လုပ်ငန်းခွင်မှာ အလုပ်ရှင်သဘောကျအောင် ဘယ်လိုနေထိုင်မလဲ?

စာတွေထဲက အကြံပြုရေးသားချက်တွေဟာ လက်တွေ့ဘဝမှာအသုံးဝင်
တယ်ဆိုပေမယ့် ကိုယ်နဲ့ကိုက်ညီမှုမရှိတဲ့အချက်တွေနဲ့ ကိုက်ညီအောင်လုပ်ဖို့
ဆိုတာက ခက်ခဲချင် ခက်ခဲနေပါလိမ့်မယ်။” လမ်းလျှောက်တာက လွယ်တယ်..
လမ်းဖောက်တာက ခက်တယ် ” ဆိုတဲ့စကားအတိုင်း တကယ့်
ဘဝမှာ ဖြစ်သင့်တာကိုချပြပေမယ့် လက်တွေ့လိုက်လုပ်ဖို့တော့ခက်ပါတယ်။

ခက်ပေမယ့်လည်း ဒီလိုလမ်းညွှန်ရေးသားချက်တွေကိုလိုက်နာခဲ့လို့
အဆင်ပြေအောင်မြင်သွားတဲ့လူတွေလည်းရှိခဲ့ပါတယ်။ ဒါဆို လုပ်ငန်းခွင်
အလုပ်ရှင်သဘောစေမယ့် အဓိကအချက်လေးတွေကိုဖော်ပြပေးလိုက်တယ်နော်။

အလုပ်ရှင်သဘောကျတဲ့ လူမျိုးဖြစ်ဖို့ အခြေခံတစ်ချက်တွေက
– CV Form ကိုအသေးစိတ်ကျကျနဲ့ မျက်စိပသာဒဖြစ်အောင် ပြင်ဆင်
ရေးသားရပါမယ်။
– အင်တာဗျုးတွေဖြေတဲ့အခါ သွက်လက်စွာဖြေနိုင်ခြင်း
(အင်တာဗျုးဖြေရင် သိရင်သိတယ်..မသိရင်မသိဘူး ပွင့်ပွင့်လင်းလင်းပဲ
ပြောပါ။ မသိတာကို စမ်းတဝါးဝါးနဲ့ သိသလိုသွားလုပ်နေရင်
တကယ်တမ်း လက်တွေ့လုပ်ပြတဲ့အခါ အခက်တွေ့နေပါမယ် )
– လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြမှုကိုပြသခြင်းနဲ့ သင်ယူလိုစိတ်အပြည့်ရှိခြင်း
– တက်ကြွဖျက်လတ်တဲ့အမူအရာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးထက် ပိုမယူခြင်း
– အချိန်လေးစားမှုရှိခြင်း

အဓိကကျတဲ့အချက်တွေကတော့
– အခန်းကဏ္ဍတွေမှာ ဦးဆောင်နိုင်စွမ်းရှိမှု
– လုပ်ငန်းတိုင်းဖြစ်မြောက်အောင် အကောင်ထည်ဖော်နိုင်စွမ်းရှိမှု
– ကိုယ့်အလုပ်ကိုယ် အစမှအဆုံးထိအပြီးသတ်နိုင်စွမ်းရှိမှု
– လုပ်ငန်းဖော်အချင်းချင်း ညီညွှတ်စွာဆောင်ရွက်နိုင်မှု
– မလုပ်ခင်တည်းက ပြီးထားတဲ့ကတိအတိုင်းဖြစ်မြောက်အောင် လုပ်ဆောင်
နိုင်မှု
– ကိုယ့်အဖွဲ့အစည်းအတွက် သင့်တော်တဲ့ဆုံးဖြတ်ချက်နဲ့ လမ်းပြနိုင်မှု
စတာတွေဖြစ်ပါတယ်။ ဒီအချက်တွေဟာ တာ​ဝန်ကြီးပြီး ခက်ခဲပေမယ့်
ပြည့်စုံအောင်နေမယ်ဆိုရင် ကိုယ့်အတွက်လည်းအကျိုးမယုတ်သလို၊
အလုပ်ရှင်အတွက်လည်း အကျိုးရှိပါတယ်။

အခြားလိုအပ်ချက်တွေကတော့ အဆက်မပြတ်လေ့လာဆည်းပူးမှုပဲဖြစ်
ပါတယ်။ ပညာဆိုတာ ဘယ်တော့မှဆုံးခန်းတိုင်တယ်မရှိပါဘူး။
တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်အောင်
ကြိုးစားပြီး ကိုယ်လေ့လာထားတဲ့ ပညာရပ်တွေ၊ အသိပညာတွေကို
အသုံးချတတ်ပါစေ။

Reference: ရာသက်ပန်(သစ္စာပန်းတို့လန်းရာမြေ)

80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.