အိပ်ရာမ၀င်ခင် ဒီအလေ့အကျင့် ၅ခုလုပ်ပြီး ၀ိတ်ချမယ်

လူတိုင်းကနေ့တိုင်းပုံမှန်သွားလာလှုပ်ရှားရင်းနဲ့သာ ကိုယ်အလေးချိန်လျှော့ချဖို့လုပ်ကြပါတယ်။ လမ်းလျှောက်တာ၊လေ့ကျင့်ခန်းလုပ်တာ၊အားကစားလုပ်တာမျိုးပေါ့။ဒါပေမဲ့သူတို့မသိသေးတာက အိပ်ရာမ၀င်ခင် ဒီအလေ့အကျင့်၅ခုကိုလုပ်ပေးမယ်ဆိုရင်လည်း ၀ိတ်ကျစေနိုင်တယ် ဆိုတာပါပဲ။အိပ်ရာမ၀င်ခင် လုပ်ရမယ့်အလေ့အကျင့် ၅ခုကသင်အိပ်ပျော်နေတုန်းမှာကိုယ် အလေးချိန်ကိုလျှော့ချပေးနိုင်ပါတယ်။

၁။အ၀တ်အစားချွတ်ပြီးအိပ်တာ

ဒီစကားက ထူးဆန်းကောင်းထူးဆန်းနေပါလိ့မ်မယ်။ဒါပေမဲ့လေ့လာတွေ့ရှိချက်တွေရ အ၀တ်အစားတွေချွတ်ပြီးအိပ်တာက သင့်ရဲ့ ဇီဝကမ္ပဖြစ်စဉ်ကို မြင့်တက်စေလို့ ကိုယ်အလေးချိန်ကိုလျှော့ချပေးနိုင်ပါတယ်။ညဘက်မှာ သင့်ရဲ့ခန္ဓာကိုယ်ကအေးနေလေ ခန္ဓာကိုယ်ထဲက အဆီတွေကိုအပူအဖြစ်ပြောင်းလဲထုတ်ပေးပါတယ်တဲ့။ထူးဆန်းနေပေမဲ့လည်း အဲ့ဒီအလေ့အကျင့်ဟာ ကယ်လိုရီများများလောင်ကျွမ်းစေပါတယ်။

၂။အိပ်ရာမ၀င်ခင်အစာစားပါ

အိပ်ရာမ၀င်ခင် အစာစားပါဆိုတဲ့စကားက အစားသရဲတွေအတွက်တော့ အကြိုက်ပဲနော့။ အိပ်ရာဝင်ခါနီး ၂နာရီလောက်အလိုမှာစားပေးဖို့တော့လိုပါတယ်။ ညဘက်မှာအစာအာဟာရ မလုံလောက်ရင် မနက်ကျရင်ဗိုက်ဆာပြီးနိုးလာတတ်ပါတယ်။အဲ့ဒါက မနက်စာကို အရင်ကထက်ပိုပြီးများများစားမိစေပါတယ်။လေ့လာသူတွေက ညဘက်အိပ်ရာမ၀င်ခင် ကယ်လိုရီ၃၀၀လောက် စားပေးသင့်တယ်လို့အကြံပေးထားပါတယ်။

၃။အိပ်ရာမ၀င်ခင်လေ့ကျင့်ခန်းလုပ်ပါ

ည ၁၀နာရီအိပ်ရာဝင်မယ်ဆိုရင် ည၈နာရီလောက်မှာ လေ့ကျင့်ခန်းကိုခပ်ပြင်းပြင်း လုပ်ပေးသင့်ပါတယ်။အဲ့ဒါဟာ သင့်ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို လေ့ကျင့်ခန်းလုပ်ပြီး ၁၆နာရီကြာထိမြန်ဆန်စေလို့ ကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။

၎။စပျစ်သီးဖျော်ရည်သောက်ပါ

ဝိုင်နဲ့စပျစ်သီးဖျော်ရည်ဟာ အဆီပိုတွေလျှော့ချပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ် လို့ဝါရှင်တန်တက္ကသိုလ်တစ်ခုကနေ လေ့လာတွေ့ရှိခဲ့ပါတယ်။အခုခေတ်မှာစပျစ်ရည်နဲ့လုပ်ထားတဲ့ ကိုယ်အလေးချိန်လျှော့ချဆေးရည်တွေလည်းရှိလာတဲ့အတွက်စပျစ်ရည်ကကိုယ်အလေးချိန်တကယ်ကျစေတယ်ဆိုတာမယုံနိုင်စရာမရှိပါဘူး။

၅။အခန်းမီးပိတ်ထားပါ

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုအရ အလင်းရောင်မရှိတဲ့အခန်းထဲမှာ အိပ်တဲ့လူတွေဟာ အလင်းရောင်ရှိတဲ့အခန်းထဲမှာအိပ်တဲ့သူတွေထက် ၂၀ရာခိုင်နှုန်းပိုပြီး ၀ိတ်ကျစေတယ်လို့တွေ့ရှိခဲ့ရပါတယ်။အလင်းရောင်များတာကသင့်ခန္ဓာကိုယ်တွင်းဖြစ်စဉ်ကို နှေးကွေးစေလို့ ကိုယ်အလေးချိန်ကိုမလျော့ကျစေပါဘူး။အိပ်ရေးလည်းမ၀သလိုဖြစ်ပြီး ပင်ပန်းနေတယ်လို့ခံစားရတဲ့အခါ အစားများများပိုစားမိလာပါတယ်။အဲ့ဒါကြောင့်ညဘက် အိပ်တဲ့အခါ မီးပိတ်ထားသင့်ပါတယ်။

869 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.