ဒီဇင်ဘာလမှာ ပရိသတ်တွေအတွက်မီနီအယ်လ်ဘမ်အသစ်ဖြန့်ချီပေးတော့မယ့် Rain

နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ Rainဟာ မကြာခင်မီနီအယ်လ်ဘမ်အသစ်တစ်ခုကိုပရိသတ်တွေဆီမျှဝေတော့မှာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ မီနီအယ်လ်ဘမ်မှာပါဝင်မယ့်သီချင်းတစ်ပုဒ်ဖြစ်မယ် လို့ခန့်မှန်းထားကြတဲ့ ပိုစတာတစ်ခုကိုဖော်ပြခဲ့ပါတယ်။”Gang”ဆိုတဲ့နာမည်ဖြစ်ပြီး မီနီအယ်လ်ဘမ်အသစ်ဖြစ်တဲ့ My Life ထဲက ပထမဆုံးခေါင်းစီးသီချင်းဖြစ်တယ်လို့ ပရိသတ်တွေကလည်းခန့်မှန်းထားကြပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်ကျော်အတွင်းဂီတဘက်မှာလှုပ်ရှားမှုမရှိခဲ့ပဲ အခုပထမဆုံးပြန်ပြီးဖြန့်ဝေမယ့် အယ်လ်ဘမ်လည်းဖြစ်ပါတယ်။ဒီဇင်ဘာ ၁ရက်နေ့မှာ၊ညနေ ၆နာရီမှာ ဖြန့်ဝေမယ်လို့လည်း သိရပါတယ်။

သမီးလေးနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၇ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ SBS Power FM ရဲ့ Cultwo Show ပွဲမှာ စီစဉ်တင်ဆက်သူတွေက “အဖေတစ်ယောက်ဖြစ်ရတာဘယ်လိုလဲ” လို့မေးခဲ့ပါတယ်။Rain က သူ့ရဲ့ အမျိုးသမီးနဲ့ကလေးအကြောင်းကို တီဗီထုတ်လွှင့်မှုတွေမှာ နောက်ထပ်မပြောတော့ဘူးလို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုရင် အချိန်တွေကြာလာတဲ့အခါသူ့ရဲ့ အမျိုးသမီးနဲ့ကလေးအတွက်မကောင်းမှာစိုးလို့ပါလို့ဖြေခဲ့တယ်လို့သိရပါတယ်။

45 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.