Girls’ Generation အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Taeyeon ဟာ ကားအက်စီးဒင့်ဖြစ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၈ရက်နေ့၊ပြည်ပမီဒီယာတစ်ခုကနေ ကြေညာခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့အဆိုအရ Taeyeonဟာ သုံးလမ်းသွားကား လမ်းပေါ်မှာ သူမရဲ့ မာစီးဒီးကားကိုမောင်းနှင်ရင်း တက္ကစီတစ်စီးနဲ့တိုက်မိခဲ့ပါတယ်။တက္ကစီကားကနေတစ်ဆင့် အရှေ့မှာရှိတဲ့ audi ကားကို ထပ်တိုက်မိပြီးကားသုံးစင်းဆင့်တိုက်မှုဖြစ်ပေါ်လာခဲ့တာ လို့သိရပါတယ်။ကားသုံးစီးဆင့်တိုက်မှုဖြစ်ခဲ့ပြီးနောက် Taeyeon ရဲ့ ဝမ်းဗိုက်နာကျင်မှုကြောင့်ဆေးရုံကို အမြန်ပို့ပေးခဲ့ရပါတယ်။Audi ကားထဲက ယာဉ်မောင်းနဲ့ တက္ကစီကားပေါ်က ခရီးသည်နှစ်ယောက်ကိုလည်းဆေးရုံကိုပို့ခဲ့ရတယ် လို့သိရပါတယ်။တက္ကစီဒရိုင်ဘာကိုတော့ ကားအက်စီးဒင့်ဖြစ်တာနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ခေါ်သွားခဲ့ပါတယ်။
Taeyeon ရဲ့ ကားအက်စီးဒင့်နဲ့ပတ်သက်ပြီး မျက်မြင်သက်သေတွေရဲ့ အငြင်းပွားစကားတွေလည်း မျိုးစုံထွက်လာခဲ့ပါတယ်။မျက်မြင်သက်သေတစ်ယောက်က “ဒီလိုစာမျိုးကိုမတင်ချင်ပါဘူး။ ဒါပေမဲ့မတော်တဆဖြစ်ပြီးတဲ့နောက် အရမ်းစိတ်ဆိုးလို့တင်ခဲ့တာပါ။Taeyeonဟာ ကားနှစ်စီးကို ထိခိုက်အောင် လုပ်ခဲ့ပါတယ်။အလယ်ကတက္ကစီကားရဲ့ ပြတင်းပေါက်တွေအားလုံး ကွဲကြေသွားခဲ့ပါတယ်။ မှန်ကွဲစတွေကလည်း သူတို့ဆီကိုလာစင်ခဲ့ပါတယ်။ဒါပေမဲ့သူမက နာမည်ကျော်တစ်ယောက်ဖြစ်လို့ဆေးရုံကားက တခြားသူတွေကိုခဏစောင့်ခိုင်းထားပြီး သူ့ကိုအရင်ခေါ်သွားခဲ့ပါတယ်။ရဲတွေက Taeyeon ကို အရက်သောက်ပြီးမောင်းတာလား ဆိုတာကိုတောင် မစစ်ဆေးခဲ့ပါဘူး၊ဆေးရုံရောက်တော့လည်း ဆေးရုံကအရာရှိတစ်ယောက်က Taeyeon ကိုတွေ့ပြီးဝမ်းသာလို့ ဓာတ်ပုံတွဲရိုက်ဖို့တောင်လုပ်ခဲ့ပါတယ်။ဒီလူတွေက တခြားသူတွေရဲ့ အသက်ကိုကယ်တင်ရမှာပါ။ဒါပေမဲ့သူတို့ကလူနာတွေကိုလျစ်လျူရှုပြီး သူတို့ရဲ့ နာမည်ကျော်အဆိုတော်ကိုသာ ပထမဆုံးဂရုစိုက်ပေးခဲ့ပါတယ်။အရမ်းကောင်းပါတယ်။ နာမည်ကျော်တစ်ယောက်ဖြစ်ရတာအရမ်းကိုကောင်းပါတယ်”လို့ရေးသားခဲ့ပါတယ်။
တခြားတစ်ယောက်ကတော့ “ငါလည်းပဲစိတ်ဆိုးပါတယ်။ဒါပေမဲ့ Taeyeonလည်း ထိခိုက်မှုရခဲ့တာပါ။ပြီးတော့ သူမကိုအရင်ဆုံးကုပေးဖို့လည်းပြောခဲ့တာမဟုတ်ပါဘူး” လို့ရေးသားခဲ့ပါတယ်။
တခြားမျက်မြင်သက်သေတစ်ယောက်ကလည်း “Taeyeonက ဆေးရုံကားကိုမစီးခဲ့ပါဘူး။သူမရဲ့ မန်နေဂျာရောက်လာပြီးမန်နေဂျာကားနဲ့သာ ဆေးရုံသွားခဲ့တာပါ။အဲ့ဒီနောက် ရဲတွေရောက်လာပြီး မတော်တဆမှုဖြစ်သူအားလုံးကို စစ်ဆေးခဲ့ပါတယ်။ ဘယ်သူကမှအရက်မသောက်ထားဘူး လို့စစ်ဆေးတွေ့ရှိခဲ့တယ် လို့ဖေ့ဘွတ်ခ်မှာရေးသားထားခဲ့ပါတယ်။
Taeyeon ရဲ့ပရိသတ်တွေကတော့ ကားအက်စီးဒင့်ဖြစ်ပြီး ၀မ်းဗိုက်နာကျင်ထိခိုက်သွားတယ်ဆိုတဲ့သတင်းကြောင့်စိတ်ပူနေကြပါတယ်။သေချာစစ်ဆေးကုသဖို့လည်း ကွန်းမန့်တွေမှာရေးသားထားတာကိုမြင်တွေ့ခဲ့ရပါတယ်။