ကမ္ဘာ့အမြင့်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးဖြစ်လာမယ့် ရိုလာကိုစတာ ၂၀၂၀ မှာဖွင့်လှစ်ဖို့စီစဉ်

ဖလော်ရီဒါနိုင်ငံ၊အော်လန်ဒိုမြို့၊skyplex complex မှာ ဒေါ်လာ သန်း၂၅၀တန်ရိုလာကိုစတာ တစ်ခု ထွက်ပေါ်လာတော့မယ်လို့သိရပါတယ်။skyscraper လို့ခေါ်တဲ့ရိုလာကိုစတာဟာ အမြင့်ပေ ၅၀၀ကျော်ရှိပြီး ကမ္ဘာ့အရှည်ဆုံးရိုလာကိုစတာတစ်ခုဖြစ်လာမှာပါ။ သင်စီးဖူးသမျှရိုလာကိုစတာထဲမှာ အမြင့်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးရိုလာကိုစတာ တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။

The Skyscraper ကို ၂၀၁၅မှာစပြီးတည်ဆောက်မယ်လို့မျှော်လင့်ထားကြပေမဲ့ ဒီဇိုင်းနဲ့တခြားလိုအပ်ချက်တွေရှိနေတာကြောင့် ၂၀၁၇ မှစတင်နိုင်ခဲ့ပါတယ်။အဲ့ဒါကြောင့် skyplex ကို၂၀၁၉မှာ စတင်ဖွင့်လှစ်ဖို့ရည်ရွယ်ထားပြီး၂၀၂၀မှာ Skyscraper ဖွင့်လှစ်နိုင်လိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပြခဲ့ပါတယ်။

အမေရိကန်ဒီဇိုင်းဖန်တီးထားပြီး ဆွစ်ဇာလန်နိုင်ငံမှ Intamin ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ဆောင် ထားတာပါ။ စတီးအမျိုးအစားဖြစ်ပြီး အမြင့် ၅၃၅ပေ၊အရှည် ၅၂၀၀ပေရှိပါတယ်။အရှိန်ကတော့ ၆၅ Mph လို့သိရပါတယ်။ရိုလာကိုစတာစီးရတာ အရမ်းကြိုက်တယ်ဆိုတဲ့သူတွေအတွက် စိတ်လှုပ်ရှားမှုလည်းပေးစွမ်းနိုင်ပြီး အသည်းတအေးအေးစီးရမယ့် ရိုလာကိုစတာကိုစောင့်မျှော်ကြဦးနော်။

214 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.