၃၆နှစ်ပြည့်မွေးနေ့ပွဲကို သူငယ်ချင်းတွေနဲ့သီးသန့်ကျင်းပခဲ့တဲ့ Song Hye Kyo

နိုဝင်ဘာ ၂၂ရက်နေ့က ပရိသတ်တွေအရမ်းချစ်ကြတဲ့မင်းသမီးလေး Song Hye Kyo ရဲ့ ၃၆နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။Song-Song စုံတွဲလေးက သူတို့ရဲ့အေဂျင်စီက သူငယ်ချင်းတွေကိုဖိတ်ပြီး ညစာအတူစားခဲ့တယ်လို့သိရပါတယ်။ဒီမွေးနေ့ပွဲလေးက သူတို့စုံတွဲအတူတူကျင်းပတဲ့ပထမဆုံးမွေးနေ့ပွဲလည်းဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံမွေးနေ့ပွဲကျင်းပနေတာကို မြင်လိုက်ရတဲ့ ပရိသတ်တစ်ယောက်က အခုလိုပဲပြောပြခဲ့ပါတယ်။” ညနေ ၅နာရီလောက် ဟိုတယ်ဧည့်ခန်းမှာမတ်တပ် ရပ်စောင့်နေတုန်း လက်ချင်းချိတ်ပြီးဝင်လာတဲ့ စုံတွဲတစ်တွဲကိုမြင်လိုက်ပါတယ်။အဲ့ဒီအမျိုးသားက ရုတ်တရက် သူ့မျက်နှာကိုလှည့်လိုက်တဲ့အချိန်မှာတော့ Song Joong Ki ဖြစ်နေတာ ကိုတွေ့လိုက်ပါတယ်။ သူက သေချာဂရုစိုက်ပြီးကြည့်တဲ့အခါမှာတော့ သူ့ရဲ့ ဘေးကတစ်ယောက်က Song Hye Kyo ဖြစ်နေပါတယ်။Hye Kyo က သူမရဲ့ မျက်နှာတစ်ဝက်အုပ်တဲ့အထိပုဝါကိုခြုံထားတာ တွေ့ရပါတယ်” လို့ သူရဲ့ ဖေ့ဘွတ်ခ်ပေါ်ကနေ တခြားပရိသတ်တွေသိအောင်ပြောပြခဲ့ပါတယ်။

သူတို့နှစ်ယောက်က လက်ထပ်ပြီးတာတစ်လနီးပါးရှိပါပြီ။မကြာသေးခင်ကမှ ဟန်းနီးမွန်းခရီးစဉ်ကပြန်လာခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တွေကသူတို့ရဲ့ သတင်းကိုအမြဲတမ်းစောင့်မျှော်နေကြတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ရက်နေ့က Song Joong Ki ရဲ့ ၃၃နှစ်ပြည့်မွေးနေ့တုန်းကလည်း Song Hye Kyoကဦးဆောင်ပြီးဘားတစ်ခုမှာမွေးနေ့ပွဲကျင်းပပေးခဲ့ပါသေးတယ်။

Song Joong Ki က နိုဝင်ဘာ ၃၀၊ဒီဇင်ဘာ ၁ရက်နေ့၊ဟောင်ကောင်မှာကျင်းပမယ့် MAMA Music Awards ဆုပေးပဲမှာလည်း အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်မယ်လို့သိရပါတယ်။

 

 

 

 

 

825 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.