ဒီလူတွေဟာ အိုင်တီနည်းပညာရဲ့အဓိကလူတွေဖြစ်ပြီး သူတို့လိုအပ်
သလောက် ဘယ်လိုစက်ပစ္စည်းမဆိုဝယ်ယူနိုင်သူတွေဖြစ်ပါတယ်။
အခြားကလေးတွေက စက်ပစ္စည်းတွေသုံးနေချိန် သူတို့ကလေးတွေမှာ
စက်ပစ္စည်းတွေသုံးစွဲခွင့်မရှိတာနဲ့ပတ်သတ်ပြီး အမြဲတမ်းမကျေမနပ်ပြော
တဲ့သံတွေကြားနေရပါတယ်။ ဘာကြောင့် သူတို့ကလေးတွေကို
ဒီလိုနည်းပညာတွေနဲ့ ထိတွေ့ခွင့်မပေးလဲဆိုတာ Bright Side မှတစ်ဆင့်
ဖော်ပြပေးလိုက်ပါတယ် ။
Bill Gates — a co-founder of the Microsoft Corporation
Bill မှာ ကလေးသုံးယောက်ရှိပါတယ်။ သူတို့အသက်(၁၄)မပြည့်မချင်း
စမတ်ဖုန်းအသုံးပြုခွင့်မပေးထားပါဘူး။ သူတို့သူငယ်ချင်းတွေကတော့
ဖုန်းတွေ ၊ အခြားစက်ပစ္စည်းတွေအသုံးပြုနေကြပေမယ့် သူတို့မသုံးရလို့
မကျေမနပ်ပြောကြပါတယ်။ ဘယ်လိုပဲပြောပြော Bill ကတော့ သူ့ကလေး
တွေကို စည်းကမ်းတင်းကျပ်ခဲ့တယ်။
သူ့ကလေးတွေ အသက်ကြီးလာတော့ စက်ပစ္စည်းတွေကိုင်ခွင့်ပြုခဲ့ပေမယ့်
သုံးစွဲခွင့်နဲ့ပတ်သတ်ပြီး စည်းကမ်းတွေထပ်သတ်မှတ်ပါတယ်။
– သူငယ်ချင်းတွေနဲ့ စကားပြောချင်တဲ့အခါ (သို့) အိမ်စာလုပ်ရာမှာပဲ
အသုံးပြုခွင့်ပေးထားပါတယ်။
– အိပ်ယာမဝင်ခင် နဲ့ အစားစားနေချိန်အတွင်း ဖုန်းများသုံးစွဲခွင့်မပြု
– စက်ပစ္စည်းတွေအသုံးပြုတဲ့အချိန်ကို မိဘတွေသတ်မှတ်ပေးထား
Chris Anderson — the CEO of 3D Robotics, a drone-manufacturing company
Chris လည်း သူ့ရဲ့ကလေးတွေအပေါ် စက်ပစ္စည်းသုံးစွဲမှုနဲ့ပတ်သတ်ပြီး
စည်းကမ်းတွေထားရှိထားတယ်လို့ သိရပါတယ်။ သူတို့အဖေရဲ့စည်းကမ်း
ကို အခြားကလေးတွေ လိုက်နာနိုင်မယ်မထင်ဘူးလို့ Chris ကလေးတွေက
ပြောပါတယ်။
Chrisကတော့ သူ့ရဲ့ကလေးတွေ လူမှုကွန်ရက်မှာပဲအချိန်ကုန်နေတာမျိုး
မဖြစ်စေချင်ဘူး.. သူတို့လက်တွေ့ဘဝက တကယ့်အခွင့်အရေးတွေနဲ့
လွဲသွားမှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ ဂရုစိုက်တတ်လွန်းတဲ့ Chrisက
လူမှုကွန်ရက်သုံးပြီဆို ကောင်းတာရော၊ ဆိုးတာပါ ဒွန့်တွဲပြီးမြင်နေရမှာမို့
ကလေးတွေကို မမြင်သင့်၊ မမြင့်အပ်တာတွေ မမြင်အောင်လည်း ကာကွယ်
ပေးချင်တယ်လို့ သိရပါတယ်။
Dick Costolo — the former CEO of Twitter
Dick ကတော့ သူ့ရဲ့ကလေးတွေကို ဖုန်းအသုံးပြုမှုနဲ့ပတ်သတ်ပြီး
အချိန်ကန့်သတ်တာမျိုးမရှိပေမယ့် လိုက်နာစရာစည်းကမ်းတော့ ထုတ်ပြန်
ထားပါတယ်။ ဧည့်ခန်းထဲမှာ ဖုန်းအသုံးပြုခွင့်ရှိပြီး အစားစားနေချိန်နဲ့
အိပ်ယာမဝင်ခင်အချိန်မှာ သုံးစွဲခွင့်မပြုထားကြောင်းသိရပါတယ်။
Steve Jobs — a business magnate and co-founder of Apple Inc., NeXT, and Pixar
အားလုံးထင်ထားတာက Jobsရဲ့ မိသားစုဝင်တစ်ယောက်စီမှာ
နောက်ဆုံးထွက်ဖုန်းလေးတွေကိုင်ပြီး သာသာယာယာအသုံးပြုနေကြလိမ့်
မယ်လို့ပေါ့။ တကယ်တော့ Jobsက သူ့ကလေးတွေကို ဖုန်းသုံးခွင့်မပြုထား
ဘူးတဲ့။ ဖုန်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် မမြင်ရပဲစကားပြောတာထက်
အပြင်မှာ ပိုပျော်ဖို့ကောင်းတဲ့ စကားဝိုင်းတစ်ခုကို ကလေးတွေ ပိုတန်ဖိုးထား
အောင် သင်ပေးတယ်။ ဒါကြောင့် ညနေ(သို့) ညစာထမင်းဝိုင်းပြီးရင်
တစ်မိသားစုလုံးထိုင်ပြီး စကားတွေပြောရင်းအချိန်ကုန်ဆုံးကြတယ်။
ကလေးတွေပြုစုပျိုးထောင်ရာမှာ သူတို့နည်းလမ်းက ကလေးတွေအသက်
ကြီးလာတဲ့အခါ ကမ္ဘာကြီးကိုအကျိုးပြုနိုင်မယ့် လူသားတစ်ယောက်အဖြစ်
ရှင်သန်စေချင်ကြတယ်။ အိုင်တီလောကကို အားလုံးထက် သူတို့ကပိုပြီး
သိတာမို့ ဘယ်သူမှ သူတို့နည်းလမ်းကို မကန့်ကွက်နိုင်ကြပါဘူး။
ကလေးတွေ ဖုန်းအသုံးပြုမှုအပေါ် စည်းကမ်းထားတာနဲ့ပတ်သတ်ပြီး
စာတတ်သူတို့ရဲ့အမြင်ကိုလည်း ပြောပြခဲ့လို့ရပါတယ်..!