မျက်နှာ (သို့) ငါး ?
မျက်နှာ – သင်ဟာ လူမှုဆက်ဆံရေးအလွန်ဝင်ဆံ့ပြီး စကားပြောသိပ်ကောင်း
သူဖြစ်ပါတယ်။ လူတွေရဲ့နေထိုင်မှုနဲ့ပတ်သတ်ပြီး အမြဲစူးစမ်းလိုစိတ်ရှိတယ်။
နေ့စဉ်တာဝန်တွေကိုဖြေရှင်းနိုင်တဲ့ ဥာဏ်ရည်အလုံလောက်သင့်မှာပိုင်ဆိုင်
ထားပါတယ်။
ငါး – ကိုယ့်ဘဝကိုယ် ကျေနပ်နေသူဖြစ်ပါတယ်။ ကံတရားဆိုတာကို
ယုံကြည်လက်ခံထားသူဖြစ်ပါတယ်။ သင်စီစဉ်ထားတာတွေဖြစ်မလာဘူးဆို
ရင်တောင် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အဆင်ပြေအောင်လုပ်ဆောင်
နိုင်သူဖြစ်ပါတယ်။
သော့ပေါက် (သို့) ငိုနေတဲ့ပုံစံ ?
သော့ပေါက် – သင်ဟာ အလွန်စိတ်ဓာတ်ပြင်းထန်သူဖြစ်ပြီး
တစ်ခါမှမကြုံဖူးတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
ငိုနေတဲ့ ပုံစံ – သင်ဟာ ကိုယ့်စိတ်အခြေအနေကိုယ်မထိန်းထားနိုင်သူဖြစ်ပါ
တယ်။ ဝမ်းနည်း၊ စိတ်ပျက်၊ အထီးကျန်သလို မကြာခဏခံစားနေရပါလိမ့်
မယ်။ ကိုယ့်ခံစားချက်ကိုယ် ထိန်းသိမ်းနိုင်အောင်ကြိုးစားရပါလိမ့်မယ်။
အနည်းငယ်ဟနေတဲ့ တံခါး (သို့) တေးဂီတ နုတ်ပုံစံ ?
အနည်းငယ်ဟနေတဲ့ တံခါး – သင်ဟာ အပြောင်းလဲကို မကြောက်သူဖြစ်
ပါတယ်။ မှန်တယ်ထင်ရင် ချက်ချင်းထလုပ်တတ်တဲ့ အကျင့်ရှိပါတယ်။
အချိန်ဆွဲနေတဲ့ လူစားမျိုးထဲမှာ သင်မမှာဘူး။
တေးဂီတ နုတ်ပုံစံ – သင့်ရဲ့ဖန်တီးမှုတွေကို ဖွင့်ထုတ်ပြဖို့အချိန်တန်နေပါပြီ။
သင့်မှာရှိတဲ့ အရည်အချင်းတွေကို လူတွေရှေ့ထုတ်ပြဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။
တိုင်(သို့) လူ ?
တိုင် – တစ်ခါတစ်လေ သင်ဟာ comfort zone ကထွက်ဖို့ကို ဝန်လေးနေ
သလို၊ သင်လိုချင်တဲ့ ပန်းတိုင်ကိုလည်းအရောက်သွားချင်နေတယ်။
ကမ္ဘာကြီးကို မတူညီတဲ့အတွေးတစ်မျိုးနဲ့ မြင်အောင်ကြည့်ပါ။ တိုင် ရဲ့
အဓိပ္ပာယ်က သင်ဟာ စိတ်ကူးယဉ်သမား၊ ရိုမန်တစ်ဆန်တယ်လို့
ဖော်ပြနေပါတယ်။
လူ– လူ့လောက ဘောင်အတွင်းသတ်မှတ်ချက်တွေဆီက လွတ်မြောက်
အောင် ကြိုးစားနေသူဖြစ်ပါတယ်။ သင်ဟာ အမှီခိုကင်းကင်း၊ လွတ်လပ်စွာ
ပျံသန်းချင်တဲ့ ငှက်ကလေးလိုပါပဲ။ စိတ်ဓာတ်ပြင်းထန်တာကြောင့်
လိုချင်တာရှိရင် ရအောင်ကြိုးစားပါတယ်။ စိတ်ထိခိုက်လွယ်ပြီး
ကြင်နာတတ်တဲ့ လူမျိုးပါ။ အခြားလူတွေအကူညီလာတောင်းရင်
ကူညီဖို့အသင့်ရှိနေသူပါ။
ယောက်ျား (သို့) မိန်းမ ?
ယောက်ျား – သင်ဟာမိန်းကလေးဆိုရင် ကြည်နူးစရာကောင်းတဲ့ ချစ်သူ
ဘဝကို ပိုင်ဆိုင်ချင်သူဖြစ်ပါတယ်..သင့်မှာပိုင်ဆိုင်ပြီးသားလူရှိနေပြီဆိုလည်း
သူနဲ့ပတ်သတ်ပြီး အားမလို အားမရဖြစ်နေတတ်ပါတယ်။ သင်ဟာ
ယောက်ျားလေးဆိုရင်တော့ ပြဿနာအချို့ကြောင့် စိတ်ရှုပ်နေရပြီး
အခြားလူကြောင့် သွေးကွဲတာမျိုးတွေဖြစ်တတ်ပါတယ်။
မိန်းမ – မိန်းကလေးဆိုရင် အနေထိုင်ယဉ်ကျေးပြီး ဘဝကိုဟန်ချက်ညီညီ
နေထိုင်တတ်တဲ့လူဖြစ်ပါတယ်။ ယောက်ျားလေးဆိုရင်တော့ မိန်းကလေး
တွေကို တန်ဖိုးထား ၊ တလေးတစားဆက်ဆံတတ်ပါတယ်။
ဒီစမ်းသပ်ချက်ဟာ လူတွေဆီမှာတွေ့ရတတ်တဲ့ ဓလေ့စရိုက်ကိုအခြေခံထား
ပြီး ဖော်ပြထားတဲ့အချက်တွေဖြစ်ပါတယ်။ အနည်းငယ်လွဲမှားမှုတော့ရှိနေပါလိမ့်မယ်။