ဝိတ်ချနေပေမဲ့ အချိန်ကြာတဲ့အထိကိုယ်အလေးချိန်မကျသေးတာ ဘာကြောင့်လဲ?

ဝိတ်ချဖို့စပြီဆိုတာနဲ့သင်က အစားလည်းရှောင်မယ်။လေ့ကျင့်ခန်းလည်း လုပ်မယ်ဆိုတာသေချာပါတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြာတဲ့အထိ ဘာမှမထူးခြားပဲကိုယ်အလေးချိန်က မကျသေးဘူးဆိုရင်ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

၁)ပရိုတင်းဓာတ်မလုံလောက်လို့

သင်က၀ိတ်လျှော့မယ်ဆိုပြီးကြက်သား၊တို့ဖူးစတဲ့အသားတွေကိုရှောင်နေပါသလား? အဲ့ဒါကသင်ကိုယ်အလေးချိန်မကျရတဲ့အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ အသားတွေမှာပရိုတင်းဓာတ်ပါဝင်တာကြောင့်လုံးဝမစားပဲမနေရပဲ နည်းနည်းတော့ စားပေးဖို့လိုပါတယ်။အဲ့ဒါမှပရိုတင်းဓာတ်လည်းပြည့်ဝပြီးအာဟာရရှိစေမှာပါ။

၂)တစ်နေကုန်ထိုင်နေမယ်

သင့်ရဲ့ အလုပ်ကတစ်နေကုန်ထိုင်လုပ်ရတဲ့အလုပ်ဆိုရင် သင့်ရဲ့ ကိုယ်အလေးချိန် ကမြန်မြန်မကျနိုင်ပါဘူး။ထိုင်နေရတဲ့အတွက် ဗိုက်မှာတောင်အဆီတွေပိုစုလာနိုင်ပါတယ်။ တစ်နေကုန်မထိုင်ပဲနဲ့ တစ်နာရီခြားတစ်ခါ ၅မိနစ်လောက် လှုပ်ရှားသွားလာပေးပါ။

၃)ရေမသောက်ဖြစ်ဘူး

အစားလည်းလျှော့နေပြီး ရေမသောက်ဖြစ်ဘူးဆိုရင်တော့ ၀ိတ်ကျဖို့မလွယ်ပါဘူး။ ရေဓာတ်မရှိရင် ခန္ဓာကိုယ်ကလည်း မသန့်စင်ပဲဖြစ်တတ်ပါတယ်။ရေများများသောက်ပေးမှရေက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုသန့်စင်ပေးနိုင်မှာပါ။

၎)အိပ်ရေး၀၀မအိပ်ရင်

ကိုယ်အလေးချိန်ကအိပ်စက်တာနဲ့လည်းဆိုင်ပါတယ်။အိပ်ရေးပျက်လေစိတ်ဖိစီးမှုများလေဖြစ်ပြီး ကိုယ်အလေးချိန်တိုးစေပါတယ်။ပုံမှန်အိပ်ချိန်သတ်မှတ်ပြီးအလေ့အကျင့်ပြန်လုပ်ကြည့်ပါ။

၅)စိတ်ဖိစီးမှုများခြင်း

အလုပ်အတွက်၊မိသားစုအတွက်စိတ်ဖိစီးမှုတွေများနေရင် ၀ိတ်ကျဖို့မလွယ်ကူပါဘူး။ စိတ်ဖိစီးမှုများတာက ကိုယ်အလေးချိန်တက်စေလို့သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး စိတ်ဖိစီးမှုပြေပျောက်အောင်လုပ်ပါ။ညဘက်တွေမှာ နာရီဝက်လောက်တရားထိုင်တာမျိုးလုပ်ပါ။

၆)အစားအရမ်းလျှော့နေရင်

ဝိတ်ချဖို့ဆိုပြီးအစားအရမ်းလျှော့နေရင်လည်းဝိတ်မကျနိုင်ပါဘူး။အစားကိုပုံမှန်စားပေးမှ ခန္ဓာကိုယ်ဇီဝလုပ်ဆောင်ချက်တွေမှန်ကန်ပြီး အလေးချိန်ကျစေမှာပါ။တကယ်လို့ ထမင်းဟင်းတွေလျှော့စားရင်တောင်ဟင်းသီးဟင်းရွက်နဲ့အသီးတွေကိုများများစားပေးသင့်ပါတယ်။

939 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.