိုအခြေအနေတွေအတွက် ကုသဖို့နည်းလမ်းတွေ နည်းပါးနေတယ်၊ခက်ခဲနေတယ်ဆိုရင်တော့ ဘ၀နေထိုင်မှု့ကို ပြောင်းလဲလိုက်တာက ပိုပြီးတော့ ထိရောက်မှု့ရှိနိုင်ပါတယ်။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားတဲ့ အလေ့အကျင့်တစ်ခုကသင့်ကို အများကြီးပြောင်းလဲသွားစေမှာပါ။

715 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.