သင့်ရဲ့တစ်နေ့တာကို ဘယ်လိုအကျိုးရှိရှိကုန်ဆုံးမလဲ ?

သင့်ရဲ့တစ်နေ့တာအချိန်တွေကို ဘယ်လိုကုန်ဆုံးခဲ့လဲ.. ကိုယ့်ရဲ့ကုန်ဆုံး
သွားတဲ့အချိန်တွေက တစ်ခုခုမှာအသုံးဝင်ရဲ့လားဆိုတာ ပြန်လည်စမ်းစစ်ဖို့လိုပါတယ်။

သာမန်လူတစ်ယောက်နဲ့ အောင်မြင်လူတစ်ယောက်ရဲ့ကွာခြားချက်က
တစ်နေ့တာအချိန်တွေကို အသုံးချမှုပေါ်မှာလည်းမူတည်နေပါတယ်။

ကိုယ့်ရဲ့အလုပ်ချိန်၊ ထမင်းစားချိန်၊ အိပ်ချိန်၊ ရေချိုး၊ သန့်စင်ခန်း
သွားချိန်တို့ကိုဖယ်ပြီး ကျန်ချိန်တွေကိုတွက်ချက်လိုက်ရင် ပိုထွက်လာမယ့်
အချိန်တွေကို သင်တွေ့ပါလိမ့်မယ်။ အဲ့အချိန်တွေကို ငါဘယ်လိုအကျိုးရှိ
အောင်အသုံးချမလဲဆိုတာ စဉ်းစားကြည့်ပါ။

အလုပ်ပင်ပန်းလာလို့ နားချင်တယ်ဆို နားပါ ..အားရပါးရနားပြီးရင်
တစ်ခုခုလေ့လာမလား၊ စာဖတ်မလား ၊ ဝါဿနာပါရာ တစ်ခုခုကို လုပ်မလား ?
တစ်ခုခုလုပ်ပြီးတိုင်း ငါ့အတွက်ဘာအကျိုးရှိလဲဆိုတာ တွေးပါ။
တစ်နေ့တာအချိန်တွေကုန်ဆုံးခဲ့ပြီး ကိုယ့်အတွက်ရော၊ အခြားသူတွေ
အတွက်ပါ အကျိုးမရှိဘူးဆိုရင် အချိန်တွေနှမြောဖို့ကောင်းပါတယ်။
ကိုယ်က ဘယ်အပိုင်းမှာ အားသာလဲ..ဘယ်အပိုင်းမှာ အားနည်းလဲဆိုတာ
သိထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ဝါဿနာပါရာနဲ့ အသက်မွေး​ဝမ်းကျောင်း
အလုပ်က ထပ်တူကျတယ်ဆိုရင် သူ့အတွက်ဖြုန်းတီးလိုက်ရတဲ့အချိန်တွေက
ကိုယ့်အတွက် တန်ဖိုးရှိနေတာပေါ့။ လူ့ဘဝက တိုတိုလေးပါ။
ရှိတဲ့အချိန်မှာ ပေးစရာရှိတာပေး၊ ကျေးဇူးရှိရင် မြန်မြန်ပြန်ဆပ်ပြီး ကိုယ်ဖြစ်
ချင်တဲ့ဘဝမှာအကောင်းဆုံးနေနိုင်အောင် ကြိုးစားရင် သာယာပျော်ရွှင်တဲ့
ဘဝလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

255 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.