သင်မသိသေးတဲ့ အဆိုတော်Adele ရဲ့ဘဝဇာတ်ကြောင်း

Adele အဖေက သူမ(၂)နှစ်အရွယ်မှာ စွန့်ပစ်သွားခဲ့တယ်။ Adele ကို
မွေးတဲ့အချိန်မှာ Adeleအမေက ၁၈နှစ်ပဲရှိပါသေးတယ်။ သူမတစ်ယောက်
တည်း Adele ကိုကျွေးမွေးပြုစုခဲ့တယ်။ အစိုးရက ထောက်ပံ့တဲ့
အိမ်မှာနေခဲ့ရပြီး နေရာပေါင်းများစွာကိုလည်း သူတို့ပြောင်းရွေ့ခဲ့ရပါတယ်။
ကျောင်း (၁ဝ)လောက် Adele ပြောင်းတက်ခဲ့ရတယ်။ တစ်ခါမှလည်း
အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့ သူမ အိပ်မက်မမက်ခဲ့ဘူး။

ကျောင်းပြီးသွားတော့ သူမအတွက်တောင် မစဉ်းစားဘဲ
သူငယ်ချင်းတွေ အိပ်မက်အကောင်ထည်ဖော်ဖို့အရေးကိုပဲ
စိတ်ထက်သန်စွာကူညီပေးခဲ့တယ်။ တစ်နေ့မှာကျောင်း ပရောဂျက်
တစ်ခုအတွက် သူမသီဆိုခဲ့တဲ့ သီချင်းသုံးပုဒ်ကို သူငယ်ချင်းတစ်ယောက်
က Myspace ဝက်ဆိုဒ်မှာ တင်ပေးခဲ့တယ်။ နောက်၂နှစ်ကြာမှ
သူမရဲ့သီချင်းတွေကို လူသိလာခဲ့တယ်။

နောက်ပိုင်း သူမရဲ့ ပထမဆုံး 19 album ကိုထုတ်တော့ ကူပီပေါင်း
၁ဝမီလီလျံထက်တောင်ပိုရောင်းရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူမထက်
၁ဝနှစ်ကြီးတဲ့ လူတစ်ယောက်နဲ့ချစ်ခင်စုံမက်ခဲ့တယ်။ သူတို့ရဲ့
relationship ကအရမ်းကိုလေးနက်ခဲ့သလို ထိုလူက သူမဘဝရဲ့အရေးပါ
ဆုံးလူဖြစ်လာခဲ့တယ်။ Adele ကိုရင့်ကျက်အောင် သူပြုပြင်ပေးခဲ့တယ်။

၁၈လကြာပြီးနောက် သူတို့လမ်းခွဲတော့ Adele အရမ်းဝမ်းနည်းခဲ့ရပေမယ့်
ထိုလူက အချိန်ခဏလေးအတွင်းမှာပဲ နောက်တစ်ယောက်နဲ့စေ့စပ်သွားပြီလို့
သိလိုက်ရတယ်။ သူမရဲ့နာကျင်မှုတွေကို သီချင်းစာသားအဖြစ်ဖန်တီးပြီး
” Someone Like You” ဆိုတဲ့သီချင်းကို အသက်သွင်းခဲ့ပါတယ်။

၂ဝ၁၁မှာ Adele သီချင်းဆိုတာနားလိုက်ပြီး အသံအိုးခွဲစိတ်ခဲ့ရပါတယ်။
၂ဝ၁၂မှာ ပြန်ရောက်လာခဲ့ပြီး အရင်ကထက်ပိုသန်မာလာတာကိုတွေ့ရ
တယ်။ Grammy Awards မှာ သူမရဲ့ပထမဆုံးဖျော်ဖြေမှုက
ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်ခဲ့ရုံမက အဲ့ဒီညမှာပဲ ဆု(၆) ဆု
သိမ်းပိုက်နိုင်ခဲ့တယ်။

Adele မှာ စင်ကြောက်တဲ့ရောဂါရှိတယ်။ အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရချိန်
အရမ်းလည်းစိတ်ဓာတ်ကျခဲ့ရတယ်။ မီဒီယာကနေတစ်ဆင့် သူမရဲ့
ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီးတိုက်ခိုက်ကာ ဝိတ်ချဖို့ဖိအားတွေပေးခဲ့ပေမယ့်
သူမရဲ့လက်ရှိအနေထားကိုပဲ လက်ခံခဲ့ပါတယ်။ အသက် (၂၉)နှစ်မှာ
Grammys ဆု ၁၂ခုကို အနိုင်ရရှိခဲ့ပြီး အခွေပေါင်း ၁ဝဝမီလီလျံရောင်းချနိုင်ခဲ့ပြီ။

Source: Goalcast 

451 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.