2PM အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Taecyeon က သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ Jun.K နဲ့ နိုဝင်ဘာ ၂၅ရက်နေ့တုန်းကနေ့လည်စာအတူစားခဲ့တယ်လို့သိရပါတယ်။
2PM အဖွဲ့ဝင်ဖြစ်တဲ့ Jun.K က သူ့ရဲ့ အင်စတာဂရမ်မှာ နှစ်ယောက် အတူနေ့လည်စာ စားနေတဲ့ပုံတင်ခဲ့ပြီး “ငါတို့သူငယ်ချင်းTaecyeon နဲ့ပြန်တွေ့တဲ့ပထမဆုံးညပဲ”လို့ ရေးသားခဲ့ပါတယ်။Taecyeon က စစ်မှုထမ်းနားရက်မှာ သူငယ်ချင်းဖြစ်သူနဲ့ လာတွေ့ခဲ့တာပဲဖြစ်ပါတယ်။
Taecyeonက စက်တင်ဘာလတုန်းက စစ်မှုထမ်းဆောင်ဖို့သွားခဲ့တာပါ။အခု စစ်မှုထမ်းပိတ်ရက်မှာ သူငယ်ချင်းဖြစ်သူနဲ့အတူလာတွေ့တာပဲဖြစ်ပါတယ်။
အဖွဲ့ဝင်သူငယ်ချင်းတွေဖြစ်ပေမဲ့ညီအစ်ကိုလိုပဲရင်းနှီးချစ်ခင်ကြတဲ့ အဆိုတော်တွေပါ။ ပုံအောက်မှာလည်းပရိသတ်တွေက စစ်တပ်ထဲပြန်ရောက်ရင်ဂရုစိုက်ဖို့ မှာထားတာ ကိုမြင်တွေ့ရပါတယ်။Taecyeon ကိုသတိရတယ်ဆိုတဲ့အကြောင်းကွန်းမန့်တွေလည်း အများကြီးမြင်တွေ့ခဲ့ရပါတယ်။ပုံတင်ပေးလို့ Jun.K ကိုလည်းကျေးဇူးတင်တယ် လို့ပြောထားပါသေးတယ်။