တခြားသူတစ်ယောက်က သင့်ကိုဒေါသတကြီးအော်ဟစ်ပြောဆိုလာရင် ဘယ်လိုပြန်ပြီးတုံ့ပြန်သင့်သလဲ?

ဘယ်သူမဆို ကိုယ့်ကိုလာပြီးဒေါသတကြီးနဲ့အော်ဟစ်ပြောဆိုနေရင် မခံနိုင်ပါဘူး။ပြန်ပြီး ဒေါသထွက်စွာနဲ့ဖြေရှင်းတတ်ကြပါတယ်။ဒါပေမဲ့ ရန်ကိုရန်ချင်းတုံ့ပြန့်တာက မှားယွင်းတဲ့ ကိစ္စတစ်ခုပါ။တခြားသူတွေအမြင်မှာလည်း “ဟာ ဘယ်လိုလူတွေလဲ”ဆိုပြီး အထင် အမြင်သေးခံရမှာပါ။အဲ့ဒါကြောင့် တစ်ဖက်လူက ကိုယ့်ကိုဒေါသတကြီးပြောဆိုနေတဲ့အခါ ပြန်ပြီးတုံ့ပြန်သင့်တဲ့နည်းလမ်းလေးတွေပြောပြချင်ပါတယ်။

၁။ဒေါသတကြီးနဲ့ပြန်ပြီးမတုံ့ပြန်ပါနဲ့

တစ်ဖက်လူက ဒေါသထွက်ပြီးပြောနေတာကို ခဏလျစ်လျူရူထားလိုက်ပါ။ ဒေါသထွက်နေတဲ့အချိန်အမှားနိုင်တာမို့ ကိုယ်ပါသူ့အမှားထဲရောမပါသွားပါစေနဲ့။ သူစိတ်တည်ငြိမ်တဲ့အချိန်ထိစောင့်လိုက်ပါ။

၂။ပြဿနာကိုမေးပါ

သူကဘာလို့ကိုယ့်အပေါ်ဒီလိုဒေါသတကြီးပြောဆိုနေရတာလဲဆိုတဲ့ပြဿနာကိုမေးပါ။ပြဿနာကိုသိမှဖြေရှင်းလို့ရမှာဖြစ်လို့ သူ့ဆီကခိုင်မာတဲ့အချက်အလက်ကိုရပါစေ။

၃။မီးလောင်ရာလေပင့်မလုပ်မိပါစေနဲ့

ဒေါသတကြီးနဲ့ပြောဆိုနေလို့ကိုယ်ကပါပြန်ပြီးအော်ဟစ်ပြောဆိုလိုက်မယ်ဆိုရင် ဒေါသမီးက ပြီးဆုံးနိုင်မှာမဟုတ်တော့ပါဘူး။နောင်တစ်ချိန်မှာလည်းသူ့ရဲ့ အကျင့်ကိုမပြင်နိုင်ပဲ ဒေါသတကြီးပြောဆိုနေမိပါလိမ့်မယ်။ကိုယ်ကလည်းအေးအေးဆေးဆေးဖြေရှင်းမှ အမုန်းလည်းမပွားသလို သူ့အတွက်လည်းကောင်းမွန်စေပါတယ်။

၎။အချိန်ယူပါ

ပြဿနာတစ်ခုဖြစ်လာရင် ချက်ချင်းဖြေရှင်းလို့ရတဲ့အရာရှိသလို အချိန်ယူပြီးဖြေရှင်းမှ ရမယ့်ပြဿနာတွေလည်းရှိပါတယ်။အထူးသဖြင့်တစ်ဖက်လူက စိတ်ဆတ်၊ဒေါသထွက်လွယ် တဲ့သူဖြစ်နေရင် အမှားအယွင်းတွေဖြစ်နိုင်ပါတယ်။သူကဒေါသထွက်ပြီးလာပြောနေရင် သူ့ကိုခဏစဉ်းစားဖို့အချိန်ပေးလိုက်ပါ။ဒေါသထွက်နေတဲ့အချိန်အမှားအမှန်မသိဖြစ်နေပေမဲ့ ခေါင်းအေးသွားတဲ့အခါ ပြန်ပြီးစဉ်းစားနိုင်လာပါလိမ့်မယ်။အဲ့ဒါက နှစ်ယောက်လုံးအတွက် အကျိုးရှိစေပါတယ်။

၅။ပူးပေါင်းလုပ်ဆောင်ပါ

နောက်ဆုံးသူကလည်း စိတ်တည်ငြိမ်သွားပြီဆိုရင်ပြဿနာကိုဖြေရှင်းဖို့ ပူးပေါင်း လုပ်ဆောင်ပါ။အမုန်းပွားတာက အပြိုင်အဆိုင်ပိုများလာစေသလို အကျိုးလည်းမရှိပါဘူး။ အကျိုးမရှိတဲ့အလုပ်ကိုအချိန်ကုန်ခံပြီးမလုပ်ပါနဲ့။နှစ်ယောက်အတူဖြေရှင်းတာက အလွယ်တကူနဲ့အဖြေမှန်ကိုတွေ့ရှိစေပါတယ်။

355 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.