ကမ္ဘာတစ်ဝှမ်းက ထူးထူးဆန်းဆန်းမင်္ဂလာဆောင်ရိုးရာများ

မင်္ဂလာဆောင်နဲ့ပတ်သတ်ပြီးတစ်ချို့လူမျိုးတွေမှာ ရိုးရာဓလေ့ထုံးတမ်းတွေ
ရှိပါတယ်။ bachelor ပါတီ၊ သတို့သမီး ပန်းစည်းနောက်ပစ်ခြင်း တို့ကို
တော်တော်များများသိကြပါတယ်။ အခုပြောပြမယ့် မင်္ဂလာဓလေ့ထုံးတမ်း
တွေက တစ်ချို့နိုင်ငံတွေမှာသာရှိပြီး လူသိနည်းတဲ့ရိုးရာတွေဖြစ်ပါတယ်။

Germany

log cutting at wedding

ဂျာမန်တွေရဲ့မင်္ဂလာဓလေ့ထုံးတမ်းက သစ်လုံးတစ်ခုကို သတို့သား၊
သတို့သမီးက တစ်ယောက်တစ်ဖက်စီ လွှကိုင်ပြီး ဖြတ်ရမှာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းဖြင့် ဇနီးမောင်နှံ့ဟာ အလုပ်အတူတူကြိုးစားလုပ်ပြီး
အခက်ခဲတွေကိုကျော်လွှားကြမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

Sudan

-¬UNICEFSudan_2014_MithilaJariwala - 02

ဆူဒန်တွင် လက်ထပ်ပြီးသွားလျှင် ဇနီးမယားက ကလေးနှစ်ယောက်မွေးပေး
ရပါတယ်။ တကယ်လို့ ကလေးတစ်ယောက်သာမွေးပေးရင် ယောက်ျားဖြစ်သူ
က ကွာရှင်းနိုင်တယ်တဲ့။ ယောက်ျားကသေသွားခဲ့ရင် ယောက်ျားရဲ့အစ်ကိုက
ကျန်ခဲ့တဲ့ မိန်းမကိုပြန်ယူရမယ့်ဓလေ့ရှိပါတယ်။

Guatemala

Guatemala မှာ လက်ထပ်ပွဲကို သတို့သားအိမ်မှာကျင်းပရပါတယ်။
သတို့သားအမေကပြင်ဆင်ထားတဲ့ ဆန်၊ ဂျုံ၊ နဲ့ ပြောင်းစေ့တွေအပြည့်ထည့်
ထားတဲ့ အဖြူရောင်ခေါင်းလောင်းကိုခွဲရပါတယ်။ ဒီလိုခွဲခြင်းကြောင့် ဥစ္စာဓန၊
စားနပ်ရိက္ခာတွေ ပေါကြွယ်ဝစေတယ်လို့သိရပါတယ်။

Romania

Romania နဲ့အခြား ဥရောပနိုင်ငံတွေမှာ မင်္ဂလာပွဲမကျင်းပမှီ ပြန်ပေးဆွဲဂိမ်း
ကို ဆော့ကြပါတယ်။ သတို့သမီးကို မိသားစုနဲ့ သူငယ်ချင်းတွေက သူတို့ကိုယ်
တိုင် (သို့) လူငှားခဏသုံးပြီး ပြန်ပေးဆွဲပါတယ်။ သတို့သားကပြန်လိုချင်ရင်
ပြန်ပေးဆွဲတဲ့လူတွေ လိုချင်တာကိုပေးရတယ်။ ပိုက်ဆံ ၊ သောက်စရာ
(သို့) သူတို့ခိုင်းတဲ့ အရာတွေကိုလုပ်ပေးရပါတယ်။

Jewish

Breaking the Glass

Jewish တွေရဲ့မင်္ဂလာဆောင်မှာတော့ အဝတ်ပတ်ထားတဲ့ ဖန်ခွက်ကို
သတို့သားက ခြေထောက်နဲ့တက်နင်းပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင်
ခွဲရပါတယ်။ အဓိပ္ပာယ်တော့ အမျိုးမျိုးကောက်ကြပေမယ့် တစ်ခုဖော်ပြထား
တာတော့ ဒီလိုခွဲခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်ခက်ခဲတဲ့အခြေအနေ
တွေမှာ ရပ်တည်ပေးဖို့ဖြစ်တယ်လို့သိရပါတယ်။

China

Tujia cry Marry

တရုတ်ရိုးရာတစ်ခုကတော့ မင်္ဂလာပွဲမတိုင်ခင် သတို့သမီးဘက်မှ
သက်ဆိုင်ရာလူတွေက တစ်လလောက် နေ့တိုင်းတစ်နာရီငိုပေးရတယ်တဲ့။
၁ဝရက်ကြာမှ သတို့သမီးကိုယ်တိုင်ငိုရတာဖြစ်ပြီး နောက်တစ်ရက်မှာ
အမေဖြစ်သူငိုရတယ်။ နောက် ၁ဝရက်ကြာရင် အဘွားဖြစ်သူပါငိုပေးရပါ
တယ်။ ပြီးရင် သူတို့အားလုံးတစ်စုတည်း ထပ်ငိုကြတယ်။ အခုလိုငိုထားမှ
နောက်အနာဂတ်မှာ ဇနီးမောင်နှံ့နှစ်ယောက် ပျော်ရွှင်စွာ လက်တွဲသွားနိုင်
မယ်လို့ သူတိုသတ်မှတ်ထားပါတယ်။

Indonesia

Wedding | Saiful Nizam & Siti Rohaida

အင်ဒိုနီးရှားမှာ မင်္ဂပွဲပြီးသွားရင် ဇနီးမောင်နှံ့နှစ်ယောက်ဟာ ၃ရက်တိတိ
သန့်စင်ခန်းအတူတူသုံးရပါတယ်။ မင်္ဂလာဆောင်နေချိန်မှာလည်း
သတို့သားရော သတို့သမီးပါ အစားနည်းနည်းပဲစားရပါတယ်။ ဒီဓလေ့က
သူတို့ကြာရှည်စွာ ပျော်ပျော်ရွှင်ရွှင်နဲ့နေရပြီး အိမ်ထောင်ရေးတည်မြဲအောင်ဖြစ်ပါတယ်တဲ့။

278 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.