အသားထက်အသီးအရွက်များများစားပေးရင် ပြောင်းလဲလာမယ့် သင့်ခန္ဓာကိုယ်အချိုးအစား

ဝိတ်ကျလာမယ်


အသားမစားရင် ၁ဝပေါင်လောက်ကျနိုင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီတွေ
တွက်ချက်နေစရာမလိုဘဲ လေ့ကျင့်ခန်းပရိုဂရမ်တွေကို မြှင့်တင်စရာမလို
တော့ဘူးပေါ့။ သင်စားတဲ့အသီးအရွက်တွေက သင့်ခန္ဓာကိုယ်အာဟာရ
မျှတအောင် ဖြည့်စွမ်းပေးနိုင်ပါတယ်။

အူလမ်းကြောင်းရှင်းလာမယ်


အသားစားတဲ့လူထက် အသီးရွက်ပဲစားတဲ့လူတွေရဲ့ အူလမ်းကြောင်းဟာ
ပိုးမွှားသန့်စင်တယ်လို့သိရပါတယ်။ အသီးရွက်တွေက အူလမ်းကြောင်းရှိ
ပိုးမွှားတွေကို တိုက်ခိုက်နိုင်တယ်။ ပိုပြီးတော့လည်း ပေါ့ပါးလန်းဆန်းလာ
ပါတယ်။

အသားရေလှပ


အသီးရွက်စားတဲ့လူတွေရဲ့ အသားရေဟာ တောက်ပြောင်ပြီး အဖုနဲ့
အမည်းစက်တွေ ကင်းစင်နေတာကိုလည်း သတိထားမိမှာပါ။ အသားထက်
အသီးအရွက်နဲ့ အစားထိုးလိုက်တာဟာ အဆိပ်တောက်တွေအကုန်ရှင်းထုတ်
သလိုဖြစ်တယ်လို့ သိပံ္ပပညာရှင်များက ပြောထားပါတယ်။ ဒီနည်းလမ်းနဲ့
လည်း သင့်အသားရေလှအောင်လုပ်လို့ရတယ်နော်။

လန်းဆန်းပေါ့ပါး


အသားစားတာကိုရပ်လိုက်ပြီး အသီးရွက်စားတဲ့လူတွေဟာ
တစ်နေကုန်လို့ ပင်ပန်းတာမျိုးမရှိဘူးလို့ ပြောကြတယ်။
” အရင်က တစ်နေကုန်ရုံးမှာပဲထိုင်ပြီး အလုပ်လုပ်နေတာတောင် ပင်ပန်းသလို
ခံစားရတယ်..အခုတော့ ပေါ့ပါးလန်းဆန်းနေတာပဲ” လို့ အသီးရွက်စားတဲ့
လူတစ်ယောက်က ပြောဖူးပါတယ်။ ခန္ဓာကိုယ်က ဝိတ်မတက်တဲ့အပြင်
အဆိပ်တောက်တွေကိုလည်းဖယ်ရှားပေးတော့ ခန္ဓာကိုယ်ကပေါ့ပါးနေတာ ပေါ့။။

ကိုလက်စထရောတွေ လျော့ကျ


အသားမစားရင် ကိုလက်စထရောတွေ လျော့ကျလာပါလိမ့်မယ်။
ဒီအကျိုးသက်ရောက်မှုဟာ ကိုလက်စထရောဆေးနဲ့ညီမျှပါတယ်။
ဆိုးကျိုးတော့မဖြစ်စေပါဘူး။ ပိုပြီး ကျန်းမာလာဖို့ပဲရှိပါတယ်။ အဆီပိတ်ရော
ဂါရှိတဲ့လူတွေအနေနဲ့ အသီးအရွက်များများစားပေးဖို့ အကြံပြုချင်ပါတယ်။

သင့်ရဲ့ဗီဇရင်းမြစ် ပိုကောင်းလာမယ်


လူတွေရဲ့ ဗီဇရင်းမြစ် လက္ခဏာဟာ ပတ်ဝန်းကျင်အနေထားနဲ့လည်း
သက်ဆိုင်တယ်လို့ သိပံ္ပပညာရှင်တွေကပြောပါတယ်။ ဗီဇရင်းမြစ်မှာ
အကောင်း ၊ အဆိုးရှိပြီးသားပါ။ သင့်ရဲ့နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့
မညီမျှရင် မကောင်းတဲ့ဗီဇရင်းမြစ်က အလုပ်ပိုလုပ်တာကြောင့်
နာတာရှည်ရောဂါနဲ့ အဝလွန်ခြင်းကိုဖြစ်စေပါတယ်။ ကျန်မားရေးနဲ့
ညီညွတ်တဲ့ နေထိုင်မှုဆိုရင်တော့ ဗီဇရင်းမြစ်ရဲ့အလုပ်လုပ်ပုံလည်း
ပြောင်းသွားပါလိမ့်မယ်။ ဗီဇရင်းမြစ်ပြောင်းလဲမှုက ကိုယ့်အစားသောက်ပေါ်
လည်းမူတည်တာကြောင့် သင့်တင့်မျှတအောင်စားပေးဖို့လိုပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.