Social Media ကို ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲ ?

သင်က အွန်လိုင်း marketer, content writer , content editor
တစ်ယောက်ဆို မီဒီယာက စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ၊ အချက်
အလက်တွေနဲ့ ကိုးကားမှီငြမ်းစာတွေကို နေ့တိုင်းလေ့လာနိုင်ဖို့က
သင့်အလုပ်ကပေးတဲ့ အခွင့်အရေးတစ်ခုပါ။ သင်ငြီးငွေ့လာနိုင်ပါတယ်..
ဒါပေမယ့် ဒါဟာသင့်ရဲ့အလုပ်ပဲမလား !

Social Media မှာ ကောင်းတဲ့အချက်တွေအများကြီးရှိတယ်။
အင်စတာဂရမ်မှာဆို လှပတဲ့ရှုခင်းပုံတွေ၊ ခရီးသွား ဘလော့ကာတွေရဲ့
ဓာတ်ပုံတွေ ကြည့်ရှုနိုင်တယ်။ တွစ်တာမှာဆိုလည်း စိတ်ဝင်စားစရာ
ဇာတ်လမ်းအကြောင်းအရာတွေ အများကြီးရှိတယ်။ ဖေ့စ်ဘုတ် .. ။
ဒီမှာတော်တော်များသုံးတဲ့ ဆိုရှယ်မီဒီယာတစ်ခုပေါ့။ ဓာတ်ပုံတင်၊
ဗီဒီယိုကြည့်၊ သူငယ်ချင်းတွေနဲ့စကားပြောလို့ရတော့ လူငယ်တွေစိတ်
ကြိုက်ပါပဲ။ ကောင်းပါတယ်.. တစ်ဖက်မှာလည်း ဆိုးကျိုးဆိုတာတော့
ရှိပြီးသား။ အထူးသဖြင့် ဖေ့စ်ဘုတ် သုံးရတာကိုစွဲလာတဲ့ အချိန်မျိုးပါ။

” ငါဒါလေးတစ်ခုပဲတင်ပြီး အောက်မှာ” ဒီလိုပြောပြီး သူငယ်ချင်းတစ်ယော
က်က ကွန်မန့်ဝင်ပေးတော့ အချင်းချင်းအပြန်အလှန် မန့်နေတာတုန်း
နောက်တစ်ယောက်က message ကနေ စကားလာပြောလို့ ပြန်ပြောနေရ
တာနဲ့ တစ်နာရီလောက်က အချိန်ကုန်သွားပြီနော်။

သုံးသင့်သလောက်သုံးပြီး..နားပါ။ ကျန်းမာရေးအတွက် မကောင်းပါဘူး ။
မျက်လုံးနဲ့ ဦးနှောက်ကို ထိခိုက်ရုံတင်မဟုတ်ဘူး.. စိတ်ပိုင်းဆိုင်ရာကိုပါ
ထိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ ပတ်သတ်ပြီး အခြားပြဿနာတွေရှိလာ
တယ်။ လွှမ်းမိုးမှုခံလာရတာ။

သူငယ်ချင်းတစ်ယောက် ပါတီမှာပျော်နေပုံ၊ သူ့ရဲ့ရည်းစားက သိပ်ချောတာ၊
သူ့ရဲ့အကောင်းစား ကားကြီး နဲ့ တိုက်ခန်း .. အားလုံးက အားကျစရာတွေ
ပဲ။ ဒါတွေမြင်ရလို့ ဝမ်းသာပေးတဲ့လူရှိသလို၊ ကြိတ်ပြီး မနာလိုတဲ့လူတွေ
ရှိမယ်။ မနာလိုတဲ့လူက များပါတယ်။ ဒီတော့ စိတ်ထဲအစိုင်အခဲဖြစ်ပြီး
ကိုယ်ပဲ ထိတာပေါ့။ နောက်တစ်ခုက ကိုယ်ဘဝနဲ့ သူတို့ဘဝကို နှိုင်းယှဉ်
မိလိုက်တာပဲ။ ဘာအတွက်လဲ ?
အရမ်းကွာခြားနေတဲ့အခါ သိမ်ငယ်စိတ်ဝင်ရုံက လွဲပြီး ဘာထူးမှာလဲ ။

တကယ်တော့ အချိန်တွေကိုဖြုန်းမိနေတယ်။ ငြီးငွေ့စရာကောင်းတဲ့
သူများကိစ္စတွေကနေ မရုန်းထွက်နိုင်ဘူး။ စိတ်ဖိစီးမှုတွေ ရလာတယ်။

ဆိုရှယ်မီဒီယာက သင့်အတွက်ကောင်းကျိုးမပေးဘူးလို့ မဆိုလိုဘူးနော်။
ကောင်းတာတွေလည်း အများကြီးရှိတယ်။ ဝိတ်ချဖို့အတွက် လေ့ကျင့်ခန်း
ဗီဒီယိုတွေကြည့်ချင်လား..၊ ခွန်အားဖြစ် စာပေတွေဖတ်ချင်လား..၊
စိတ်အမောဖြေ ရယ်စရာဟာသလေးတွေ၊ အင်္ဂလိပ်စာ လေ့လာချင်သူတွေ၊
ကိုယ့်အတွက်လိုအပ်တာတွေ အကုန်တော့မဟုတ်ပေမယ့် အများစုကတော့
အွန်လိုင်းကနေပဲ ရှာဖွေလို့ရနေပါပြီ။ အကျိုးရှိရှိ အသုံးချနိုင်ပါစေ !

62 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.