မကြာသေးခင်ကနာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ပက်ခ်ရှင်ဟေးဟာသူမရဲ့ အနုပညာ၊အနာဂတ်၊အချစ်ရေးနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အင်တာဗျူးတစ်ခုလုပ်ခဲ့တယ် လို့သိရပါတယ်။
ပထမဆုံး “သူမဟာ တခြားလူတွေလိုပါပဲ။ အမြဲတမ်းအားအင်တွေပြည့်ဝနေတဲ့လူတစ်ယောက် လည်းမဖြစ်ချင်ပါဘူး။စက်ရုပ်တစ်ခုလိုနေရတာကိုလည်းမကြိုက်ပါဘူး။ သူမက သာမန်လူတွေလိုပဲ ငိုစရာရှိရင်ငိုပြီးဒေါသဖြစ်စရာရှိရင်လည်းဖြစ်ပါတယ်။သူမက ဘားတွေ၊ကလပ်တွေသွားပြီး အရက်သောက်တာလည်းလုပ်ချင်ပါတယ်။ ဒါပေမဲ့သူမလုပ်လို့မရဘူး။မင်းသားတစ်ယောက် ဆိုရင်တော့ဒါတွေလုပ်လို့ရပါတယ်။သူမက မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့် အဲ့ဒါတွေကိုမလုပ်မိဖို့ကိုယ့်ကိုယ်ကိုဆုံးမခဲ့ပါတယ်။သူမက နာမည်ကြီးအနုပညာရှင်တစ်ယောက် ဆိုတာထက် အရည်အချင်းအပြည့်ရှိတဲ့မင်းသားတစ်ယောက်ဖြစ်ချင်ပါတယ်။ပြီးတော့ မင်းသားတစ်ယောက်လိုတင်မဟုတ်ပဲ သူမက အမျိုးသမီးတစ်ယောက်လို လည်းနေချင်ပါသေးတယ်” လို့ပြောခဲ့ပါတယ်။
သူမရဲ့ အချစ်ရေးကိုမေးမြန်းတဲ့အခါမှာတော့ “ငယ်ငယ်တုန်းက သူမရဲ့ မိဘတွေကိုကြည့်ပြီး လက်ထပ်ချင်ခဲ့တဲ့အိပ်မက်တစ်ခုရှိပါတယ်။အလုပ်တွေများလာတော့သူမက တခြားသူတွေအတွက် ကြိုးစားပြီး လုပ်ခဲ့ပါတယ်။အချစ်ရေးမှာလည်း သာမန်လူတွေလိုပါပဲ။ သူမမှာရည်းစားရှိပါတယ်။ ပြီးတော့ ဒါကလူသိရှင်ကြားကြေညာပြီးတွဲဖို့တကယ်မလိုအပ်ဘူးလို့ ထင်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုသာ ခွဲခြားထားဖို့လိုအပ်တယ်လို့ပဲ ထင်ပါတယ်။ ပြီးတော့သူမက ရယ်ပြီး သူမလက်ထပ်တဲ့အခါ ကြေညာပေးမှာပါ”လို့ပြောခဲ့ပါတယ်။