စမတ်ဖုန်းတွေဟာ လူတွေဘဝရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပါ
ပြီ။ အလန်းနာရီ ၊ ဆက်သွယ်မှု ၊ ငွေပေးချေမှု စသဖြင့်မြောက်မြားစွာသော
ကိစ္စတွေမှာ အသုံးဝင်လာတာတွေ့ရပါတယ်။ စမတ်ဖုန်းတွေနဲ့ တွဲသုံးလို့ရ
နိုင်တဲ့ အသေးစားကိရိယာလေးတွေအကြောင်း သင်သိရင် ပိုပြီး
အဆင်ပြေချောမွေ့စေပါလိမ့်မယ်။ ဘယ်လိုကိရိယာလေးတွေလည်းဆိုတာကြည့်ရအောင် !
Game Controller
Gamer တွေ အကြိုက်တွေ့ပြီပေါ့။ ဒီ Game Controllerလေးက
သင့်ဖုန်းထဲက ရန်သူတွေကိုတိုက်ခိုက်ရာမှာ ကူညီပေးနိုင်တယ်တဲ့။
Arcade Game Set
တကယ်ကိုချစ်စရာ ဂိမ်းစက်ပုံစံလေးပါ။
၁၉၈ဝခုနှစ်စတိုင်လ် ထုတ်လုပ်ထားပြီး iPad တို့ Ipod touch ထည့်ပြီး
စက်ကစားလို့ရနိုင်ပါတယ်။
Digital Highlighter
ဒါလေးကတော့ Digital Highlighterတဲ့ ။ အပြင်က Highlighter ထက်
တောင် ပိုသုံးလို့ကောင်းတယ်လို့သိရပါတယ်။
Activity Tracker
Activity Tracker လေးဟာ ရင်ထိုးပုံစံလေးလိုပဲ။ သူ့ရဲ့စွမ်းဆောင်ရည်က
တစ်နေ့လုံးသင့်ကို လန်းဆန်းတက်ကြွနေအောင် ပြုလုပ်ပေးနိုင်ပါတယ်။
မိုက်တယ်နော် !
Projector
စမတ်ဖုန်း ပရိုဂျက်တာလေးဖြစ်ပါတယ်။ တကယ်ကိုအမိုက်စားပါပဲ။
screen ကြီးကြီးနဲ့ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
ရုပ်ရှင်ရုံမှာကြည့်နေရသလို ခံစားရမှာဖြစ်ပြီး သင့်ရဲ့စမတ်ဖုန်းလေးနဲ့
ချိတ်ဆက်လိုက်ရုံပါပဲ။
Alcohol Checker
ဒီစက်ကို ရဲတွေသာမက သာမန်ပြည်သူတွေအနေနဲ့လည်းဆောင်ထား
သင့်ပါတယ်။ ကိုယ်သောက်တာ ဘယ်လောက်ရှိနေပြီလဲဆိုတာ စစ်ဆေးပြီး
ချင့်ချိန်လို့ရတာပေါ့။ အန္တရာယ်ဖြစ်စရာလည်းမလိုတော့ဘူး။
Skin Moisture Checker
သင့်အရေပြားရဲ့ အစိုဓာတ်ကိုစစ်ဆေးတဲ့စက်လေးပါ။ လွယ်လွယ်လေးပါ။
စမတ်ဖုန်းမှာ ထိုစက်လေးကိုတပ်လိုက်ပြီး အရေပြားကိုထိလိုက်ရုံနဲ့
သင့်အသားရေမှာ အစိုဓာတ်ဘယ်လောက်ရှိလဲသိနိုင်မှာဖြစ်ပါတယ်။
Smartphone with keyboard projector
keyboard projector က စမတ်ဖုန်း ကိရိယာစက်ရုံတွေမှာ
လူကြိုက်များနေတဲ့ ပစ္စည်းဖြစ်ပါတယ်။ တချို့စက်ရုံတွေက
ဖုန်းနဲ့ပိုသုံးလို့အဆင်ပြေအောင် နည်းပညာတိုးမြင့်ပြီး ထပ်တီထွင်နေတယ်လို့သိရပါတယ်။