ပျက်စီးနေတဲ့ ဆံပင်ကိုပြန်လည်ကောင်းမွန်အောင် ထိန်းသိမ်းနည်း

ရေထုညစ်ညမ်းမှု၊ လေ၊ နေ နဲ့ အခြားအကြောင်းအရာအမျိုးမျိုးကြောင့်
ဆံသားတွေပျက်စီးနိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံသား ပြန်လည်ကောင်း
မွန်အောင်ဆောင်ရန် ရှောင်ရန်အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

dryer ခဏခဏမသုံးပါနဲ့


ခေါင်းလျော်ပြီးတိုင်း Dryer မကြာခဏသုံးပေးခြင်းဟာ ဆံပင်ကိုအလွယ်
တူပျက်စီးစေပါတယ်။ အကောင်းဆုံးက ဆံပင်ကို သဘာဝတိုင်း
တပတ်နဲ့ပဲ ခြောက်အောင်သုတ်ပေးပြီး ဆံသားတွေ မခြောက်တခြောက်
အနေထားရောက်တော့မှ dryer နဲ့မှုတ်ပေးပါ။ လေပူနည်းနည်းလေးနဲ့
သာ အခြောက်ခံပါ။

မကြာခဏ ခေါင်းလျှော်ခြင်း


ခဏခဏ ခေါင်းလျှော်တာက သင့်ဦးရေပြားက သဘာဝတိုင်းထွက်တဲ့
အဆီတွေကိုကုန်ခမ်းစေပြီး ခြောက်သွေ့စေပါတယ်။ သုံးရက်တစ်ခါလောက်
ပဲခေါင်းလျှော်ပေးတာကောင်းပါတယ်။ သံလွင်ဆီနဲ့ နာရီဝက်လောက်
ပေါင်းပြီးမှလျှော်ရင် ဆံသားတွေပျော့ပျောင်းစေပြီး ပျက်စီးနေတဲ့
ဆံပင်တွေကို ပြုပြင်ပေးနိုင်ပါတယ်။ သုံးရက်တစ်ခါ လျှော်လို့အဆင်မပြေ
ဘူး..ခေါင်းက တစ်ရက်လျှော်ပြီးနောက်နေ့အဆီပြန်တယ်ဆိုရင်
dry shampoo လေးဆောင်ထားပါ။

လက်ဖက်နဲ့ ဆံကေသာတောက်ပြောင်နိုင်


ပျက်စီးနေတဲ့ ဆံပင်ကို လက်ဖက်ကလည်းပြန်လည်ပြုပြင်ပေးနိုင်တယ်တဲ့။
လက်ဖက်ရည်နွေးနွေးလေးကို အအေးခံပြီး ခေါင်းမလျှော်ခင် ဆံပင်မှာ
နှပ်ထားပေးပါ။ လက်ဖက်က ဆံပင်အရောင်ကိုပြောင်းလဲပေးနိုင်ပါတယ်။

ပျက်စီးနေတဲ့ ဆံသားတွေရေစိုနေချိန် ပိုဂရုပြု


ကျန်းမာနေတဲ့ ဆံကေသာတောင် ရေစိုနေချိန်ဆို ပျက်စီးလွယ်နိုင်ပါတယ်။
ပျက်စီးတဲ့ ဆံပင်ဆို ပိုဂရုစိုက်သင့်တယ်နော်။ ရေစိုနေတဲ့ဆံသားကို
တပတ်နဲ့ အတင်းဖိသုတ်တာမျိုးမလုပ်ပါနဲ့။ တီရှပ်တစ်ထည်နဲ့ပဲဖြစ်ဖြစ်
ခေါင်းကို ခဏပတ်ပေါင်းထားလိုက်ပါ။ သူ့ဘာသာ သဘာဝတိုင်းခြောက်
သွားတာပိုကောင်းပါတယ်။ ရေစိုနေတဲ့ဆံပင်ကိုဖြီးချင်ရင် အသွားကျဲတဲ့ ဘီးနဲ့ ဖြီးပေးပါ။

သံလွင်ဆီ


ပျက်စီးနေတဲ့ ဆံပင်ကိုအကောင်းဆုံးပြန်လည်ပြုပြင်ပေးနိုင်တာ
ဆီပါပဲ။ သံလွင်ဆီ၊ အုန်းဆီ၊ ဗာဒံဆီ တို့ကိုအသုံးပြုနိုင်ပါတယ်။
ဆီကို ရိုးရိုးပဲ အပူပေးပြီး ခေါင်းပေါ်သုတ်လိမ်းပေးပါ။ နာရီဝက်လောက်
အဝတ်နဲ့ပတ်ပြီး ပေါင်းထားပေးရင်ရပါပြီ။ ဆံပင်ကအရမ်းပျက်စီးနေတယ်
ဆိုရင် တစ်ညလုံးပေါင်းထားတာပိုကောင်းပါတယ်။

ပျော့ဆေး


သင်က တစ်ပတ်ကိုတစ်ခါလောက် ပျော့ဆေးသုံးတတ်ရင် သင်ဆံသားတွေ
သိသိသာသာပျက်စီးလာပါလိမ့်မယ်။ ကိုယ့်ဆံပင်နဲ့ အဆင်ပြေစေမယ့်
ပျော့ဆေးကိုရွေးချယ်ပါ။ ဆံပင်ကျွတ်တာတွေလည်း သက်သာလာပါလိမ့်မယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.