မဟုတ်မမှန်သတင်းတွေကြောင့် ဘ၀နေထိုင်မှုထိခိုက်လုနီးပါးဖြစ်သွားကြတဲ့ အနုပညာရှင် ၅ယောက်

အနုပညာရှင်တွေကို မုန်းတဲ့သူတွေရှိသလို ချစ်ခင်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ မုန်းတဲ့သူတစ်ချို့ရဲ့ မဟုတ်မမှန်သတင်းတွေကြောင့် အနုပညာလောကမှာ ရပ်တည်မှု ထိခိုက်လုနီးပါးဖြစ်သွားခဲ့ရတဲ့အနုပညာရှင် ၅ယောက်ရှိတယ်လို့သိရပါတယ်။ ဘယ်သူတွေလဲဆိုတော့…

၁။IU

၂၀၁၃ခုနှစ်တုန်းက IU ဟာ အနုပညာရှင်အဆိုတော်အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်နဲ့ လက်ထပ်ဖို့စီစဉ်ထားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ကောလဟာလဆိုတာ အရမ်းကြောက်စရာကောင်းတဲ့ဂယက်တစ်ခုပါ။IU က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရဲတွေကိုစုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာ မဟုတ်မမှန်သတင်းလွှင့်တဲ့သူကိုဖမ်းဆီးမိခဲ့တယ် လို့သိရပါတယ်။

၂။Han Seungyeon

၂၀၁၃ခုနှစ်မှာပဲ Han Seungyeon ဟာ နာမည်ကြီးပြီးအာဏာရှိတဲ့အင်တာတိန်းမန့်တွေကို သူမရဲ့ အလုပ်အကိုင်ပိုပြီးကောင်းမွန်အောင်သွေးဆောင်ဖြားယောင်းနေတယ်လို့ အလိမ်အညာ သတင်း ထွက်ခဲ့ပါတယ်။အဲ့ဒီသတင်းကြောင့်သူမရဲ့ မိဘတွေပါစိတ်ထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။

၃။Sulli

၂၀၁၄အစောပိုင်းမှာ Sulli ကို ကိုယ်ဝန်ဆောင်ဆေးခန်းတစ်ခုမှာမြင်တွေ့လိုက်ရလို့ Sulli မှာကိုယ်ဝန်ရှိနေတယ်ဆိုပြီးသတင်းထွက်ခဲ့ဖူးပါတယ်။သတင်းအတုအယောင်တွေက မီးလိုပဲပျံ့နှံ့တာမြန်ဆန်လို့ အချိန်တော်တော်ကြာအောင် Sulli ကစိတ်ထိခိုက်ခဲ့ရပါတယ်။

၎။Jang Hyunseung နဲ့ Hyuna

၂၀၁၄ အစောပိုင်းမှာပဲ Hyunaဟာ Jang Hyunseung နဲ့ကိုယ်ဝန်ရနေတယ်ဆိုပြီး ဆောင်းပါးအလိမ်အညာတစ်ခုတက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲ့ဒီဆောင်းပါးက ဖျက်သွားတယ်လို့သိရပါတယ်။

၅။Rain

၂၀၁၄၊နိုဝင်ဘာလမှာပဲ Rain ရဲ့ အ၀တ်အစားဗလာနဲ့ဓာတ်ပုံတစ်ပုံထွက်ရှိလာခဲ့ပါတယ်။ ဓာတ်ပုံတင်တဲ့ သူက “ဒီဓာတ်ပုံဟာ Rain ရဲ့ အမျိုးသမီး Kim Tae hee ပျောက်ဆုံးသွားတဲ့ ဖုန်းထဲကတွေ့ခဲ့တာ”ဆိုပြီးရေးသားခဲ့ပါတယ်။ဒါပေမဲ့ နောက်ဆုံးမှာ အဲ့ဒီပုံဟာ Rain ရဲ့ ပုံမဟုတ်ပဲ Rain နဲ့ဆင်တူတဲ့လူတစ်ယောက်ဖြစ်နေတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

53 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.