သင့်ကိုယ်သင်ယုံကြည်မှုမရှိဘူးလို့ခံစားနေရရင် ဒီစကားလေးတွေဖတ်လိုက်ပါ

သင့်ကိုယ်သင်ယုံကြည်မှုရှိလား?ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ပါ။တကယ်လို့ယုံကြည်မှုမရှိဘူးလို့ အဖြေထွက်လာရင် ဒီစကားတွေကိုဖတ်ကြည့်လိုက်ပါ။ သင့်အတွက်အားအင်ဖြစ်စေမှာပါ။ ဒီစကားတွေက ၁၀နှစ်ကျော်လေ့လာထားတာဖြစ်ပြီး စိတ်ကိုပံ့ပိုးကူညီပေးနိုင်တဲ့ စကားတွေဖြစ်ပါတယ်။

၁။ယုံကြည်မှုဆိုတာ တခြားသူတစ်ယောက်က ကိုယ့်ကိုအမြဲသဘောကျနေအောင် လုပ်ရတာမဟုတ်ပါဘူး။ယုံကြည်မှုဆိုတာ သူတို့သဘောမကျလည်း ကိုယ်ကအဆင်ပြေတယ် ဆိုတာမျိုးပါ။

၂။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာဟာစွမ်းအားရှိတဲ့အရာတစ်ခုပိုင်ဆိုင်ထားသလိုပါပဲ။တစ်ခါလေး ကိုယ့်ကိုယ်ကိုယုံကြည်မှုပေးလိုက်တာနဲ့ အံ့သြဖို့ကောင်းလောက်အောင်ပြောင်းလဲသွားတတ် ပါတယ်။

၃။ယုံကြည်မှုရှိရင် အရာအားလုံးကိုအောင်မြင်စေနိုင်ပါတယ်။ယုံကြည်မှုရှိတဲ့လူဆိုတာ စကားမပြောခင်မှာပဲ မင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတယ်လို့ ပေါ်လွင်နေပါတယ်။

၎။သံသယအတွေးတွေထင်မြင်နေတာရပ်ပစ်လိုက်ပါတော့။အလုပ်ကြိုးစားပြီး အလုပ်နဲ့သက်သေပြသင့်ပါပြီ။

၅။သံသယအတွေးအခေါ်တွေက ကျရှုံးတာထက်ပိုပြီး အိပ်မက်တွေကိုသတ်ပစ်ပါတယ်။ ကျရှုံးရင်ပြန်ထူထောင်လို့ရပါတယ်။အိပ်မက်တွေသေသွားရင် ပြန်ထူထောင်ဖို့မလွယ်ပါဘူး။

၆။ယုံကြည်မှုတွေကိုအသက်ရှုသွင်းသလိုသဘောထားပြီးသံသယတွေကိုအသက်ရှုထုတ်ပြီး လွှင့်ပစ်လိုက်ပါ။

၇။အကောင်းမြင်တယ်ဆိုတာ အောင်မြင်မှုကိုရရှိစေမယ့်အခြေခံအကြောင်းအရာတစ်ခုဖြစ်သလို မျှော်လင့်ချက်နဲ့ယုံကြည်မှုမရှိရင် ဘယ်အရာမှမဖြစ်လာနိုင်ပါဘူး။

၈။မင်းမှာယုံကြည်မှုရှိရင် ပျော်ရွှင်စရာတွေအများကြီးရလာနိုင်တယ်။ပျော်ရွှင်မှုတွေ အများကြီးရလာတဲ့အခါ အံ့သြစရာကောင်းတဲ့အဖြစ်အပျက်တွေကို မင်းလုပ်နိုင်လာလိမ့်မယ်။

၉။မင်းမှာကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာမရှိရင် ဘ၀ရဲ့ ပြေးလမ်းမှာ ၂ကြိမ်ရှုံးတာပဲ။

၁၀။ယုံကြည်မှုဆိုတာ စည်းကမ်းလိုက်နာခြင်းနဲ့လေ့ကျင့်ခြင်းဆိုတဲ့အရာနှစ်ခုကနေ လာတယ်။

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.