ဇန်န၀ါရီမှာ ဆိုလိုအယ်လ်ဘမ်အသစ်နဲ့ပြန်လာမယ့် Suzy

နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Suzy က သူမရဲ့ ဆိုလိုအယ်လ်ဘမ် အတွက်ပြင်ဆင်နေပြီလို့ပြည်ပမီဒီယာတွေကနေတစ်ဆင့်သိရပါတယ်။အခုလောလောဆယ်မှာ သူမရဲ့ ဆိုလိုအယ်လ်ဘမ်အတွက်သီချင်းသစ်တွေကိုရွေးချယ်နေတယ်လို့ ရင်းနှီးသူတွေ ကပြောခဲ့ကြပါတယ်။

Suzy က မနှစ်တုန်းက “Yes? No? “ဆိုတဲ့ဆိုလိုအယ်လ်ဘမ်ထွက်ရှိခဲ့ပြီး တစ်နှစ်နီးပါးကြာအောင် ဂီတဘက်မှာအဆက်အသွယ်ပြတ်နေခဲ့တာပါ။ လာမယ့်ဇန်န၀ါရီမှာတော့သူမရဲ့ဆိုလိုအယ်လ်ဘမ်အသစ်ထွက်ရှိမယ်လို့ သိရပါတယ်။

Suzy ရဲ့ အင်တာတိန်းမန့်အေဂျင်စီဖြစ်တဲ့ ဂျေဝိုင်ပီက “Suzyက သူမရဲ့ အယ်လ်ဘမ်အတွက်ပြင်ဆင်မှုတွေလုပ်နေပါပြီ။ဇန်န၀ါရီလမှာထွက်ရှိမှာပါ။ဒါပေမဲ့ ရက်ကိုတော့အတိအကျမသတ်မှတ်ရသေးဘူး”လို့ပြောခဲ့ပါတယ်။

Suzyက အသံလည်းကောင်းသလို သရုပ်ဆောင်လည်းကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်က မင်းသား Lee Jong Suk နဲ့တွဲပြီး “While You Were Sleeping” ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပါတယ်။အချစ်ရေးမှာတော့ မင်းသားလီမင်ဟိုနဲ့နှစ်နှစ်ကျော်လက်တွဲခဲ့ပြီး မကြာသေးခင်က လမ်းခွဲခဲ့ကြတယ်လို့သိရပါတယ်။

 

249 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.